အိမ်ထောင်ကျပြီးသွားရင်လည်း မိန်းမကို ပိုးပန်းဖို့ ဘာကြောင့်လိုတာလဲ။

blank

တစ်ရက်မှာ ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်း စားသောက်ဆိုင်တစ်ဆိုင်မှာ အတူးတူညစာစားနေကြတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်တော်တို့နဲ့ မျက်စောင်းထိုး စားပွဲမှာ အမျိုးသားကြီးတစ်ယောက်ရောက်လာတယ်။ သူ့လက်ထဲမှာနှင်းဆီပန်းစည်းအကြီးကြီးတစ်စည်းရယ်၊ ဘောလုံးလေးတွေရယ်၊ လက်ဆောင်ထုပ်လေးသေးသေးလေးရယ်ပါလို့ ကျွန်တော်တို့ သူ့ကိုသတိပြုမိသွားတာပေါ့။ သူက ထိုင်ခုံမှာ ဘောလုံးလေးတွေကို ချိတ်တယ်၊ ပန်းစည်းလေးကို စားပွဲပေါ်မှာ အသာအယာချတယ်။ စားပွဲထိုးလာချပေးတဲ့ ကိတ်မုန့်လေးမှာလည်း “Happy 15th Anniversary” လို့ရေးထားတယ်ဗျ။

ကျွန်တော်ကသူ့ကို တအံ့တသြနဲ့ကြည့်ပြီး “ မင်္ဂလာဆောင်ပြီးတာ (၁၅) နှစ်ကြာနေပြီ အခုထိ ကလေးကလားတွေလုပ်နေတုန်း။ ကိုယ့်မိန်းမဖြစ်နေပြီပဲကွာ အဲ့ဒါတွေလုပ်ပေးဖို့လိုနေသေးလို့လား” လို့ ရယ်သံတစ်ဝက်နဲ့ပြောလိုက်မိတယ်။ ကျွန်တော့်သူငယ်ချင်းက “မင်းတကယ်ပြောနေတာလား။ မင်းမိန်းမကို တကယ်ကို surprise တွေ ဘာတွေ မလုပ်ပေးဖြစ်ဘူးပေါ့” လို့ မေးတယ်။ “ဟုတ်တယ်လေ။ ငါက ငါ့မိန်းမအပေါ်မှာ သစ္စာရှိတယ်။ ရှာဖွေကျွေးမွေးတယ်။ အချိန်တန်ရင် အိမ်ပြန်တယ်။ ဒါဆိုမလုံလောက်ဘူးလား။ ငါအိမ်ထောင်ကျတာ (၄) နှစ်ရှိပြီကွ။ ငါ့မိန်းမကလည်း ငါ့ကို ဘာမှမပြောပါဘူး။ ငါတို့အိမ်ထောင်ရေးအဆင်ပြေနေတာပါပဲ။ မဟုတ်ဘူးလား” လို့မေးတယ်။

ကျွန်တော့်သူငယ်ချင်းက “ဒီမှာ ငါ့ကောင်… မင်းမိန်းမက မင်းကိုဘာမှမတောင်းဆိုဘူး။ ဘာမှအတွန့်မတက်ဘူးဆိုပေမယ့် မင်းပေးမယ့် surprise တွေ၊ လက်ဆောင်လေးတွေကို မလိုချင်ဘူးလို့ မင်းထင်နေလား” လို့မေးတယ်။ ကျွန်တော်က “အေးလေ… မောင်ကျွန်မအပေါ်သစ္စာရှိရှိ ချစ်နေတာကိုပဲ ကျွန်မကျေနပ်ပါတယ်” သူက ခဏခဏပြောတာပဲ လို့ ကျွန်တော်က ဖြေလိုက်တယ်။ ကျွန်တော့်သူငယ်ချင်းက “အေးကွ… မိန်းမတွေက အချစ်ကလွဲရင် ဘာမှမလိုချင်ပါဘူး။ ဒါပေမဲ့ အဲ့ဒီအချစ်ကို ဖော်ကျူးပေးဖို့၊ သူတို့ကို ချစ်ခင်ဂရုစိုက်နေတယ်ဆိုတာကို ပြသပေးဖို့တော့လိုတယ်ကွ။ မင်းဆီကနေ လက်ဆောင်လေးတွေပေးပါ။ Surprise လေးတွေပေးပါလို့တော့ ဘယ်တောင်းဆိုပါ့မလဲ။ ဒါပေမဲ့ ငါတို့က အဲ့ဒီလိုလေးတွေ ပေးတာကိုတော့ နည်းနည်းတော့ မျှော်လင့်နေတာပဲကွ။ လက်ဆောင်ဆိုတာမျိုးက ဈေးနည်းတာ၊ ဈေးများတာနဲ့ မဆိုင်ပါဘူး။ အသိအမှတ်ပြုမှု၊ သတိတရရှိမှုဆိုတဲ့ ခံစားမှုလေးနဲ့တင် မိန်းကလေးတွေကို ပျော်ရွှင်ကြည်နူးစေတယ်ကွ။ အရင်တုန်းက ငါလည်းပဲ မင်းလိုပဲ ထင်ခဲ့ဖူးတယ်။

“ အိမ်ထောင်ကျပြီးသွားရင် “ချစ်တယ်” လို့ ပြောပြစရာ မလိုတော့ဘူး။

အရင်ကလို ဂရုစိုက်ပြစရာ မလိုဘူး။

လက်ဆောင်လေးတွေနဲ့ ပိုးပန်းစရာ မလိုတော့ဘူးလို့ပေါ့။

မနှစ်တုန်းက တော်ဝင်စိန်တိုက်မှာ သူငယ်ချင်းတစ်ယောက်နဲ့ လိုက်သွားရင်း လက်ရာလေးသန့်၊ ဒီဇိုင်းလေးကလည်း လှ၊ ဈေးနှုန်းကလည်း သင့်တော်နေလို့ မိန်းမအတွက် လက်စွပ်လေးတစ်ကွင်း ဝယ်ခဲ့လိုက်တယ်။ ငါကတော့ ဘာရယ်မဟုတ်ဝယ်လာပေါ့ကွာ။ မင်္ဂလာနှစ်ပြည့်ကလည်း နီးချိန်ကိုး။ အဲ့ဒီလက်ဆောင်လေးကို ငါ့မိန်းမကိုပေးလိုက်တဲ့အချိန်မှာ သူမျက်ရည်တွေကျအောင် ကြည်နူးဝမ်းသာခဲ့တာကွ။ လက်စွပ်လေးကို ဝတ်ကြည့်ပြီး ငါ့ကိုတင်းတင်းကြပ်ကြပ်ဖက်ထားတယ်။ အဲ့ဒီနွေးထွေးမှုလေးကို အခုထိငါမမေ့သေးဘူး” တဲ့။

ကျွန်တော့်သူငယ်ချင်းရဲ့ စကားကိုကြားပြီး ကျွန်တော်ကြည်နူးသွားသလို မိန်းမကိုလည်း ချက်ခြင်းသတိရသွားတယ်ဗျ။ အိမ်ထောင်ကျပြီးကတည်းက မိန်းမကို မပိုးပန်းတာကြာပြီကိုး။ ကျွန်တော်နောက်ရက်မှာ ချက်ခြင်းပဲ တော်ဝင်စိန်တိုက်ကို ပြေးသွားလိုက်တယ်။ ပြီးတော့ မိန်းမအတွက် စိန်နားကပ်လေးတစ်ရံဝယ်ပေးလိုက်တယ်။ ကျွန်တော့်မိန်းမကျွန်တော့်ကို ဖက်ပြီး ငိုနေတာ အကြာကြီးပဲ။ မိန်းမတွေက ခက်တယ်ဗျာ။ ပျော်လည်းငို၊ ဝမ်းနည်းလည်းငိုနဲ့။ ဘာ့ကြောင့် ငိုစေမလဲဆိုတာကတော့ ကျွန်တော်တို့ ယောက်ျားတွေအပေါ်မှာပဲ မူတည်တယ်ဗျ။

ခင်များတို့ကော… မိန်းမကို ဘယ်နှခါလောက် ပျော်လို့ကျတဲ့ မျက်ရည်တွေ ပေးခဲ့ပြီပြီလဲ။

စာချစ်သူတို့အတွက် ခံစားမှုရသလေးကို တော်ဝင်စိန်တိုက်နဲ့ ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။