အမျိုးသမီးများ မီးဖွားပြီးနောက် ကြုံတွေ့ရတတ်တဲ့ ကျန်းမာရေးပြဿနာများ

blank

ကလေးတစ်ယောက်ကို မွေးဖွားရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ ကိုးလလောက် ဗိုက်ထဲမှာ လွယ်ထားပြီး မမွေးမချင်း မိခင်ကော၊ ကလေးကျန်းမာရေးကိုပါ တောက်လျှောက် ဂရုစိုက်ပေးလာရ တာပါ။ မီးဖွားပြီးတော့လည်း အဲ့ဒီဂရုစိုက်ရမှုတွေက မပြီးဆုံးသေးပါဘူး။ ပိုတောင် များလာပါတယ်။ မွေးဖွားဖို့ အတွက် ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲတွေများပြားတာကြောင့် မီးဖွားပြီးနောက် ခန္ဓာကိုယ်မူလအတိုင်း ပြန်လည်ကျန်းမာလာစေဖို့လည်း အချိန်အများကြီးပေးပြီး ဂရုစိုက်ရပါသေးတယ်။ ဒီအချိန်အတွင်းမှာ ဟော်မုန်း ပြောင်းလဲမှုတွေလည်း ဖြစ်နေတဲ့အတွက်ကြောင့် ပုံမှန်ထက်ပိုပြီး စိတ်ခံစားချက်တွေ များနေတတ်ပါတယ်။

မီးဖွားပြီးနောက် ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတချို့ကို မျှဝေပေးလိုက်ပါတယ်။

၁။ ဗိုက်အောင့်ခြင်း

ကလေးမွေးဖွားပြီးနောက် သားအိမ်ဟာ နဂိုမူလ အရွယ်အစားပုံစံကို ပြန်လည်ကျုံ့သွားတဲ့အတွက် ဗိုက်အောင့်ခြင်းကို ခံစားရပါလိမ့်မယ်။ နို့တိုက်ခြင်းက သားအိမ်ကို ပိုကျုံ့အောင် နှိုးဆွပေးတာကြောင့် ကလေး နို့တိုက်နေချိန်မှာ ဗိုက်ပိုအောင့်တတ်ပါတယ်။ ရေနွေးအိတ်ကပ်ပေးခြင်းက ဗိုက်အောင့်သက်သာစေပါတယ်။

၂။ ဝမ်းချုပ်ခြင်း

ကလေးမွေးဖွားပြီးနောက် ဝမ်းချုပ်တယ်ဆိုတာ ပုံမှန်ပါပဲ။ ဆေးရုံမှာ သောက်ခဲ့တဲ့ အကိုက်အခဲပျောက် ဆေးတွေက အူမကြီးအလုပ်လုပ်တာကို နှေးကွေးစေသလို ထုံဆေးသုံးစွဲခဲ့ရခြင်းကလည်း ဝမ်းချုပ်စေပါတယ်။ ဝမ်းသွားခြင်းက ချုပ်ရိုးကို ပိုနာကျင်စေမလားဆိုတဲ့ ကြောက်ရွံ့ခြင်းကြောင့်လည်း ဝမ်းချုပ်စေပါတယ်။ အမျှင် ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပေးပါ။ ရေများများသောက်ပေးပါ။

၃။ စအိုဝကျယ်လာခြင်း

ကလေးတစ်ယောက်မွေးဖွားလိုက်ခြင်းက စအိုဝကိုလည်း ပိုကျယ်လာစေပါလိမ့်မယ်။ စအိုဝကျယ်လာ ခြင်းက ယားယံစေတဲ့အပြင် တစ်ခါတရံ ဝမ်းသွားရင် သွေးပါတတ်ပါတယ်။ Witch Hazel လေးကို စအိုမှာ လိမ်း ပေးခြင်းက နာကျင်ယားယံမှုတွေကို သက်သာစေပါလိမ့်မယ်။

၎။ ဟော်မုန်းပြောင်းလဲခြင်း

ဟော်မုန်းတွေပြောင်းလဲတဲ့အခါမှာ ချွေးထွက်များတတ်ပါတယ်။ အထူးသဖြင့် ညဘက်အိပ်ချိန်တွေမှာ ချွေးထွက်လွန်ရာက ဖျားတတ်ပါတယ်။ ဟော်မုန်းပြောင်းလဲခြင်းက ဆံပင်လည်း ကျွတ်စေတတ်ပါတယ်။ အက်စ်ထရိုဂျင်ပမာဏ ပြန်မြင့်တက်လာရင်တော့ ဆံပင်လည်း ပြန်ထူလာမှာပါ။

၅။ ချုပ်ရိုးနေရာ နာကျင်ခြင်း

ချုပ်ရိုးမကျက်မချင်းတော့ နာကျင်နေဦးမှာပါပဲ။ ရေခဲထုပ်ပေါ်မှာ (၁ဝ) မိနစ်ခန့် မကြာခဏ ထိုင်ပေး ခြင်းက နာကျင်မှုကို သက်သာစေပါတယ်။ မွေးဖွားစတစ်ပတ်အတွင်းမှာ အိမ်သာတက်ပြီးတိုင်း ရေနွေးလေးနဲ့ ဆေးကြောပေးပါ။

၆။ ရင်သားနဲ့ နို့သီးခေါင်းနာကျင်ခြင်း

နို့တိုက်ခါစရက်တွေမှာ ရင်သားနဲ့ နို့သီးခေါင်းနာကျင်တာဟာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ရက်အနည်းငယ်ကြာ တဲ့အထိ နာကျင်နေတုန်းပဲဆိုရင် ကလေးနို့စို့တာ ပုံမမှန်လို့ဖြစ်နိုင်ပါတယ်။ ပုံစံပြောင်းပြီး နို့တိုက်ကြည့်ပါ။

၇။ ချုပ်ရိုးနေရာ ယားယံခြင်း

ချုပ်ရိုးနေရာယားယံတာဟာ ၇ ရက်ကနေ ၁ဝ ရက်အထိကြာမြင့်နိုင်ပါတယ်။ ချုပ်ရိုးကို ပိုးမဝင်အောင် လို့ အိမ်သာတက်ပြီးတိုင်း ရေနွေးသန့်သန့်လေးနဲ့ ဆေးကြောပါ။ ချုပ်ရိုးကို လက်နဲ့မကိုင်ကြည့်ပါနဲ့။

၈။ အမျိုးသမီးအင်္ဂါမှ သွေးထွက်ခြင်း

ကလေးမွေးဖွားပြီးတဲ့နောက် အမျိုးသမီးအင်္ဂါကနေ သွေးထွက်တယ်ဆိုတာ ပုံမှန်ပါပဲ။ ဒါဟာခြောက် လခန့်အထိ ကြာမြင့်နိုင်တာမို့ အရေးကြီးတာကတော့ Tampon တွေအစား အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်ကိုပဲ အသုံးပြုဖို့ပါပဲ။

၉။ ကိုယ်အလေးချိန်လျော့ကျခြင်း

ကလေးနို့တိုက်ခြင်းကတော့ သင့်ကိုယ်အလေးချိန်ကို အတန်ငယ်လျော့ကျစေပါတယ်။

စာချစ်သူမေမေတို့သိတဲ့ မွေးဖွားပြီးနောက် ကြုံတွေ့ရတတ်တဲ့ အခြားသောကျန်းမာရေးပြဿနာ လေးတွေရှိရင်လည်း comment box မှာ မျှဝေပေးသွားပါဦးနော်။

ဗဟုသုတရစေတဲ့ ဒီဆောင်းပါးလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dolfenal အကိုက်အခဲပျောက်ဆေးတို့မှ ပူး ပေါင်းတင်ဆက်ထားပါသည်။