အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ လိုအပ်တဲ့ဗီတာမင်တွေ ဘာကြောင့် မတူညီကြတာလဲ။

blank

စာချစ်သူတို့ရေ…

ဗီတာမင်တွေဟာ အမျိုးသား၊ အမျိုးသမီးတို့ရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ် တွေဖြစ်ပါတယ်။ ဒါပေမဲ့… ဗီတာမင်ဓာတ်လိုအပ်ပုံချင်းကတော့ အမျိုးသမီးနဲ့အမျိုးသား မတူညီကြပါဘူး။ အမျိုး သားတွေဟာ တချို့ဓာတ်တွေမှာ အမျိုးသမီးတွေထက် ပိုလိုအပ်သလို တချို့ဓာတ်တွေမှာကျတော့ အမျိုးသမီး တွေထက် လိုအပ်မှုပိုနည်းပါတယ်။

ဘယ်အရာတွေကို ပိုလိုအပ်တယ်။ ဘယ်အရာတွေကို မလိုအပ်ဘူးဆိုတာသိထားရင် လိုအပ်တဲ့ ဗီတာ မင်တွေကို နေ့စဉ်စနစ်တကျဖြည့်တင်းလို့ရပါတယ်။ အဲ့ဒီလိုဖြည့်တင်းဖို့ကလည်း တကယ်ပဲ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗီတာမင်တွေဟာ ကျန်းမာရေးကောင်းဖို့အတွက် မရှိမဖြစ်တွေပါ။ ခန္ဓာကိုယ်ထဲက အ ရေးကြီးတဲ့ အခန်းကဏ္ဍတွေအများကြီးကို လုပ်ဆောင်ပေးပါတယ်။ အဲ့ဒီလုပ်ဆောင်ဆောင်ချက်တွေအတွက် လိုအပ်တဲ့ စွမ်းအင်တွေကိုလည်း ထုတ်လုပ်ပေးပါတယ်။ လိုအပ်တဲ့ ဗီတာမင်ဓာတ်မလုံလောက်ခြင်းက ကျန်းမာ ရေးအပေါ် အဆိုးတရားတွေ ရိုက်ခတ်စေရုံသာမကဘဲ နာတာရှည်ရောဂါတွေကိုပါ ဖြစ်ပွားနိုင်စေပါတယ်။

ပညာရှင်တွေရဲ့ညွှန်းဆိုချက်အရ ယေဘုယျအားဖြင့် အသက် ၁၉ နှစ်မှ အသက် ၇ဝ အတွင်းရှိတဲ့ အ မျိုးသားတွေအနေနဲ့ အောက်ဖော်ပြပါ ဗီတာမင်ဓာတ်တွေ အလုံအလောက်ရရှိဖို့ လိုအပ်ပါတယ်။

၁။ ဗီတာမင် A

အသားအရေ၊ မျက်လုံးနဲ့ ကိုယ်ခံအားကျန်းမာဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။

၂။ ဗီတာမင် C

ကိုယ်ခံအားစနစ်နဲ့ ကော်လာဂျင်ထုတ်လုပ်မှုအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

၃။ ဗီတာမင် B များ

ခန္ဓာကိုယ်တွင်း ဓာတုဗေဒနည်းအတိုင်း ဓာတ်ပြောင်းလဲဖွဲ့စည်းခြင်းဆိုင်ရာ စွမ်းအင်တွေနဲ့ သွေးနီ ဆဲလ်တွေ ထုတ်လုပ်မှုအတွက် လိုအပ်ပါတယ်။

၎။ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် D၊ ဗီတာမင် K နဲ့ ဇင့်ဓာတ်

အရိုးကျန်းမာရေးအတွက် လိုအပ်ပါတယ်။

၅။ ဗီတာမင် E နဲ့ ဆီလီနီယမ် (Selenium)

ဆဲလ်တွေမပျက်စီးအောင် ကာကွယ်ပေးပါတယ်။

ဒါပေမဲ့ အမျိုးသားတွေမှာ အမျိုးသမီးတွေလို ရာသီစက်ဝန်းကြောင့် လစဉ်သွေးဆုံးရှုံးနေရတာတွေမရှိ တာကြောင့် သံဓာတ်ချို့တဲ့မှုရောဂါတော့ဖြစ်ပွားနိုင်ခြေလျော့နည်းပါတယ်။ ဒါကြောင့် သံဓာတ်လိုအပ်မှုတော့ အမျိုးသမီးတွေထက် ပိုနည်းပါတယ်။

အမျိုးသားများအနေနဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် လိုအပ်တဲ့ဗီတာမင်တွေကို နေ့စဉ်အာဟာရဓာတ် ညီမျှအောင် စားသုံးပေးခြင်းဖြင့် ရရှိနိုင်ပေမဲ့ အများစုကတော့ စုံလင်အောင် မစားဖြစ်ကြပါဘူး။ အဲ့ဒီလို မစား ဖြစ်ရင်တော့ ဗီတာမင်အားဆေးတွေ မှီဝဲပေးသင့်ပါတယ်။

အမျိုးသားများ ကျန်းမာရေးဗဟုသုတရစေဖို့ ယခုစာစောင်လေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Revicon အားဖြည့် ဆေးတို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။