အခုနောက်ပိုင်းမှာ MBA ဘာ့ကြောင့် ခေတ်စားလာတာလဲ။

blank

စာချစ်သူတို့ရေ…။

အခုနောက်ပိုင်း ပညာရေးနယ်ပယ်နှင့် စီးပွားရေးနယ်ပယ်မှာ MBA ဆိုတဲ့ စကားလုံးလေးက ခေတ်စားလာခဲ့ပါတယ်။ ဒီ MBA ဆိုတဲ့ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ဟာ စီးပွားရေးနယ်ပယ်မှာ လိုအပ်နေတဲ့ အသ်ပညာတွေ၊ အရည်အသွေးတွေ၊ ကျင့်ဝတ်ဆိုင်ရာတွေအပြင် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် တတ်သိထားရမယ့် ပညာရပ်တွေပါဝင်တာကြောင့် လူတိုင်းနီးပါး စိတ်ဝင်စားလာကြပါတယ်။

နောက်ပြီး MBA တက်ခြင်းအားဖြင့် …

Self development အတွက်ရော career development အတွက်ရော များစွာ အထောက်အကူဖြစ်လာပါတယ်။

ရာထူးတွေ လုပ်အားလစာတွေ တိုးလာမယ်။

စီမံခန့်ခွဲမှု အတတ်ပညာတွေ တိုးလာတာကြောင့် လုပ်ငန်းခွင်ထဲမှာ အရင်ထက် ပိုမို အကျိုးရှိမယ့် စီမံခန့်ခွဲမှုတွေ လုပ်နိုင်လာမယ်။

လူအများနှင့် ပြောဆိုဆက်ဆံရာမှာ တိုးတက်လာလို့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေ လူမှုဆက်ဆံရေးကွန်ယက်တွေ ပိုမိုကျယ်ပြန့်လာစေပါတယ်။

စီးပွားရေးနယ်ပယ်က အကြောင်းအရာတွေနဲ့ အကျွမ်းဝင်ရှိလာရုံမက ကမ္ဘာ့တက္ကသိုလ်တွေက အသိအမှတ်ပြုတဲ့ဘွဲ့ကိုပါ ရနိုင်တာမို့ ကိုယ်ရည်ကိုယ်သွေးအတွက် အကောင်းချည်းပါပဲ! စာချစ်သူတို့ရေ ..

ဒီလို စီးပွားရေးနယ်ပယ်မှာ အသုံးဝင်လှတာကြောင့် MBA ဆိုရင် လူတိုင်းလိုလို တက်ချင်ကြပါတယ် …

MBA ကို သင်ကြားပေးနေတဲ့ ကျောင်းတွေကလည်း အများကြီးဆိုတော့ ဘယ်ကျောင်းက MBA ကို တက်ရမလဲဆိုတာလည်း ရွေးချယ်ရခက်စေပါတယ် …

ဒါကြောင့် ကျောင်းရွေးချယ်ရာမှာ သိထားသင့်တဲ့ အရာလေးတွေကို မျှဝေပေးချင်ပါတယ်။ လူအများစုက MBA တက်ဖို့ စုံစမ်းတဲ့အခါ ဈေးနှုန်းနှင့် ကာလအပိုင်းအခြားကိုသာ စိတ်ဝင်တစားရှိတတ်ကြပြီး သင်ရိုးညွှန်းတမ်းက ဘယ်လိုရှိမလဲ ဘယ်ဘာသာရပ်တွေကို သင်ကြားရမလဲ ဘယ်လိုသင်ကြားရေးစနစ်တွေနဲ့ သင်မှာလဲ ဆရာတွေကရော ဘယ်လိုမျိုးတွေလဲ လေ့လာဖို့ စာအုပ်တွေရော ထားရှိပေးရဲ့လား ကျောင်းရဲ့ဂုဏ်သတင်းကရော ကောင်းရဲ့လား ကျောင်းပြီးသွားတဲ့သူတွေရဲ့ အတွေ့အကြုံတွေကရော ကျောင်းပြီးရင် အလုပ်အကိုင် အခွင့်အလမ်းအတွက်ရော အထောက်အကူဖြစ်ပါ့မလား စတာတွေကိုလည်း လေ့လာစုံစမ်းဖို့ လိုအပ်ပါတယ်။

သင့်အနေနဲ့ ကောင်းမွန်တဲ့သင်ရိုးညွှန်းတမ်းတွေအပြင် လုပ်ငန်းခွင်ဝင်တဲ့အခါ အမှန်တကယ် ပြန်လည်အသုံးချနိုင်မယ့် အသိပညာတွေကို ပေးနိုင်တဲ့ သင်တန်းမျိုးကိုသာ ရွေးချယ်တက်ရောက်သင့်ပါတယ်။ Kaplan Myanmar University College  မှာ သင်ကြားပို့ချပေးနေတဲ့ MBA သင်တန်းဟာ Murdoch University ရဲ့ ကောင်းမွန်တဲ့သင်ရိုးညွှန်းတမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့အပြင် အပြည့်အဝ သင်ယူနိုင်ရန်အတွက် အထောက်အကူဖြစ်စေဖို့ ကောင်းမွန်တဲ့ facilities တွေလည်း ပါဝင်ပါတယ်။နိုင်ငံခြားသားဆရာတွေနဲ့ သင်ကြားရတဲ့အတွက် နိုင်ငံခြားမှာ ဆက်လက်ပညာသင်ကြားတာဖြစ်ဖြစ် လုပ်ငန်းခွင်ဝင်တာဖြစ်ဖြစ် culture တွေကိုပါ တပါတည်း လေ့လာပြီး ဖြစ်စေပါတယ်။ နိုင်ငံခြားသားဆရာတွေနဲ့ သင်ကြားရတဲ့အခါမှာလည်း Kaplan Singapore တွင် သင်ကြားပို့ချပေးနေတဲ့ ဆရာတွေနှင့်ပဲ သင်ယူရတာမို့ Singapore မှာ သွားရောက်တက်နေရသလို ခံစားရစေပါတယ်။ လုပ်ငန်းခွင်နယ်မှာ လိုအပ်မယ့် အတွေ့အကြုံဗဟုသုတနဲ့ လက်တွေ့လေ့ကျင့်သင်ယူနိုင်တာကြောင့် လုပ်ငန်းခွင်အတွက် ပြင်ဆင်ပြီးလည်း ဖြစ်စေတာမို့ အကျိုးရှိစေပါတယ်။

စာချစ်သူတို့အတွက် ပညာရေးဆိုင်ရာဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Kaplan Myanmar University College မှ ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။