အမျိုးသားတွေကို အရွယ်တင်နုပျိုစေမယ့် လျှို့ဝှက်ချက်များ

blank

          ဇရာဆိုတာ သဘာဝတရားတစ်ခုဖြစ်ပေမဲ့ အရွယ်တူချင်းကြားမှာ တခြားသူတွေထက် ပိုနုပျိုနေတဲ့သူ တွေကိုတော့ အားလုံးရဲ့ပတ်ဝန်းကျင်မှာ တွေ့မြင်ဖူးကြမှာပါ။ သူတို့တွေဘာကြောင့် နုပျိုနေကြတာလဲ။ ဒီတစ် ပတ်တော့ ကျန်းမာပြီး အရွယ်တင်နုပျိုနေတဲ့အမျိုးသားတွေရဲ့လျှို့ဝှက်ချက်လေးတွေကို မျှဝေပေးလိုက်ပါတယ် နော်။

၁။ ကျန်းမာရေးနဲ့ညီညွှတ်ပြီး အာဟာရဓာတ်စုံလင်ညီမျှအောင် စားသောက်ပါ။

အဆီ၊ အငန်နဲ့ ကိုယ်လက်စထရောများတဲ့ အစားအစာတွေကို လျှော့စားပါ။ ဟင်းသီးဟင်းရွက် စားပါ။ သစ်သီးဖျော်ရည်သောက်ပါ။ အစေ့အဆန်နဲ့အမျှင်ဓာတ်တွေက ကင်ဆာ၊ နှလုံးနဲ့ ဆီးချိုရောဂါတွေကိုကာကွယ် ပေးပြီး ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်။

၂။ လှုပ်လှုပ်ရှားရှားနေပါ။

လေ့ကျင့်ခန်းအတွက် တစ်ရက်ကို အချိန် မိနစ် ၃ဝ ပေးနိုင်ဖို့ ကြိုးစားပါ။ လမ်းလျှောက်ပါ။ ရေကူးပါ။ အနည်းဆုံးတော့ ခြံရှင်းတာ၊ မြက်ရိတ်တာဖြစ်ဖြစ် ၁ဝ မိနစ်ခန့်တော့ ချွေးထွက်အောင် လှုပ်ရှားပါ။

၃။ ကိုယ်အလေးချိန်ထိန်းပါ။

လေးလံတဲ့ခန္ဓာကိုယ်အလေးချိန်ကို သယ်ဆောင်ရခြင်းက နှလုံးကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါ ကြောင့် ဝိတ်မတက်အောင် ထိန်းထားပါ။

၎။ ဆေးလိပ်ရှောင်ပါ။

ဆေးလိပ်သောက်ခြင်းက သွေးဖိအားကို မြင့်တက်စေသလို နှလုံးရောဂါ၊ အဆုတ်ပြဿနာတွေနဲ့ တ ခြားသော ကျန်းမာရေးပြဿနာတွေကို ဖြစ်စေပါတယ်။

၅။ ဇနီးသည်အပေါ် သစ္စာရှိပါ။

အပျော်အပါးကိစ္စက ရောဂါကူးစက်မှုဖြစ်စေနိုင်ပါတယ်။

၆။ ကားမောင်းရင်ခါးပတ်ပတ်ပါ။

ခါးပတ်ပတ်ခြင်းက အသက်အန္တရာယ်ကို ကာကွယ်ပေးပါတယ်။ ကားမောင်းရင်း ဖုန်းသုံးတာ၊ တခြား အီလက်ထရောနစ်ပစ္စည်းတွေသုံးတာလည်း ရှောင်ပါ။

၇။ ဘာပဲလုပ်လုပ် လုံခြုံစိတ်ချရဖို့ စဉ်းစားပါ။

မနိုင်တဲ့အလေးအပင်တွေကို တစ်ယောက်တည်းမ,မပါနဲ့။  ဆိုင်ကယ်စီးရင် ဦးထုပ်ဆောင်းပါ။ နေပူထဲ ထွက်ရင် SPF 15 ရှိတဲ့ sunscreen လိမ်းပါ။

၈။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။

စိတ်ဖိစီးမှုတွေက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေကို ထိခိုက်စေပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်ဖိ စီးနေတဲ့လက္ခဏာရပ်တွေသတိထားမိတာနဲ့ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာ၊ အနှိပ်ခံတာမျိုးတွေနဲ့ ဖြေ လျှော့ဖို့ ကြိုးစားသင့်ပါတယ်။

၉။ ဗီတာမင်အားဆေးမှီဝဲပါ။

တစ်နေ့တာကုန်ခန်းသွားတဲ့အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့ ဗီတာမင်အားဆေးကို နေ့စဉ်မှီဝဲပေး ပါ။

သင်ကော အရွယ်တင်နုပျိုကျန်းမာဖို့ ဘာလေးတွေ လုပ်ဖြစ်လဲ။

စာချစ်သူများ ကျန်းမာရေးဗဟုသုတရစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Revicon အားဆေး တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။