ရာသီစက်ဝန်းကာလမှာ ဒရာမာဆန်သွားတတ်တဲ့ ပျိုပျိုမေလေးတွေဖတ်ဖို့

blank
  •  ချစ်သူကပြောတယ် “ချစ်ကိုနားမလည်တော့ဘူးကွာ” တဲ့။
  • သူငယ်ချင်းတွေကပြောတယ် “ခုတစ်မျိုးတော်ကြာတစ်မျိုးနဲ့ အမျိုးမျိုးရစ်နေတယ်” တဲ့။
  • မိသားစုဝင်တွေက “တငိုငို တရယ်ရယ်ဖြစ်လိုက်။ ဒေါသထွက်လိုက်နဲ့ ငါတို့ကို ဘာထင်နေလို့လဲ” တဲ့။

ကိုယ်ကိုယ်ကိုယ်လည်း ဘာဖြစ်နေလို့ ဖြစ်နေမှန်းမသိ ဖြစ်နေတယ်။ သေချာတယ် တစ်ခုခုတော့ ဖြစ်နေတယ်။

ဒါတွေဟာ မိန်းကလေးတစ်ယောက် တစ်လတစ်ခါဖြစ်နေကျ ဒရာမာတွေပါ။ ဘယ်သူမှ အကယ်ဒမီ မပေးပေမယ့် အလိုလိုဒရာမာကွင်း ဘဝကို ရောက်သွားရတဲ့ လက်သည်ကတော့ ရာသီစက်ဝန်းဆိုတဲ့ ကာလလေးပေါ့။ ကျွန်မလည်း အရင်ကနားမလည်ခဲ့ဘူး။ တစ်ခါတလေမှာ လောကကြီးကို ဇောက်ထိုးလှန်ပစ်ချင်လောက်အောင် ဒေါသထွက်နေမိတယ်။ ကြောင်လေးက ကိုယ့်နားမကပ်တာကစပြီး ကောင်လေးကဂရုမစိုက်တာလောက်ကို မျက်ရည်ဖြိုင်ဖြိုင်ကျလောက်အောင် ငိုနေမိတယ်။ မြင်မြင်သမျှအရာတိုင်းကို စိတ်တိုင်းမကျဖြစ်နေပြီး သူငယ်ချင်းတွေကို ကတ်ကတ်လန်အောင် ရန်တွေ့နေမိခဲ့တယ်။ နောက်မှာသိလာခဲ့တယ်။ အဲ့ဒါဟာ အမျိုးသမီးတိုင်း ကြုံရတတ်တဲ့ PMS moodswings လို့ခေါ်တဲ့ ရာသီစက်ဝန်းကာလ စိတ်အတက်အကျမြန်ခြင်းဆိုတာကိုပေါ့။

အမျိုးသမီးတွေဟာ ရာသီစက်ဝန်းရဲ့ ၁၄ရက်ကနေ ၂၄ ရက်အတွင်းမှာ PMS ဝေဒနာတွေ ခံစားရတတ်ပါတယ်။

  • အရာရာကို စိတ်ပျက်မယ်။
  • အလိုလိုစိတ်ဓာတ်ကျမယ်။
  • မဖြစ်စလောက်အရာလေးတွေကို စိတ်ပူပန်မယ်။
  • အလိုလိုဝမ်းနည်းနေမယ်။
  • ဒေါသထွက်နေမယ် စတဲ့ ဝေဒနာလေးတွေဟာ အကောင်းကြီးကနေ ဒရာမာကွင်းဘဝရောက်သွားစေတဲ့ အရာလေးတွေပေါ့။ ကိုယ်ကိုယ်တိုင်သတိမထားမိခင်မှာတင် ကိုယ်က ဒရာမာတွေခင်းနေမိတာ အဲ့ဒီစိတ်အတက်အကျတွေကြောင့်ပေါ့။ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်က မျိုးဥကြွေတဲ့အချိန်၊ ရာသီစက်ဝန်းကာလတွေအတွက် ဟော်မုန်းတွေက ပြောင်းလဲပြင်ဆင်ပေးနေတဲ့ အချိန်ဖြစ်တာကြောင့် အဲ့ဒီလို စိတ်ခံစားမှုလေးတွေ ဖြစ်ရတာပေါ့။

အဲ့ဒီလိုဖြစ်နေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်နားလည်ပါ။ အဲ့ဒီခံစားချက်တွေဖြစ်နေတာဟာ estrogen ဟော်မုန်းအတက်အကျကြောင့်ဖြစ်နေတယ်ဆိုတာကို သိပါ။ ကိုယ့်စိတ်ကိုထိန်းချုပ်ဖို့ကြိုးစားတာမျိုး၊ ကိုယ့်ကိုယ်ကိုယ်မုန်းတီးတာမျိုးမလုပ်ပါနဲ့။ ဘာတွေလုပ်ရမလဲ ဆိုတော့…။

သကြားဓာတ်နည်းပြီး မဂ္ဂနီဆီယမ်နဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသောက်ပါ။ အစားအစာတွေကို နည်းနည်းနဲ့ မကြာမကြာစားပါ။ ရေများများသောက်ပါ။ ကဖင်းဓာတ်များတဲ့ အစားအစာတွေ အရက်သေစာ သောက်စားခြင်းရှောင်ကြဉ်ပါ။

ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေလုပ်ပါ။ ယောဂလေ့ကျင့်ခန်းလုပ်ပါ။ တရားထိုင်ပါ။ အိပ်ရေးဝဝအိပ်ပါ။

စိတ်နဲ့ကိုယ်ကို အနားရစေမယ့် နေရာမျိုးမှာနေပါ။ ကိုယ့်ကို အာရုံနောက်စေတဲ့လူတွေ၊ ခေါင်းလာလာစားတတ်တဲ့သူတွေကို ဝေးဝေးရှောင်ပါ။ (ဥပမာ-ဘောစ်တွေလိုပေါ့) ကိုယ်ရစ်ရင်လည်း သည်းခံပြီး ခေါင်းပြန်မခေါက်မယ့်သူတွေနဲ့ ကိုယ့်ကိုယ်ကိုယ်ဝန်းရံထားပါ။ (ဥပမာ-ကိုကို့လိုပေါ့) ရာသီစက်ဝန်းကာလနာကျင်ကိုက်ခဲမှုတွေကို သက်သာစေတဲ့၊ စိတ်အပြောင်းအလဲတွေကို ထိန်းချုပ်နိုင်ဖို့ ကူညီပေးနိုင်တဲ့ Evening Primrose ပါတဲ့ ဖြည့်စွက်အားဆေးတွေကို ပုံမှန်သောက်သုံးပါ။ (ဥပမာ-Eposoft) လိုပေါ့။

ပျိုပျိုမေတိုင်း အကယ်ဒမီမရဘဲ ဒရာမာခင်းခင်းနေရတဲ့ ဒရာမာကွင်းဘဝမှ ကင်းလွတ်နိုင်ကြပါစေနော်။

စာချစ်သူတို့ရဲ့ ကျန်းမာရေးဗဟုသုတနဲ့ ခံစားမှုရသအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Eposoft တို့မှ ပူးပေါင်းစီစဉ်တင်ဆက်သည်။