အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်ရဲ့ အချစ်ဆိုတာ….

blank

ကျွန်တော့်ဇနီးက လက်ထပ်ပြီးနောက်ပိုင်း သိပ်ကိုပြောင်းလဲသွားခဲ့တယ်။ တီတီတာတာစကားတွေ မဆိုတော့သလို အရင်လိုပြင်ပြင်ဆင်ဆင်လည်း မနေတော့ဘူး။ လက်ထပ်ပြီးတဲ့နောက် ကျွန်တော့်ချစ်သူဟာ ဘယ်ကိုများ ပျောက်သွားခဲ့တာပါလိမ့်။ သူမဆီက “ ချစ်တယ်” ဆိုတဲ့ စကားကို မကြားရတာလည်း လက်ထပ်ပြီးကတည်းက ဆိုပါတော့။

အလုပ်ပင်ပန်းပြီး အိမ်ရောက်လာတဲ့အခါ  ပုံတုံးတုံးနဲ့ သူမပုံစံဟာ ကျွန်တော့်ကိုအမောမပြေစေဘူးဗျာ။ သူမဖျော်ပေးတဲ့ သံပရာရည်လေးဟာလည်း ကျွန်တော့်ကို ရင်မအေးစေတော့ဘူး။ အဲ့ဒီအချိန်မှာပဲ အချွဲကောင်း၊ အပြောကောင်းတဲ့ တာရာနဲ့ ဆုံတွေ့ခဲ့တယ်။ တာရာရဲ့အပြောချိုချိုလေးတွေဟာ ကောင်းကင်ပေါ်က ကြယ်လေးတွေလိုပဲ ကျွန်တော့်ကိုသာယာစေခဲ့တယ်။ တာရာက “ ချစ်လို့ပါ ကိုကြီးရာ” ဆိုတဲ့ စကားလေးကြောင့် ကျွန်တော့်ရဲ့ အိမ်ပြန်ချိန်တွေ တဖြည်းဖြည်းနောက်ကျလာခဲ့တယ်။ ရုံးပြင်ပ အစည်းအဝေးချိန်တွေကလည်း များများလာခဲ့တယ်။ ကျွန်တော့်ဇနီးကတော့ သူမရဲ့အကျင့်အတိုင်း အေးအေးဆေးဆေးပဲပေါ့။

တစ်နေ့မှာတော့ ကျွန်တော့်ဇနီးရဲ့ အမေနေမကောင်းလို့ သူမက နယ်ကိုခဏပြန်သွားခဲ့တယ်။ သူမပြန်သွားတော့ သူမကိုမလွမ်းတဲ့အပြင် ပျော်တောင်ပျော်သေး။ ကျွန်တော့်ကို ချစ်တယ်ဆိုတဲ့ တာရာနဲ့ မိုးမမြင်လေမမြင်ပျော်နေခဲ့တယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကိုချစ်တဲ့ သူနဲ့ပဲ ပျော်ပျော်ရွှင်ရွှင်နေချင်တာ သဘာဝပဲမဟုတ်လား။

ကျွန်တော့်ဇနီးသွားပြီးတစ်ပတ်လောက်အကြာမှာ ကျွန်တော့်ဘဝ ဟန်ချက်ပျက်လာခဲ့တယ်။ “ချစ်တယ်” လို့ တဖွဖွပြောတဲ့ တာရာဟာ ကျွန်တော့်ကြိုက်တဲ့ သံပုရာရည်ကို အမြီးအမောက်တည့်အောင် မဖျော်နိုင်တဲ့အခါ၊ ချစ်စကားတွေပြောပြီး အပြင်မှာ ညစာစားတာတွေ များလာတဲ့အခါ၊ ကျွန်တော့်ရုံးက အကြောင်းတွေ ရင်ဖွင့်တိုင်း “ခေါင်းရှုပ်တယ်ကိုကြီးရာ” လို့ အပြောခံရတာများလာတဲ့အခါ၊ “ကိုကြီးနော်… မဝယ်ပေးရင် မချစ်ဘူး” ဆိုတဲ့ စကားနောက်မှာ ဘတ်ဂျတ်တွေ ပြောင်သလင်းခါလာတဲ့အခါ၊ သူမအတွက် အသားအရေလှစေတဲ့ ဆေးတွေဝယ်ဖို့ ဆေးဆိုင်ရောက်တာတောင် ကျွန်တော့်အတွက် အားဆေးကို သတိတရဝယ်မပေးတဲ့ အခါမှာ “အချစ်” ဆိုတဲ့ စကားကို ကျွန်တော်အပြန်ပြန်အလှန်လှန်သုံးသပ်နေမိတယ်။

တစ်နေ့မှာတော့ …

ကျွန်တော့်ရဲ့ရုံးမှာ စာရင်းတွေ၊ ငွေတွေလိမ်ထားတဲ့ စာရွက်တွေကို စာရင်းစစ်ဖို့ တာဝန်ရှိတဲ့ ကျွန်တော်က သေချာမစစ်ဘဲ လက်မှတ်ထိုးပေးခဲ့မိတယ်။ ကျွန်တော်က ရိုးသားတယ်ဆိုတာကို ကုမ္ပဏီက ယုံပေမယ့် လက်မှတ်ထိုးပေးခဲ့တဲ့အတွက် ကျွန်တော်ပဲတာဝန်ယူခဲ့ရတယ်လေ။ လိမ်လည်သူက ထွက်ပြေးသွားတော့ ရှိနေတဲ့ ကျွန်တော်ကပဲ ခေါင်းခံပြီး ပြဿနာတွေကို ရှင်းပေးရတော့တာပေါ့။ အဲ့ဒီအချိန်မှာ ကျွန်တော့်ကိုချစ်တယ်လို့ တဖွဖွပြောနေခဲ့တဲ့ တာရာဟာ နေ့ဖက်မှာ ကြယ်ပျောက်သလိုပဲ ပျောက်သွားတော့တယ်။

ကျွန်တော့်ရဲ့သတင်းကိုကြားတဲ့ ဇနီးကတော့ ကျွန်တော့်ဘေးနားကို အမြန်ဆုံးရောက်လာခဲ့တယ်။ သူမရဲ့လက်ဝတ်ရတနာတွေကို ထုခွဲပေးပြီး ကျွန်တော့်ကုမ္ပဏီကငွေတွေကို လျော်ပေးခဲ့တယ်။ အဲ့ဒီညက ကျွန်တော်အိပ်မပျော်ခဲ့ဘူး။ “အချစ်” ဆိုတဲ့ စကားကို ကျွန်တော်သုံးသပ်နေခဲ့တယ်။

ကျွန်တော့်ဇနီးဟာ ကျွန်တော့်ကို ချစ်တယ်လို့ တဖွဖွမပြောခဲ့ဘူး။ တီတီတာတာစကားတွေ မပြောခဲ့ဘူး။ ဒါပေမဲ့ သူမရဲ့ ချစ်ခြင်းတွေကို..

  • မနက်ခင်းတိုင်းမှာ အဆင်သင့်ရတတ်တဲ့ မနက်စာလေးတွေကနေတဆင့်…
  • အိမ်ပြန်လာချိန်တိုင်းရှိနေတတ်တဲ့ သံပရာရေအေးအေးလေးတွေကနေ တဆင့်…
  • ကျွန်တော်ရင်ဖွင့်သမျှကို နားထောင်ပေးတတ်တဲ့ စိတ်ရှည်ခြင်းတွေကနေ တဆင့်…
  • ညအိပ်ချိန်တိုင်း သတိတရနဲ့ တိုက်ကျွေးတတ်တဲ့ Revicon အားဆေးလေးတွေကနေ တဆင့်…
  • ကျွန်တော့်အားငယ်ချိန်တွေမှာ ရှိတတ်တဲ့ အချိန်လေးတွေကနေ တဆင့် ပြသခဲ့တာကို ကျွန်တော်မမြင်နိုင်ခဲ့ဘူး။

အဲ့ဒီညမှာ ကျွန်တော်သူမကို မေးမိတယ် “မိန်းမ ကိုယ့်ကိုချစ်ရဲ့လား” လို့ မေးမိတယ်။ သူမက “အော်… ယောက်ျားရယ်.. ပြောဖို့လိုသေးလို့လား” တဲ့။

ကျွန်တော်နားလည်လိုက်ပါတယ်။ တချို့စကားတွေက ဖွင့်ပြောဖို့ထက် နားလည်ဖို့ အရေးကြီးတယ်ဆိုတာကိုပေါ့။

စာချစ်သူတို့အတွက် ခံစားမှုရသလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Revicon တို့မှ ပူးပေါင်းတင်ဆက်ပေးလိုက်ပါတယ်ရှင်။