အမေ့ကိုအလိုအပ်ဆုံးအချိန်

blank

မွေးကင်းစအရွယ်ကနေ အရွယ်ရောက်သည်အထိ အမေဟာ ကျွန်မဘ၀အတွက် လိုအပ်နေခဲ့တယ်။ ကျွန်မအမေကို အလိုအပ်ဆုံးအချိန်တစ်ချိန်ကတော့ ကျွန်မမီးဖွားတော့မယ်ဆိုတဲ့အချိန်ပေါ့။ ကျွန်မကိုယ်ဝန်ရှိတဲ့အချိန်ကစပြီး ကျွန်မစားဖို့၊ သောက်ဖို့တွေ အကုန်လုံးကို အမေကပဲ လှမ်းပြီး စီစဉ်ပေးတယ်။

မိခင်တစ်ယောက်ရဲ့ မေတ္တာကို မီးဖွားပြီးတဲ့အချိန်မှာ ပိုပြီးနားလည်လာတတ်တယ်တဲ့။ အရင်က ကြားဖူးနေကျ စကားလေးကို ကျွန်မလက်တွေ့သိလာခဲ့တယ်။ ကိုယ်ဝန်လနုတဲ့အချိန်မှာ ကျွန်မခံစားရမယ့် ဝေဒနာတွေ၊ အပြောင်းအလဲတွေအတွက် အမေ့ကို အလိုရှိခဲ့တယ်။

တစ်ဦးတည်းသော သမီးဖြစ်တဲ့ ကျွန်မအတွက် ကလေးကိစ္စတွေဆိုတာ တကယ်ကို အစိမ်းသက်သက်ပါ။ ကျွန်မအဆင်ပြေပါ့မလား။ ရိုးရိုးမွေးရမလား၊ ခွဲမွေးရမလား။ ကျွန်မကိုကူညီဖို့ အမေ့ကို အလိုရှိလာပြန်တယ်။ အဲ့ဒီအချိန်မှာ အမေက ကျွန်မလက်ကို ဆွဲပြီး One-Stop Mother and Child ၀န်ဆောင်မှုကို ရရှိနိုင်တဲ့ ပန်းလှိုင်စီလုံဆေးရုံကို ခေါ်လာခဲ့တယ်။ ငယ်ငယ်က စာမရတဲ့အခါ ဆရာမဆီကို စာမေးရဲဖို့ ဆွဲပြီး ခေါ်သွားသလိုပေါ့။
အဲ့ဒီဆေးရုံမှာ ဆရာဝန်ကြီးတွေက ကျွန်မရဲ့ ရင်ထဲက စိုးရိမ်ကြောင့်ကြမှုတွေကို လျော့ပါးစေခဲ့တယ်။

ကျွန်မလိုအပ်တာတွေကို စနစ်တကျစစ်ဆေးပေးပြီး ကျွန်မကို အားပေးစကားတွေ ပြောသလို ကျွန်မကို သေသေချာချာလေး နှစ်သိမ့်ပေးတယ်။ ကိုယ့်အတွက်ကော ကလေးအတွက်ပါ တွေးပူနေတဲ့ ကျွန်မကိုလည်း ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ရင်သွေးငယ်တို့အတွက်၂၄နာရီ ၇ရက်ပတ်လုံး ဝန်ဆောင်မှုပေးနေသောအရေးပေါ်ဌာန (24/7 Emergency Service) ရှိတဲ့အကြောင်း ရှင်းပြပေးတယ်။ ဒါ့အပြင်….။

• လူတိုင်းလက်လှမ်းမီနိုင်တဲ့ ကလေးမွေးဖွားခြင်းဆိုင်ရာ အစီအစဉ်များ (Maternity Packages) အကြောင်း၊
• အရေးပေါ်ခွဲမွေးခြင်း နှင့် ကျွန်မတို့ လိုချင်သောနေ့ရက်တို့တွင် ခွဲမွေးခြင်း (Emergency and Elective C-Section) များအကြောင်း၊
• သဘာဝအတိုင်းလည်း ရိုးရိုးမွေးဖွားခြင်း (Natural Childbirth) ၀န်ဆောင်မှုရှိတဲ့ အကြောင်း၊
• မနာမကျင်ဘဲ ရိုးရိုးမွေးဖွားနိုင်ခြင်း အကြောင်း(Painless Labour)၊
• နိုင်ငံတကာအဆင့်မီပိုးမွှားသန့်စင်ထားသော ပစ္စည်းကိရိယာစုံလင်သည့် သားဖွားခန်းများနှင့် ခွဲစိတ်ခန်းများ (International Standard Well Equipped Labor Rooms and Horizontal Laminar Flow Hepa-filtered Operating Theatres) ရှိသည့်အကြောင်း၊
• ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးဖွားပြီးမေမေများနှင့် သားသားမီးမီးတို့အတွက် အဆင်ပြေစွာတစ်နေရာတည်းပြသနိုင်သည့် မိခင်နှင့်ကလေးကုသဌာန (Mother and Child Centre) ရှိခြင်း၊
• ဆေးရုံ၏အချိန်ပြည့် နှင့် အချိန်ပိုင်းသားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီးများနှင့် မေ့ဆေးအထူးကုဆရာဝန်ကြီးတို့မှ ၂၄နာရီ ၇ရက်ပတ်လုံး မိခင်နှင့်ကလေးများအတွက်ကျန်းမာရေးစောင့်ရှောက်မှုများ (24/7 Maternal and Paediatric Health Care Services) ပေးနေတဲ့ အကြောင်း၊
• အသားဝါသောကလေးငယ်များအတွက် အလင်းရောင်ခြည်သုံး၍ ကုသပေးခြင်း အကြောင်း (Phototherapy for Neonatal Jaundice)၊
• မွေးကင်းစကလေးတွေအတွက် အရေးပေါ် အသက်ကယ်ပစ္စည်းတွေ စုံလင်စွာထားရှိတဲ့ ကလေးပြုစုရေးအခန်းရှိခြင်း (Baby Care Unit)၊
• မွေးဖွားပြီးနောက်ပိုင်း ရင်သွေးငယ်ကို မိခင်နဲ့ အတူတူအခန်းထဲမှာ ထားလို့ရတဲ့အကြောင်း (Rooming in Service)၊
• မိခင်နှင့်ကလေးများအတွက် လိုအပ်ပါက အခြားသောဌာနမှအထူးကုဆရာဝန်ကြီးများမှလည်း ဝိုင်းဝန်းကြည့်ရှုကုသမှုပေးတဲ့ ၀န်ဆောင်မှု ရှိတဲ့အကြောင်း (Multi-disciplinary Team Based Model)
• ကျွမ်းကျင်သူနာပြုဆရာမကြီးတွေနဲ့ သားဖွားဆရာမကြီးတွေက မိခင်နဲ့ ကလေးတွေအတွက် အချိန်ပြည့်ဝန်ဆောင်မှု ပေးနေတဲ့အကြောင်း (Maternal and Infant Nursing Care)
• ပြန်လည်သန်စွမ်းရေးဌာနက ပညာရှင်တွေမှလည်း မီးဖွားပြီး မိခင်တွေကို လေ့ကျင့်ခန်း ပြုလုပ်သင်ကြားတဲ့အကြောင်း (Maternal and Infant Nursing Care)
• ရင်သွေးငယ်တွေအတွက် ကာကွယ်ဆေးများထိုးပေးခြင်း သွေးစစ်ဆေးပေးခြင်း (Vaccination and Blood test for Infant)
• ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု၊ ခန္ဓာကိုယ်ကြီးထွားမှုနဲ့ အာဟာရဆိုင်ရာလမ်းညွှန်မှုတွေ ပေးနေတဲ့ Well Baby Clinic ရှိတဲ့အကြောင်း
• ကလေးနှလုံး တီဗီဓာတ်မှန်ရိုက်ခြင်းနှင့် မွေးရာပါနှလုံးအပေါက်ပါ ကလေးများအတွက်လည်း ခွဲစိတ်ကုသပေးနေတဲ့အကြောင်း (Paediatric Echocardiogram and Cardiac Intervention)
• မိခင်နှင့်ကလေးများအတွက် အာဟာရအထူးကုဆရာဝန်တို့နှင့် ဆွေးနွေးတိုင်ပင်နိုင်ကြောင်း (Nutritional Department)
• ရင်သွေးငယ်လေး၏အနာဂတ်အတွက် အဖိုးမဖြတ်နိုင်သောလက်ဆောင်အနေဖြင့် ချက်ကြိုးပင်မဆဲလ်သိမ်းပေးခြင်းအကြောင်း (Cord Blood and Cord Lining Banking Services of Cordlife)
• အပတ်စဉ် ကြာသပတေးနေ့တိုင်း အမျိုးသမီးတို့ ကျန်းမာရေးအတွက် အခမဲ့ တိုင်ပင်ဆွေးနွေးပေးနေသော Clinic လည်းရှိကြောင်း (Free Women Health Counseling Clinic)
• အမျိုးသမီး မီးယပ်ဆိုင်ရာရောဂါများအတွက် နိုင်ငံခြားမှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများ၏ လစဉ် မှန်ပြောင်း ဖြင့်ခွဲစိတ်ကုသမှုအစီအစဉ်လည်း ရှိကြောင်း (Monthly Gynecologic Laparoscopy Program)
• ပြည်တွင်းအချိန်ပြည့်နှင့် အချိန်ပိုင်း သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများဖြင့်လည်း မီးယပ်ဆိုင်ရာရောဂါများခွဲစိတ်ကုသနိုင်ကြောင်း (Open Gynecologic Surgery Procedures)
တို့ ကိုရှင်းလင်းပြောပြပေးတယ်။

ကျွန်မအကြိုက်ဆုံးကတော့ ကိုယ်ဝန်ဆောင်မေမေတွေအတွက် ကျန်းမာရေးအသိပညာဗဟုသုတတွေနဲ့ လေ့ကျင့်ခန်းတွေ လစဉ်အခမဲ့မျှဝေပေးနေတဲ့ ကိုယ်ဝန်ဆောင်သင်တန်းနဲ့ ကလေးပြုစုနည်း သင်တန်း (Antenatal Class) ပေါ့။

မေမေကတော့ သူတို့ရှင်းပြနေတာတွေကို နားထောင်ပြီး သဘောကျနေတဲ့ ကျွန်မကိုကြည့်ပြီး “နောက်ဆို မေမေ့ကိုတောင် လိုအပ်တော့မှာ မဟုတ်ဘူး” လို့ လှမ်းစတယ်။ ဒါပေမဲ့ ကျွန်မအမေ့ကို အမြဲတမ်း လိုအပ်နေမယ်ဆိုတာကိုတော့ အတွေ့အကြုံအရ ကျွန်မသိလိုက်ပါတယ်လေ။ ပန်းလှိုင်စီလုံဆေးရုံ၏ အခြားဝန်ဆောင်မှုတွေအကြောင်းကိုတော့ အမေ့လိုပဲ Page မှာ ဝင်မွှေကြည့်ရပါဦးမယ်။

စာချစ်သူတို့ရဲ့ ခံစားမှုရသအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ ပန်းလှိုင်စီလုံဆေးရုံတို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။