နိုင်ငံခြားကိုသွားပြီး ကျောင်းတက်ရင် ဒီလိုအကျိုးကျေးဇူးလေးတွေ ခံစားရတတ်ပါတယ်။

စာချစ်သူတို့ရေ…။

ပညာရေးကို အားပေးလာတဲ့ ယနေ့ခေတ်ကြီးမှာ နိုင်ငံရပ်ခြားတိုင်းပြည်တွေကို သွားပြီး ပညာသင်ယူသူတွေ များပြားလာပါတယ်။ သင့်အနေနဲ့ကော နိုင်ငံရပ်ခြားကို သွားပြီး ကျောင်းတက်ဖို့ စဉ်းစားနေလား။ ဒါဆိုရင်တော့ သင့်အနေနဲ့ ဘယ်လိုအကျိုးကျေးဇူးလေးတွေ ခံစားရမယ်ဆိုတာကို ဂန္ထဝင်က သင့်အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ သက်ဆိုင်ရာဘာသာစကားနဲ့ ပိုပြီးရင်းနှီးကျွမ်းဝင်လာမယ်။

၂။ နိုင်ငံရပ်ခြားတိုင်းပြည်ရဲ့ အားလပ်ရက် အသုံးပြုမှုကို လက်တွေ့ခံစားသိမြင်နိုင်မယ်။

၃။ နေရာဒေသအမျိုးမျိုးက လူတွေနဲ့တွေ့ဆုံပြီး မိတ်ဆွေဖွဲ့နိုင်မယ်၊ အသိပညာဗဟုသုတတွေကို ဝေမျှနိုင်မယ်။

၎။ သင်ကြားနည်းအသစ်တွေနဲ့ ထူးခြားစွာ ပညာဆည်းပူးခွင့်ရမယ်။

၅။ မိမိကိုယ်ကိုယ်အားကိုးဖို့ သင်ယူတတ်လာမယ်။ ကိုယ့်တာဝန်ကိုယ်ယူတတ်လာမယ်။

၆။ လွတ်လပ်မှုရဲ့ အရသာကို ခံစားသိရှိနိုင်မယ်။

၇။ ကမ္ဘာ့နေရာအနှံ့အပြားက သူငယ်ချင်းတွေဆီက သူတို့ရဲ့ ဓလေ့ထုံးတမ်းတွေ၊ နိုင်ငံရေးအခြေအနေတွေကို လေ့လာခွင့်ရမယ်။

၈။ မိမိနိုင်ငံရဲ့ ဓလေ့ထုံးတမ်းတွေ၊ ယဉ်ကျေးမှုတွေကို အခြားရှုထောင့်ကနေ သုံးသပ်ခွင့်ရမယ်။

၉။ မိမိကိုယ်ကို ပြန်လည်သုံးသပ်နိုင်ပြီး အားနည်းချက်တွေ၊ အားသာချက်တွေကို ပိုသိမြင်လာမယ်။

၁ဝ။ နိုင်ငံရပ်ခြားတိုင်းပြည်မှာ ကိုယ့်ကိုယ်ကိုယ်အားကိုးပြီး နေလာတဲ့အတွက် မိမိတိုင်းပြည်ကို ပြန်ရောက်တဲ့အခါမှာ ရွယ်တူသူငယ်ချင်းတွေထက် ပိုပြီး လူကြီးဆန်မယ်။ မိမိဝေယျာဝစ္စတွေကို ကိုယ်တိုင်လုပ်ရတဲ့အတွက် ပိုပြီးအောက်သက်ကျေလာမယ်။

၁၁။ မိသားစုတွေနဲ့အဝေးမှာ ဘဝကို တစ်ဦးတည်းရင်ဆိုင်ရတဲ့အတွက် ဘဝအတွေ့အကြုံတွေ ပိုပြီး ရင့်သန်လာမယ်။ အခက်အခဲပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းလာနိုင်မယ်။

၁၂။ အိမ်နဲ့အဝေး၊ ချစ်ခင်ရသူတွေရဲ့ အဝေးမှာ ရုန်းကန်ရင်း ပိုပြီးစွန့်စားတတ်လာမယ်။ အသေးစိတ်ကအစ ကိုယ်တိုင်လုပ်ကြည့်ရင်း ကြောက်ရွံ့တတ်တဲ့ စိတ်တွေတဖြည်းဖြည်း လျော့နည်းလာမယ်။

၁၃။ မိသားစုတွေ၊ ချစ်ခင်ရသူတွေနဲ့ အဝေးမှာနေရတဲ့အခါ သူတို့ရဲ့တန်ဖိုးကို ပိုသိလာမယ်။ မိသားစုတွေရဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွေဟာ ဘဝအတွက် အရေးပါတယ်ဆိုတာကို နားလည်လာမယ်။

၁၄။ ငွေကြေးရဲ့တန်ဖိုး၊ လုပ်အားတွေရဲ့ တန်ဖိုးကို ပိုသိလာမယ်။ ငွေကို ပိုပြီး စစ်စစ်စီစီသုံးတတ်လာမယ်။

၁၅။ နိုင်ငံတကာမှာ အလုပ်လုပ်နိုင်တဲ့ ယုံကြည်မှုတွေ အခွင့်အလမ်းတွေရရှိလာနိုင်မယ်။

စာချစ်သူတို့ရေ…။

နိုင်ငံရပ်ခြားမှာ ပညာသွားသင်တဲ့အခါ ကောင်းကျိုးတွေများစွာ ရှိနေသလို သင့်ဖက်က ကြိုတင်ပြင်ဆင်သွားရမယ့်အရာလေးတွေလည်း ရှိပါတယ်။

ဥပမာ-

  • သွားရောက်မယ့် နိုင်ငံရဲ့ ဘာသာစကား၊ ဓလေ့ထုံးတမ်းတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် ပြင်ဆင်သွားတာ၊
  • တိုင်းပြည်အခြေအနေ၊ လူတွေရဲ့ အကျင့်စရိုက်တွေကို တီးမိခေါက်မိအောင် ပြင်ဆင်သွားတာ၊ တက်ရောက်မယ့် ကျောင်းရဲ့ အချက်အလက်တွေ၊ နောက်ခံသမိုင်းကြောင်းတွေ၊ နာမည်ဂုဏ်သတင်းတွေ၊
  • မြန်မာပြည်မှာ ချိတ်ဆက်တက်ရောက်ခဲ့တဲ့ ကျောင်းနဲ့ သင်ရိုးတွေ၊ ဘာသာရပ်တူညီမှု ရှိမရှိတွေကို ကြိုတင်ပြင်ဆင်သွားဖို့ လိုပါတယ်နော်။

စာချစ်သူတို့ရဲ့ ဗဟုသုတအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Kaplan Myanmar University College တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။