ရာသီသွေးနှင့် ပျိုမေတို့ကျန်းမာရေး….

blank

ဂန္ထဝင်စာချစ်သူပျိုမေတို့ရေ….။

ရာသီသွေးအနည်းအများ၊ ရက်နီးခြင်း၊ ဝေးခြင်းတွေကနေတဆင့် ကျွန်မတို့ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအခြေအနေကို ခန့်မှန်းလို့ရတယ်တဲ့။ ဒါ့ကြောင့် ပျိုမေတို့ရဲ့ ကျန်းမာရေးအခြေအနေကို ခန့်မှန်းနိုင်စေဖို့အတွက် ဒီစာစောင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

ရာသီသွေးဆင်းများနေတယ်ဆိုရင်…

အမျိုးသမီးထုရဲ့ သုံးပုံတစ်ပုံလောက်ဟာ ရာသီသွေးဆင်းများတတ်ပါတယ်။ သွေးကြဲဆေးတွေသောက်နေတဲ့အခါမျိုး၊ သားအိမ်တွင်းထည့် သားဆက်ခြားပစ္စည်း (IUD) ထည့်ထားတာမျိုးဆိုရင်လည်း ရာသီးသွေးအဆင်းများတတ်ပါတယ်။ သွေးခဲကြီးတွေဆင်းတာမျိုး၊  ဖျော့တော့ပြီး ပင်ပန်းနွမ်းနယ်နေတာမျိုး၊ တစ်ပတ်ထက်ပိုပြီး သွေးဆင်းနေတာမျိုးတွေကြုံနေတယ်ဆိုရင်တော့ မျိုးပွားလမ်းကြောင်းမှာ ပြဿနာတစ်ခုခုရှိနေတာ၊ ဟော်မုန်းဆိုင်ရာ ပြဿနာတွေရှိနေတာ ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ပြသတိုင်ပင်သင့်ပါတယ်။

ရာသီလာမယ့်ရက်ထက် ကျော်နေတယ်ဆိုရင်…။

ကိုယ်ဝန်ရှိနေတာကြောင့် မဟုတ်ဘဲ စိတ်ဖိစီးမှုများနေတာ၊ ဟော်မုန်းမညီမျှတာ၊ ခန္ဓာကိုယ်အလေးချိန်လျော့နည်းလွန်းနေတာတွေကြောင့်လည်း ရာသီသွေးထိန်နေတာမျိုး ဖြစ်တတ်ပါတယ်။ သုံးလဆက်တိုက် ရာသီမလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ရာသီစက်ဝန်းကာလ နီးလွန်းနေတာ….။

အမျိုးသမီးတွေဟာ တစ်ယောက်နဲ့တစ်ယောက် ရာသီစက်ဝန်းအနီးအဝေးမတူညီပါဘူး။ တချို့အမျိုးသမီးတွေက ၂၄ ရက်တစ်ခါ ရာသီသွေးပေါ်တတ်ပြီး တချို့အမျိုးသမီးတွေကတော့ ၃၈ ရက်တစ်ခါ ရာသီလာတတ်ပါတယ်။ အကယ်၍ ရာသီကာလတွေက ၂၄ ရက်စောနေတယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ရာသီလာပြီးတဲ့နောက် သွေးဆင်းတာ….။

ရာသီပန်းပွင့်ပြီး ရက်အနည်းငယ်အကြာမှာပဲ သွေးတွေဆင်းနေတယ်ဆိုတာကတော့ သားဆက်ခြားပစ္စည်းတွေ၊ သောက်ဆေးတွေကြောင့်လည်း ဖြစ်နိုင်သလို မျိုးပွားလမ်းကြောင်းမှာ ပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်မှာသာ သေချာရေရာတဲ့ အဖြေကိုထုတ်နိုင်မှာဖြစ်တာကြောင့် ဆရာဝန်နဲ့ပြသတာကတော့ အကောင်းဆုံးပါပဲ။

နာကျင်ကိုက်ခဲလွန်းနေတာ….။

အမျိုးသမီးတစ်ယောက်အနေနဲ့ ရာသီလာတဲ့အချိန်မှာ ခါးကိုက်တာ၊ ဗိုက်အောင့်တာက ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နေလို့ထိုင်လို့မရအောင် နာကျင်ကိုက်ခဲတာ၊ မောပန်းနွမ်းနယ်နေတာနဲ့ အခြားလက္ခဏာတွေလည်း ရှိနေတယ်ဆိုရင်တော့ သားအိမ်အတွင်းမှာ ပြဿနာတစ်ခုခုဖြစ်နေတာဖြစ်နိုင်ပါတယ်။

ရာသီလာချိန်နီးလာတဲ့အခါ ခေါင်းတခြမ်းကိုက်တာ….။

ရာသီလာတော့မယ်ဆိုရင် Estrogen ပမာဏကျလာတာကြောင့် ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်။  အဲ့ဒီနာကျင်ကိုက်ခဲမှုတွေကို သက်သာစေဖို့အတွက် Mefenamic acid ပါတဲ့ အကိုက်အခဲပျောက်ဆေးတွေကို သောက်သုံးနိုင်ပါတယ်။ ဥပမာ- Dolfenal လိုပေါ့။ မခံမရပ်နိုင်အောင် နာကျင်နေတာ၊ ရာသီလာပြီးတဲ့အထိ ခေါင်းဆက်တိုက်ကိုက်နေရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

စာချစ်သူပျိုမေတို့အတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dolfenal တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်တဲ့ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် ဝေမျှပေးဖို့ မမေ့ပါနဲ့နော်။