အမျိုးသမီးတွေအနေနဲ့ ဘာကြောင့်စိန်ဝယ်သင့်တာလဲ။

blank

“လက်ဝတ်ရတနာလေးတွေကို သဘောကျတတ်တာ၊ စုဆောင်းတတ်ကြတာက မိန်းကလေးတွေရဲ့ သဘာဝ” တဲ့။ မြန်မာအမျိုးသမီးအများစုဟာ ပွဲလမ်းသဘင်တွေ၊ မင်္ဂလာပွဲတွေ သွားရောက်တဲ့အခါမှာ လက်ဝတ်လက်စားလေးတွေကို ဝတ်ဆင်ကြပါတယ်။ အိမ်တိုင်းအိမ်တိုင်းမှာ အစဉ်အဆက်ဆက်ခံခဲ့ကြတဲ့ လက်ဝတ်လက်စားဘူးလေးတစ်ဘူးတော့ ရှိတတ်ကြတာပဲ မဟုတ်လား။ သင်အနေနဲ့ အဲ့ဒီသေတ္တာလေးထဲမှာ စိန်ထည်လေးတွေပါအောင် စုဆောင်းသင့်တဲ့အကြောင်းအရင်းပေါင်းများစွာရှိပါတယ်။

စိန်ထည်လေးတွေဟာ သင့်ရဲ့ကိုယ်ကိုယ့်ကိုယ်ယုံကြည်မှုကို တိုးမြှင့်ပေးနိုင်သလို စိတ်ပိုင်းဆိုင်ရာကိုလည်း ကြံ့ခိုင်စေပါတယ်။ ကျန်းမာရေးကောင်းကျိုးတွေလည်း ရှိနေတယ်။
စိန်ထည်တွေဟာ ဘယ်လိုအခမ်းအနားမျိုးနဲ့မဆို လိုက်ဖက်ပြီး အရွယ်မရွေးနဲ့ သင့်တော်ပါတယ်။
စိန်ထည်တွေဟာ တော်ရုံတန်ရုံဈေးနှုန်းနဲ့လည်း မရတဲ့အတွက် စိန်ထည်ဝယ်ဖို့စုဆောင်းရင်း အသေးအဖွဲလေးတွေကို မဝယ်မိအောင်၊ လိုချင်တဲ့အရာကိုရဖို့ တစိုက်မတ်မတ်ကြိုးစားချင်တဲ့ စိတ်ကို တိုးမြှင့်ပေးနိုင်တယ်။ အမှတ်တရကောင်းတွေကို ဖန်တီးပေးနိုင်တယ်။ ဒါ့ကြောင့်မိန်းကလေးတစ်ယောက်အတွက် စိန်စုခြင်းဟာ ကောင်းတဲ့ရင်းနှီးမြှပ်နှံခြင်းလို့ ဆိုကြတာပေါ့။ ဒါပေမဲ့ စိန်ဝယ်တော့မယ်ဆိုရင် သတိထားရမယ့် အရာလေးတွေတော့ ရှိပါတယ်။

စိန်ထည်ရဲ့ အရည်အသွေးနဲ့ ဝယ်မယ့်ဆိုင်ရာ သတင်းအချက်အလက်တွေကို ကောင်းကောင်းသိအောင် စုံစမ်းပါ။ ကောင်းသတင်းနဲ့ ကျော်ဇောတဲ့ စိန်တိုက်တွေဟာ မိမိဆိုင်ရဲ့ အရည်အသွေးနဲ့ ဈေးနှုန်းမှန်ကန်မှုကို အပြည့်အဝတာဝန်ယူတတ်တာကြောင့် စိတ်ချလက်ချဝယ်လို့ရပါတယ်။

မိမိသုံးမယ့်ဘတ်ဂျက်နဲ့ကိုက်ညီတဲ့ လက်ဝတ်ရတနာတွေကို သေချာ လေ့လာပါ။ လက်ဝတ်ရတနာရဲ့ ဒီဇိုင်းနဲ့ အရည်အသွေးအပိုင်းတွေ၊ အလေးချိန်တွေကို ကောင်းကောင်းနားလည်အောင်လုပ်ပါ။
စိန်ထည်တွေကို ဝယ်ပြီးသွားတဲ့အခါ မပျက်စီးအောင် ထိန်းသိမ်းနိုင်မယ့် နည်းလမ်းတွေကို သိအောင်လုပ်ပါ။
အခုနောက်ပိုင်းမှာ လက်ဝတ်ရတနာတွေ ပြိုးပြိုးပျက်ပျက်ဝတ်ဆင်ကြတာမျိုး နည်းလာပြီး စိန်ထည်လေးတွေကို ရိုးရိုးယဉ်ယဉ် ဝတ်ဆင်လာကြပါတယ်။ “အရိုးဆုံးက အဆန်းဆုံး” ဆိုသလိုပဲ စိန်ထည်လေးတွေဟာ ဘယ်အချိန်မှာမှ ရိုးအီမသွားပါဘူး။ ဒါ့ကြောင့် ရတနာချစ်သူ မိန်းကလေးတစ်ယောက်အနေနဲ့ ပွဲလည်တင့်နိုင်ဖို့အတွက် စိန်ထည်လေးတွေ စုဆောင်းထားသင့်တာပေါ့။

ရွှေမန္တလေးမှာ နှစ်ပေါင်း (၃ဝ) ကျော်ကြာ နာမည်သတင်းကြီးနေခဲ့၊ ကြီးနေဆဲဖြစ်တဲ့ တော်ဝင်စိန်တိုက်မှာဆိုရင် ပျိုမေတို့ရဲ့ အလှတရားကိုပိုမိုတောက်ပအောင် ကူညီပေးနိုင်မှာ အသေအချာပါပဲ။ အရည်အသွေးအတွက် စိတ်ချရပြီး ဖော်ရွေပျူငှာတဲ့ အရောင်းဝန်ထမ်းတွေက သိလိုသမျှကို စိတ်ရှည်စွာရှင်းပြဦးမှာနော်။ နောင်တစ်ချိန်မှာ ဝယ်ဖို့ အခုလေ့လာချင်တယ်ဆိုရင်လည်း လာရောက်ခဲ့ဖို့ နွေးထွေးစွာဖိတ်ခေါ်လျက်ပါနော်။

အောက်တိုဘာလဆန်းမှာ ၂ဝ၂ဝ ခုနှစ်အကြို “2019 Diamond Jewellery Sale”ကြီးကို ကျင်းပဖို့လည်း ရှိတယ်တဲ့ စိန်ချစ်သူတို့ရေ…။ Royal Diamond Showroom အသစ်ကြီးမှာ Italy , Hong Kong , Bangkok designs တွေ၊ Royal Limited Edition designs တွေ၊ GIA HRD တစ်ပွင့်စိန်တွေကို ခင်းကျင်းပြသမှာဖြစ်တာကြောင့် နိုင်ငံတကာစိန်ပြပွဲကြီးကိုရောက်သွားသလို ခံစားရမှာပါနော်။

ပြည်သူ့ချစ်အနုပညာရှင်တွေလည်း လာဦးမယ်၊ ဗလာမပါကံစမ်းမဲတွေလည်း ဖောက်ပေးသွားမယ်ဆိုတော့ ရင်ခုန်စရာကြီးပေါ့။ လက်ဝတ်ရတနာဒီဇိုင်းအဆန်းတွေကို ရင်ခုန်ဖို့ တော်ဝင်စိန်တိုက်ကို ကြွလှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေနော်။

စာချစ်သူတို့ရဲ့ ဗဟုသုတအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ တော်ဝင်စိန်တိုက်တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။