သူငယ်ချင်းတွေ အတူတူ နုပျိုမှုတွေနဲ့အသက်ကြီးရအောင်။

မိန်းမသားတို့ရေ…

           သိပ်ချစ်ကြတဲ့သူငယ်ချင်းအုပ်စုလေးတွေတိုင်းမှာ “ အသက်အတူတူကြီးကြမယ်” ဆိုတဲ့ ချစ်စရာစိတ် ကူးလေးတွေ ရှိတတ်ကြပါတယ်။ အဲ့ဒီစိတ်ကူးလေးတွေကို အနှောင့်အယှက်ပေးလာတာက အသက်သုံးဆယ် ကျော်အရွယ်မှာ စတင်လာတဲ့ ပြောင်းလဲမှုတွေပါပဲ။ ဘာတွေပြောင်းလဲလာလဲဆိုတော့…

၁။ အသားအရေကြည်လင်မှုလျော့နည်းလာခြင်း

          အသားအရေရဲ့ဆဲလ်လုပ်ဆောင်ချက်တွေ နှေးကွေးလာတဲ့အတွက် ဆဲလ်သစ်မွေးဖွားမှုနှုန်းလည်း လျော့ကျလာပါတယ်။ ဆဲလ်သေတွေဟာ မျက်နှာအသားအရေအပေါ် စုပုံလာပြီး အသားအရေရဲ့ ဝင်းလက် တောက်ပမှုကို ဟန့်တားထားလိုက်ပါတယ်။

၂။ အသားအရေခြောက်သွေ့ခြင်း

          ဆဲလ်ပြဿနာတွေကြောင့် အသားအရေရဲ့ထိပ်ဆုံးအလွှာဟာ အစိုဓာတ်ရဖို့ခက်ခဲသွားတာကြောင့် ခြောက်သွေ့လာတာဖြစ်ပါတယ်။

၃။ မျက်နှာတင်းတင်းလေးမဖြစ်တော့ခြင်း

          ဆဲလ်တွေရဲ့လုပ်ဆောင်ချက်နှေးကွေးသွားခြင်းနဲ့အတူ အသားအရေအတွက် အရေးကြီးဆုံး ပရိုတင်း ဓာတ်တွေဖြစ်တဲ့ ကော်လာဂျင်နဲ့ elastin တွေ ပျက်စီးမှု ပိုမြန်လာပြီး ထုတ်လုပ်မှုကတော့ လျော့နည်းသွားပါ တယ်။ နဖူးပေါ်က အရေးအကြောင်းတွေ၊ ကျီးခြေရာလို့ခေါ်တဲ့ မျက်လုံးထောင့် အရေးအကြောင်းတွေ၊ မေးရိုးတစ်ဝိုက် နဲ့ မျက်လုံး အောက် အသားအရေတွေ တွဲလာတာတွေဟာ သုံးဆယ်ကျော်လာရင် ကြုံရမယ့် ပြောင်းလဲမှုတွေပါပဲ။

၎။ ဝက်ခြံတွေထွက်လာခြင်း

          ရေဓာတ်နဲ့အစိုဓာတ်တွေခမ်းခြောက်ပြီး အသားအရေခြောက်သွေ့လာတဲ့အတွက် ဝက်ခြံတွေထွက်ပြီး ပြန်ပျောက်ဖို့လည်း ပိုခက်လာပါတယ်။ ဝက်ခြံအမာရွတ်တွေလဲ ပိုမိုများလာတတ်ပါတယ်။

၅။ အသားအရေပိုထိခိုက်လွယ်လာခြင်း

          အစိုဓာတ်နည်းလာတဲ့အသားအရေဟာ ပြင်ပရာသီဥတုအပြောင်းအလဲဒဏ်ကို ခံနိုင်ရည်နည်းလာပြီး ပိုထိခိုက်လွယ်လာပါတယ်။

၆။ မျက်နှာပေါ် အမည်းစက်တွေထွက်လာခြင်း

          နေရောင်ခြည်ကို ခံနိုင်ရည်အားလျော့နည်းလာတဲ့လက္ခဏာတစ်ရပ်ဖြစ်ပြီး အမည်းစက်တွေ၊ တင်း တိပ်တွေအထိ ဖြစ်လာနိုင်ပါတယ်။ 

          အထက်ပါပြောင်းလဲမှုတွေဟာ အိုမင်းမှုဆီစတင်ဦးတည်လာတဲ့ ခြေလှမ်းတွေပါပဲ။ အသက်သုံးဆယ် ကျော်လာတဲ့အခါ တချို့တွေက နုပျိုပြီး တချို့တွေက မြန်မြန်အရွယ်ကျတာဟာ ဂရုစိုက်ခြင်း၊ မစိုက်ခြင်းအပေါ် မူတည်သွားတာပါ။ တကယ်တော့ အဲ့ဒီလို ဆဲလ်လုပ်ဆောင်ချက်တွေနှေးကွေးလာချိန်မှာ ဆဲလ်သစ်တွေ ပြန် မွေးဖွားပေးမယ့် Cellular filler formula ပါပြီး အသားအရေရဲ့ ကိုယ်ပိုင်ကော်လာဂျင်တွေ ပိုထွက်လာအောင် တိုးမြှင့်ပေးတဲ့ NIVEA Hyaluron Cellular Day Cream နဲ့ NIVEA Hyaluron Cellular Night Cream ဆိုရင် ပုံမှန်လိမ်းပေးရင် အရေးအကြောင်းတွေနဲ့ အိုမင်းမှုကို ဆန့်ကျင်ပြီး အသားအရေအတွက် လိုအပ်တဲ့ အစိုဓာတ်ကို ရရှိနိုင်ပါတယ်။ အဲ့ဒီဂရုစိုက်မှုတွေနဲ့ နုပျိုမှုရဲ့စွမ်းပကားကို ချက်ချင်းသာမက ရေရှည်ပါ ရယူပိုင်ဆိုင်နိုင်ပါတယ်။

 

          ဒီနည်းလေးကို သိထားရင်တော့ အသက်သုံးဆယ်ကျော်လည်း အိုမင်းမှုတွေမြန်မြန်ရောက်လာမှာ ပူ စရာမလိုတော့ပါဘူး။ သူငယ်ချင်းတွေအားလုံး နုပျိုမှုတွေနဲ့ အတူတူအသက်ကြီးရအောင် သင့်အချစ်ဆုံးသူ ငယ်ချင်းလေးတွေကိုလည်း mention ခေါ်ပြီး မျှဝေပေးလိုက်ပါဦးနော်။

           စာချစ်သူမိန်းမသားများ အသားအရေထိန်းသိမ်းမှုဆိုင်ရာ ဗဟုသုတလေးတွေ ရရှိစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ NIVEA Hyaluron Cellular တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။