အသက်အရွယ်အလိုက် အမျိုးသမီးတွေရဲ့ရာသီစက်ဝန်း ပြောင်းလဲမှုဖြစ်စဉ်များ

blank

စာချစ်သူတို့ရေ…။

ရာသီစက်ဝန်းဆိုတာ အမျိုးသမီးတိုင်း မဖြစ်မနေကြုံတွေ့ရမယ့် အရာတစ်ခုဖြစ်ပေမယ့် တစ်ဘဝလုံးမှာ ရာသီစက်ဝန်းက တစ်ပုံစံတည်းဖြစ်နေတာတော့ မဟုတ်ပါဘူး။ ရာသီစက်ဝန်းဟာ တစ်လမှာ နောက်ကျတယ်၊ နောက်တစ်လမှာ စောတယ်၊ ရက်လျော့ပြီးလာမယ်၊ ရက်ကျော်ပြီးလာမယ် စတဲ့ပြောင်းလဲမှုတွေအပြင် အသက်အရွယ်ကြောင့်လည်း အဆင့်ဆင့်ပြောင်းလဲလာတတ်ပါတယ်။

အသက် ၂ဝ အရွယ်မှာ…..။

အမျိုးသမီးငယ်တွေကတော့ ရာသီစက်ဝန်းဟာ လာနေကျဧည့်သည်တစ်ယောက်လို ပုံမှန်ပါပဲ။ ရာသီစက်ဝန်းချိန်မှာ ရာသီမလာခင် ဖြစ်တတ်တဲ့ရောဂါလက္ခဏာတွေ(PMS)၊ နာကျင်မှုတွေနဲ့ ရင်သားနာကျင်တာတွေ အနည်းငယ်ကြုံရတတ်ပါတယ်။

အိမ်ထောင်ရှင်တွေအနေနဲ့ ကိုယ်ဝန်တားဆေးထိုးထားတာ၊ ဟော်မုန်းပြဿနာရှိနေတာ၊ စိတ်ဖိစီးမှုများတာက လွဲရင်ဒီအရွယ်မှာ ရာသီပုံမှန်လာတတ်ပါတယ်။

အသက် ၃ဝ အရွယ်မှာ….။

ဒီအသက်အရွယ်မှာ ရာသီစက်ဝန်းဟာ ပုံမှန်မဟုတ်ဘဲ ခန့်မှန်းရခက်ပါလိမ့်မယ်။ ရာသီစက်ဝန်းကာလနာကျင်ကိုက်ခဲမှုတွေဟာလည်း နည်းနည်းပိုတတ်သလို သွေးပိုဆင်းတာတွေလည်း ဖြစ်တတ်ပါတယ်။

အသက် ၃ဝ အရွယ်မှာ သာမန်ထက်ပိုပြီးနာကျင်တာက  သွေးအလွန်ဆင်းစေတဲ့ သားအိမ်အကျိတ်ရောဂါ (fibroids)နဲ့ ဆိုးဆိုးရွားရွားနာကျင်မှုကို ဖြစ်စေတဲ့ (endometriosis) ရောဂါတွေ ဖြစ်တတ်တာကြောင့် သတိထားသင့်ပါတယ်။

အသက် ၄ဝ အရွယ်မှာ….။

အသက် ၄ဝ အရွယ်မှာ သွေးဆုံးချိန်အတွက်ပြင်ဆင်ဖို့ ဟော်မုန်းပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်လာပါပြီ။ ဒီအခြေအနေမှာ ခန္ဓာကိုယ်ဟာ ရာသီသွေးဆင်းခြင်းကို ရပ်တန့်ဖို့ ပြင်ဆင်နေပါပြီ။ ပုံမှန်အားဖြင့် အမျိုးသမီးတွေဟာ အသက် ၅ဝ ဝန်းကျင်မှာ သွေးဆုံးတတ်ကြပေမယ့် အချို့အမျိုးသမီးတွေကတော့ အသက် ၅ဝ ထက်စောကြသလို နောက်ကျတာတွေလည်း ဖြစ်တတ်ပါတယ်။

အက်စရိုဂျင်ဟော်မုန်း level အတက်အကျကြောင့် သွေးအဆင်းများခြင်း(သို့) နည်းခြင်း၊ မီးယပ်ဝေဒနာတွေ ခံစားရခြင်း၊ အဆစ်အမြစ်နာကျင်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း  စတာတွေ ဖြစ်တတ်ပါတယ်။

ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ် ရာသီစက်ဝန်းဟာ ကျွန်မတို့ရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြနေတဲ့ အရာတစ်ခုပါ။ ရာသီစက်ဝန်း မြင့်မားစွာ ပြောင်းလဲခြင်းဟာ သိုင်းရွိုက်ပြဿနာ၊ မွေးရာပါသားအိမ်ရောဂါ (သို့) အခြားကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။

ဒါ့ကြောင့် အရွယ်စုံအမျိုးသမီးတွေအနေနဲ့ ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေ ကြုံတွေ့နေရပြီဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါနော်။

ဒီကျန်းမာရေးစာစောင်လေးကို ကြိုက်နှစ်သက်တယ်ဆိုရင် LIKE & SHARE လေးလုပ်ပေးပါဦးနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dolfenal တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။