ရာသီလာချိန်မှာ ဘာကြောင့် စိတ်ခံစားမှုတွေဖြစ်လွယ်တာလဲ။

blank

          အရွယ်ရောက်ပြီးသူအမျိုးသမီးတိုင်းဟာ PMS လို့ခေါ်တဲ့ ရာသီမလာခင် ဖြစ်တတ်တဲ့ လက္ခ ဏာရပ်တွေ ခံစားကြရလေ့ရှိပါတယ်။ မီးယပ်အထူးကုဆရာဝန်တွေရဲ့အဆိုအရ ပုံမှန်အားဖြင့် ရာသီ သွေးဆင်းနေတဲ့ အမျိုးသမီး ၈၅% မှာ အနည်းဆုံး PMS တစ်မျိုးမဟုတ်တစ်မျိုးကို ခံစားကြရပါတယ်။ လူသိများတဲ့ PMS လက္ခဏာရပ်တွေကတော့ ပင်ပန်းနွမ်းနယ်ခြင်း၊ ဝမ်းဗိုက်ဖောရောင်ခြင်း၊ ဝက်ခြံ ထွက်ခြင်း၊ ရင်သားနာကျင်ခြင်း၊ အစာစားချင်စိတ်လွန်ကဲလာခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း၊ အိပ် မရခြင်း၊ ဒါမှမဟုတ် အအိပ်လွန်ခြင်းတို့ပဲ ဖြစ်ပါတယ်။

အဲ့ဒါတွေအပြင် ရာသီလာနေချိန်အတွင်း ဖြစ်ပေါ်တဲ့ စိတ်တို၊ စိတ်ထိခိုက်လွယ်တာ၊ မျက်ရည် ကျလွယ်တာ၊ ဝမ်းနည်းဒေါသထွက်လွယ်တာတွေဟာလည်း PMS လက္ခဏာရပ်တွေပဲ ဖြစ်ပါတယ်။ ဒါ တွေဟာ အောက်ပါအချက်တွေကြောင့်ပါ။

၁။ ဟော်မုန်းပြောင်းလဲခြင်း

စိတ်ခံစားမှုတွေ ရိုလာကိုစတာလို အနိမ့်အမြင့် အတက်အကျဖြစ်ခြင်းက အက်စထရိုဂျင် (estrogen) ကြောင့်ပါ။ ရာသီမလာခင်မှာ နှေးကွေးစွာမြင့်တက်နေသလို ရာသီလာချိန်မှာ ကျဆင်း ပါတယ်။ ရာသီပြီးချိန်နဲ့ ရာသီပေါ်ပြီး နှစ်ပတ်အကြာမှာ အက်စထရိုဂျင် ပြန်တက်လာပါတယ်။ ဒီလို စက်ဝန်းမှန်နေတယ်ဆိုရင် ကျန်းမာနေကြောင်း ပြသနေတာပါပဲ။

၂။ Serotonin level နိမ့်ကျခြင်း

ရာသီမလာခင် ရက်အနည်းငယ်အလိုမှာ အက်စထရိုဂျင် level နိမ့်ကျခြင်းက serotonin level ကို သိသိသာသာနည်းစေပါတယ်။ Serotonin level နည်းတာဟာ စိတ်ကျရောဂါ၊ ထိတ်လန့်ခြင်း၊ စိတ်စွဲလမ်းခြင်းရောဂါတို့နဲ့ ဆက်စပ်နေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးခြင်း၊ ဝမ်းနည်းခြင်း၊ ဆာလောင်ခြင်း၊ ကြောက်ရွံ့ခြင်း၊ မျက်ရည်လွယ်ခြင်း၊ ဒေါသထွက်လွယ်ခြင်း စသဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပုံမှန် ထက် ပိုခံစားလွယ်နေတတ်ပါတယ်။

၃။ အာဟာရမမျှတခြင်း

ပြုပြင်ထားတဲ့အစားအစာတွေ၊ သကြားဓာတ်များတဲ့ အစားအသောက်တွေ စားသုံးခြင်းက ရာ သီမလာခင်ဖြစ်တတ်တဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို လျော့ပါးစေနိုင်ပါတယ်။ ဒါပေမဲ့ ကာဘိုဟိုက်ဒရိတ် (carbohydrate) နဲ့ သကြားတွေဟာ ရောင်ရမ်းမှုကို အားပေးပြီး စိတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေကို ပိုခံစားရစေပါတယ်။

၎။ လေ့ကျင့်ခန်းပုံမှန်မလုပ်ခြင်း

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက စိတ်ခံစားမှုတွေကို မြှင့်တင်ပေးတယ်။ ဝမ်းဗိုက်ဖောရောင်ခြင်း ကို သက်သာစေတယ်။ အစာချေစနစ်ကို အထောက်အကူပြုတယ်။ ဒါ့အပြင် ဦးနှောက်အတွက် လို အပ်တဲ့ အန်ဒေါ်ဖင်န်(endorphin) ဟော်မုန်းပမာဏတွေ ဖြည့်တင်းပေးပါတယ်။

၅။ နာကျင်မှုတွေကို ပိုခံစားလွယ်ခြင်း

PMS ဖြစ်နေချိန်မှာ နာကျင်မှုကို သည်းခံနိုင်ခြင်းဟာ အနည်းဆုံးအချိန်ဖြစ်တယ်လို့ လေ့လာမှု တွေက ဖော်ပြကြပါတယ်။ PMS က အသံနေအသံထားကိုပါ သက်ရောက်မှုရှိစေနိုင်တာကြောင့် လူသူ ရှေ့ပြောဆိုရမယ့် အလုပ်တွေရှိရင် အဲ့ဒီအချိန်မှာ ခဏရွှေ့ဆိုင်းထားသင့်ပါတယ်။

၆။ PMDD ရှိခြင်း

ရာသီကာလမှာ ခံစားရတဲ့လက္ခဏာထက် ပုံမှန် PMS ထက် ပိုနေတယ်လို့ ခံစားမိရင် ဆရာဝန် နဲ့ ပြသသင့်ပါတယ်။ PMDD (premenstrual dysphoric disorder) လို့ခေါ်တဲ့ ရောဂါဟာ ရာသီလာ ချိန်မှာ အမျိုးသမီး ၁ဝ% အထိ ခံစားကြရလေ့ရှိပါတယ်။

ပျိုမေတို့ရေ… ရာသီကာလဆိုတာ အမျိုးသမီးတိုင်းအတွက် အမြဲကျော်ဖြတ်ကြရတဲ့အရာမို့ အဲ့ဒီအချိန်မှာ ကြုံရတဲ့စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဖြေရှင်းတဲ့ နည်းလမ်းလေးတွေ သိထားဖို့လိုပါတယ်။ အဲ့ဒီအချိန်မှာ စားပေးသင့်တဲ့ အစားအစာ၊ လေ့ကျင့်ခန်း တွေအပြင် သင့်တော်တဲ့အကိုက်အခဲပျောက်ဆေးကိုလည်း မှီဝဲပေးသင့်ပါတယ်။

စာချစ်သူပျိုမေများ ကျန်းမာရေးဗဟုသုတရစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ Dolfenal အကိုက်အခဲ ပျောက်ဆေးတို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။