အသက်အရွယ်အလိုက် စိန်ထည်လက်ဝတ်ရတနာဆိုင်ရာအကြံပြုချက်များ

blank

အန်တီ၊ မမနဲ့ ညီမလေးတို့ရေ…

မိန်းကလေးဆိုတာ ပျိုပျိုအိုအို ငယ်ငယ်ရွယ်ရွယ် ဖက်ရှင်ကိုစိတ်ဝင်စားကြတယ်မဟုတ်လား။ အဝတ်အစားအစ၊ လက်ဝတ်ရတနာအလယ်၊ ဖိနပ်အဆုံး ဖက်ရှင်ကျကျဝတ်ဆင်နိုင်မယ့် နည်းလမ်းတွေကို စိတ်ဝင်စားတတ်ကြတာကလည်း ကျွန်မတို့ မိန်းမသားတွေပါပဲ။ ဒီသီတင်းကျွတ်မှာ ပွဲလမ်းသဘင်တွေ ဆင်နွှဲတဲ့အခါမှာ အလှဆုံးဖက်ရှင်နဲ့ အလန်းဆုံးဖြစ်နေဖို့အတွက် အသက်အရွယ်အလိုက် လက်ဝတ်ရတနာဆိုင်ရာ အကြံပြုချက်လေးတွေကို ဂန္ထဝင်စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။

ဆယ်ကျော်သက်အရွယ်ခေးလေးတွေအနေနဲ့…

အမေ့ရဲ့ လက်ဝတ်လက်စားလေးတွေကို ဝတ်သွားတာက ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်က ငယ်ငယ်လေးဆိုရင် အမေ့အရွယ်နဲ့ လိုက်တဲ့လက်ဝတ်လက်စားဖြစ်နေတော့ သူငယ်ချင်းတွေကြားမှာ ဂွမ်းရော။ မမရဲ့လက်ဝတ်လက်စားတွေက သွက်လက်နေတဲ့ ဆယ်ကျော်သက်အရွယ်လေးနဲ့ဆိုတော့ ကြည့်ရတာ မမိုက်ဘူးဖြစ်ပြန်ရော…။

ဆယ်ကျော်သက်အရွယ် မိန်းကလေးတွေအနေနဲ့ အသည်းပုံလို၊ ကြယ်ကလေးတွေလို၊ လိပ်ပြာလေးတွေလို ပေါ့ပေါ့ပါးပါးအသွင်ဆောင်တဲ့ စိန်ထည်လေးတွေကို ရွေးချယ်ပါ။ သွက်လက်နေတဲ့ ရုပ်သွင်ကို ပံ့ပိုးပေးနိုင်ဖို့အတွက် မသေးလွန်း၊ မကြီးလွန်းတဲ့ စိန်သေးသေးလေးတွေက အကောင်းဆုံးပါ။ လက်ကောက်တွေဝတ်မယ့်အစား ဟန်းချိန်းလေးတွေ၊ ဆွဲကြိုးလေးတွေ၊ လက်စွပ်သေးသေးလေးတွေဟာ ခေးလေးတွေနဲ့ သိပ်လိုက်တာပေါ့…။

မမတွေအနေနဲ့…

အလုပ်အကိုင်တွေနဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်နေပြီ။ ပတ်ဝန်းကျင်ကလည်း လေးလေးစားစားဆက်ဆံတာကို ရရှိခံစားနေပြီ။ မမတို့ဝတ်မယ့် လက်ဝတ်ရတနာလေးတွေက ကလက်လို့မရတော့သလို တည်ငြိမ်လွန်းရင်လည်း အန်းဒိတ်အန်တီကြီးလို့ အခေါ်ခံရမှာပေါ့။

ဒီအရွယ်မှာဆို သဘာဝဆန်တဲ့ အရောင်လေးတွေက ပိုပြီးတည်ငြိမ်စေပါတယ်။ အဖြူရောင်နဲ့ ငွေရောင်စိန်ထည်ရတနာလေးတွေကို ရွေးချယ်ပါ။ ရုံးတက်အတွက် ဆွဲကြိုးဝတ်ဆင်တဲ့အခါ လည်ပင်းနဲ့ ကွက်တိကပ်နေတဲ့ ကြိုးမျှင်မျှင်လေးတွေ၊ စိန်ပါးပါးလေးနဲ့ လည်ဆွဲလေးတွေက မမတွေနဲ့သိပ်လိုက်ဖက်တာပေါ့။ ပွဲတက်အတွက်ဆိုရင်တော့ ရောင်စုံလည်ဆွဲလေးတွေ၊ နှစ်ရောင်စပ်နားကပ်လေးတွေကို ရွေးချယ်ပါ။

အန်တီလေးတွေ၊ အန်တီကြီးတွေအနေနဲ့…

ခပ်ကြီးကြီး စိန်ထည်တွေကို ရွေးချယ်သင့်ပါတယ်။ စိန်ထည်လေးတွေကို ရွေးချယ်တဲ့နေရာမှာလည်း နှစ်တန်းသွားပုံစံဒီဇိုင်းလေးတွေက ခန့်ခန့်ထည်ထည်နဲ့ သိပ်ကိုလှပစေမှာပေါ့။
ဘယ်လိုအသက်အရွယ် အပိုင်းအခြားကိုပဲဖြစ်ဖြစ် ကိုယ်နဲ့လိုက်ဖက်တဲ့ ဒီဇိုင်းလေးတွေကို ရွေးချယ်ဝတ်ဆင်နိုင်မယ်ဆိုရင် ငွေသုံးတာချင်းတူရင်တောင် ပိုပြီးဆွဲဆောင်မှုရှိနေမှာကတော့ အသေအချာပါပဲ။

ဒီသီတင်းကျွတ်မှာ သင့်ရဲ့အလှတရားတွေကို အကောင်းဆုံးပံ့ပိုးပေးနိုင်ဖို့ စိန်ထည်လက်ဝတ်ရတနာလေးတွေကို ရွေးချယ်ဝယ်ယူချင်တယ်ဆိုရင် တော်ဝင်စိန်တိုက်ရှိပါတယ်နော်။ သီတင်းကျွတ်ဈေးရောင်းပွဲတော်အနေနဲ့ လက်ဝတ်ရတနာဒီဇိုင်း မျိုးစုံကို ဝယ်ယူနိုင်တဲ့အပြင် ၂ဝ၂ဝ ခုနှစ်အကြို “2019 Diamond Jewellery Sale” ကြီးကို ကျင်းပဖို့လည်း ရှိပါတယ်။

Royal Diamond Showroom အသစ်ကြီးမှာ Italy, Hong Kong, Bangkok designs တွေ၊ Royal Limited Edition designs တွေ၊ GIA HRD တစ်ပွင့်စိန်တွေကို ခင်းကျင်းပြသသွားမှာဖြစ်တာကြောင့် နိုင်ငံတကာစိန်ပြပွဲကြီးကိုရောက်သွားသလို ခံစားရမှာပါနော်။
ပြည်သူချစ်အနုပညာရှင်တွေလည်း လာဦးမယ်။ ဗလာမပါကံစမ်းမဲတွေလည်း ဖောက်ပေးသွားမယ်ဆိုတော့ ရင်ခုန်စရာကြီးပေါ့။ လက်ဝတ်ရတနာဒီဇိုင်းအဆန်းတွေကို ရင်ခုန်ဖို့ တော်ဝင်စိန်တိုက်ကို ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေနော်။

စာချစ်သူတို့ရဲ့ ဗဟုသုတအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ တော်ဝင်စိန်တိုက်တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။