မိန်းမကို အပိုင်ချည်နည်း

ဂန္ထဝင်စာချစ်သူ အိမ်ထောင်ရှင်အမျိုးသားတို့ရေ…။

အိမ်ထောင်ကျသွားတာကြာခဲ့ပြီဆိုပေမယ့် ဇနီးသည်ရဲ့ အချစ်တွေကိုရဖို့ လူပျိုတုန်းကလိုပဲ ပိုးပန်းဖို့လိုတယ်နော်။ ဒါ့ကြောင့် မိန်းမကိုအပိုင်ချည်နိုင်မယ့်နည်းလမ်းလေးတွေကို သင့်အတွက် တင်ဆက်ပေးလိုက်ပါတယ်။

နည်း ၁ – အဝတ်အစားလက်ဆောင်ပေးပြီး အပိုင်ချည်တဲ့နည်း….

        ဇနီးသည်က သင့်အပေါ် အသည်းစွဲချစ်နေစေချင်ရင်တော့ ပိုက်ဆံတွေကို တွန့်တိုနေလို့တော့ မဖြစ်ပါဘူးနော်။ မိန်းကလေးတိုင်းဟာ အဝတ်အစားသစ်တွေကို ကြိုက်နှစ်သက်ကြတယ်မဟုတ်လား။ ဒါ့ကြောင့်  သင့်ဘတ်ဂျတ်နဲ့ကိုက်တဲ့ အဝတ်အစားအသစ်လေးတွေကို ရံဖန်ရံခါ ဝယ်ပေးပါနော်။ သူမလှချင်တယ်ဆိုတာကလည်း သင့်အတွက်ပဲမဟုတ်လား။

နည်း ၂ – Surprise တွေနဲ့ အပိုင်ချည်တဲ့နည်း….

         သင့်ဇနီးအပါအဝင် ကမ္ဘာပေါ်မှာ ရှိသမျှမိန်းကလေးအများစုက Surprise တွေကို ကြိုက်နှစ်သက်တတ်ကြပါတယ်။  ကဲ… နှင်းဆီပန်းလေးတစ်ပွင့်ရင်းပြီး ဇနီးသည်ရဲ့ အပြုံးလှလှလေးကို မြင်နိုင်တယ်ဆိုတာ နည်းတဲ့ ကုသိုလ်လား။

နည်း ၃ – ဇနီးသည်ရဲ့ အကြောင်းကို စိတ်ဝင်တစားရှိခြင်းနဲ့ အပိုင်ချည်တဲ့ နည်း…

         ဒီနည်းလေးကို လုပ်ဖို့ အချိန်နည်းနည်းနဲ့ စိတ်ဝင်စားမှုနည်းနည်းပဲ ရင်းဖို့လိုပါတယ်။ အလုပ်ကပြန်လာပြီး ဇနီးသည်ကိုတွေ့တဲ့အခါ “ မင်းအချစ်ဆုံးသူငယ်ချင်းနဲ့ ဒီနေ့ဘာတွေပြောဖြစ်သေးလဲ” လို့မေးမြန်းပြီး ဇနီးသည်ရဲ့ အချိန်ဖြတ်သန်းမှုအစီအစဉ်ကို စိတ်ဝင်စားကြောင်း ပြသလိုက်ပါ။ သူငယ်ချင်းတွေအကြောင်းချည်း မမေးမိဖို့တော့ လိုမယ်နော်။

နည်း ၄ – အိမ်မှုကိစ္စတွေမှာ ကူညီပေးပြီး အပိုင်ချည်တဲ့နည်း….

         အိမ်အလုပ်တွေကို ဝင်ရောက်ကူညီပေးခြင်းဟာ ဇနီးသည်ရဲ့ နှလုံးသားကို ပါးပါးလေးနဲ့ အပိုင်ချည်တဲ့ နည်းလမ်းလေးပါ။ သူမချက်ပြုတ်နေတဲ့အချိန်မှာ ဝိုင်းကူညီပေးရင်း သူမနဲ့ အချိန်တွေအတူ ကုန်ဆုံးနိုင်မယ်၊ အိမ်ရှင်မတစ်ယောက်ရဲ့ တာဝန်တွေကို အနီးကပ်ဆုံး မြင်တွေ့နိုင်မယ်။ သင့်ဇနီးသည်ရဲ့ ချစ်ခြင်းတွေကိုလည်း ပိုတိုးစေနိုင်မယ့် နည်းလမ်းလေးပေါ့။

နည်း ၅ – သူမကို အချိန်ပေးပြီး အပိုင်ချည်တဲ့နည်း…။

         အိမ်ထောင်ကျသွားပြီဆိုပေမယ့် သင့်ရဲ့ ဇနီးသည်ဟာ သင့်ရဲ့ အချိန်ပေးမှုတွေကို လိုအပ်ဆဲပါ။ ညစာကို ဟိုတယ်တစ်ခုခုမှာ လိုက်ကျွေးတာ၊ Night out ထွက်တာတွေက စဒိတ်ခဲ့တုန်းက ရင်ခုန်ခြင်းတွေကို ပျိုမျစ်စေမှာပါ။

နည်း ၆ – လေးစားမှုတွေပေးပြီး အပိုင်ချည်တဲ့နည်း…။

         သူမ မိဘ၊ သူငယ်ချင်းနဲ့ သူမအပေါ်မှာ လေးစားမှုထားပါ။ မိသားစုကြားမှာ ဆုံးဖြတ်ချက်တွေချရတော့မယ်ဆိုရင် သူမရဲ့ အကြံဉာဏ်ကိုလည်း မေးမြန်းပါ။ ဘာမဟုတ်တဲ့အကြောင်းအရာတွေအတွက် မငြင်းခုံပါနဲ့။ သင်ကသာ သူမအပေါ်လေးစားမှုတွေထားပေးမယ်ဆိုရင် သူမကလည်း သင့်အပေါ်မှာ လေးစားမှုထားမှာပါပဲ။

နည်း ၇ – ဇနီးသည်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးပြီး အပိုင်ချည်တဲ့နည်း။

လူတွေရဲ့ဘဝမှာ ကျန်းမာရေးဟာ နံပါတ်တစ်အရေးအကြီးဆုံး ကိစ္စပဲမဟုတ်လား။ အိမ်ထောင်ဦးစီးဖြစ်တဲ့ သင့်အနေနဲ့ သင့်ကျန်းမာရေးကို ဂရုစိုက်သလို သင့်ဇနီးသည်ရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးခြင်းဟာ ဇနီးသည်ရဲ့ နှလုံးသားတစ်ခုလုံးကို အပိုင်ချည်နည်းပဲ မဟုတ်လား။

ကဲ… ဂန္ထဝင်စာချစ်သူ ကိုကိုတို့အနေနဲ့ မိမိရဲ့ ပျိုပျိုတွေကို အပိုင်ချည်ဖို့ သုံးတဲ့ နည်းလမ်းလေးတွေကိုလည်း မျှဝေပေးပါဦးနော်။

စာချစ်သူတို့အတွက် အချစ်ရေးအကြံပေးလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Revicon တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။