သင့်ကလေးက တခြားကလေးတွေထက် ပိုပိန်နေလို့ စိတ်ညစ်နေလား။

blank

           စားသလောက်မဝ၊ ကျွေးသလောက်ပိန်နေတဲ့ ကလေးလေးကြောင့် စိတ်ညစ်နေလား ဖေဖေနဲ့ မေမေရေ…။ တခြားကလေးတွေက ကလေးတွေရဲ့သဘာဝအရ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ သွက်သွက်လက် လက်ရှိနေကြချိန်မှာ မိမိတို့ရင်သွေးလေးက ပိန်ပိန်လှီလှီနဲ့ သိပ်မကစားဘူးဆိုရင် မိဘတိုင်း စိတ်ပူမိ ကြမှာ ဓမ္မတာပါပဲ။

တကယ်တော့ ကလေးကရှိသင့်တဲ့ပေါင်ချိန်မပြည့်ဘဲ ပိန်နေရတဲ့အကြောင်းရင်းတွေ ရှိပါ တယ်။

  • ကယ်လိုရီအစားနည်းလွန်းတာ
  • ကယ်လိုရီစုပ်ယူမှုနည်းတာ
  • ကယ်လိုရီအသုံးပြုမှုနည်းတာ

တို့ဟာ ကလေးကို ပိန်စေတဲ့အကြောင်းရင်းတွေပါပဲ။ ကယ်လိုရီနည်းလွန်းခြင်းက အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေတာကြောင့် ဂရုစိုက်သင့်ပါတယ်။ ကလေး အနေနဲ့ ကျန်းကျန်းမာမာနဲ့ပေါင်ချိန်ပြည့်လာဖို့ဆိုရင် နည်းလမ်းလေးတချို့ကို သိထားဖို့လိုပါတယ်။

၁။ အစားကို အချိန်မှန်မှန်ကျွေးပါ။

၂။ ပုံမှန်ပမာဏထက် ပိုကျွေးပါ။

၃။ ကယ်လိုရီဓာတ်မြင့်မားတဲ့အစားအစာတွေ ရွေးချယ်ကျွေးပါ။

၎။ နွားနို့တိုက်ပါ။

၅။  သံလွင်ဆီ၊ ထောပတ်သီး၊ အခွံမာသီးတွေ၊ မြေပဲထောပတ်တို့ကို ကျွေးပါ။

၆။ ကာဒီယို(cardio) လေ့ကျင့်ခန်းတွေကို ပြုလုပ်ခိုင်းပါ။

၇။ ကိုယ်ခံစွမ်းအားမြှင့်တင်ဖို့ ဗီတာမင်အားဆေးတိုက်ကျွေးပါ။

အထူးသဖြင့် ဗီတာမင် C ဟာ ကလေးတွေရဲ့ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတာကြောင့်ကျန်း မာကြံ့ခိုင်စေပါတယ်။ ကဲ… နည်းလမ်းလေးတွေသိပြီဆိုတော့ ဖေဖေမေမေတို့လည်း ကလေးပိန်နေ လို့ စိတ်ညစ်နေစရာမလိုတော့ဘူးပေါ့နော်။

စာချစ်သူများကျန်းမာရေးဗဟုသုတရစေဖို့ ဂန္ထဝင်မဂ္ဂဇင်းနဲ့ ကလေးတွေရဲ့ကိုယ်ခံစွမ်းအား အစဉ် မြင့်မားစေတဲ့ Ceelin တို့မှ ပူးပေါင်းတင်ဆက်ထားပါတယ်။