Rose Potpourri လေးတွေ ကိုယ်တိုင် လုပ်ကြည့်ရအောင်

blank

အိမ်တစ်အိမ်ကို ၀င်လိုက်ပြီဆိုတာနဲ့ ရနံ့လေးတွေ သင်းပျံ့နေတယ်ဆိုရင် လန်းဆန်းပြီး စိတ်ချမ်းသာမှုရရှိစေတယ်လေ။ ကိုယ့်အိမ်လေးမှာလည်း မွှေးရနံ့လေးတွေ သင်းနေအောင်၊ အိမ်တွင်းအလှဆင်ပြီးသားလည်းဖြစ်အောင် ရိုးရှင်းလွယ်ကူတဲ့ Rose Potpourri လေးတွေကိုကိုယ်တိုင် လုပ်ကြည့်ကြရအောင်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

လိုအပ်သော ပစည်းများ

–      ပန်းရောင်နှင်းဆီပန်း ပွင့်ဖတ်လေးများ- ကြွေပန်းကန်လုံး (၃) လုံး
–      အနီရောင်နှင်းဆီပန်း ပွင့်ဖတ်လေးများ- ကြွေပန်းကန်လုံး (၃) လုံး
–      နှင်းဆီဖူး အသေးစားလေးများ- ကြွေပန်းကန်လုံး (၂) လုံး
–      လာဗန်ဒါပန်းခရမ်းရောင်လေးများ- ကြွေပန်းကန်လုံး (၂) လုံး
–      နှင်းဆီပန်းရွက်များ- ကြွေပန်းကန်လုံး (၁) လုံး
–      အိုင်းရစ်ပန်းပင်၏အမြစ်မှရသောအမှုန့်- စားပွဲတင်ဇွန်း (၂) ဇွန်း (ချုပ်ဆေးအနေဖြင့်သုံးရန်)
–      နှင်းဆီပန်း အဆီ- (၁၅)စက်

ပြုလုပ်ပုံအဆင့်ဆင့်

၁။       လန်းဆန်းသော နှင်းဆီပန်းများကိုအသုံးပြုပါ။ ပွင့်ဖတ်လေးများကိုခြွေပြီး လင်ဗန်းထဲတွင် အခြောက်လှန်းပါ။

၂။       ပွင့်ဖတ်လေးများ၏ လေးပုံတစ်ပုံတိုင်းကို ချုပ်ဆေး စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ လာဗန်ဒါပန်းခြောက်၊ ၀က်သစ်ချပင်၏ ရေညှိ၊ စန္ဒကူးနံ့သာ တို့ကိုလည်း သုံးနိုင်ပါတယ်။

၃။       ကြိုက်နှစ်သက်ရာ အမွှေးအကြိုင်များလည်းထည့်နိုင်ပါတယ်။(ဥပမာ – သစ်ကြမ်းပိုးခေါက်၊ လေးညှင်းပွင့်၊ ဇာဒိပ္ဖိုလ်သီး၊ ရှောက်သီးခွံခြောက်၊ သစ်ခွပန်းဥ)

၎။       နောက်ဆုံးမှာတော့ ကြိုက်နှစ်သက်တဲ့ ရေမွှေးဆီ သို့မဟုတ် အခြားမွှေးရနံ့ဆီ တစ်မျိုးမျိုးကို တစ်စက် နှစ်စက်လောက် ထည့်လိုက်ပါ။

၅။       ပြီးရင်အားလုံးကို ကရားအိုးတစ်ခုတည်းမှာ အလုံပိတ်ပြီး ၁၀ ရက်ကြာနှပ်ထားပါ။

၆။       ပါဝင်ပစ္စည်းလေးတွေ နှံ့စပ်အောင် မကြာခဏ အိုးလေးကို လှုပ်ခါပေးပါ။

၁၀ရက်ပြည့်ပြီဆိုရင် ပွင့်ခြောက်လေးတွေအားလုံးကို ကြွေပန်းကန်လုံးလေးထဲထည့်ပြီး ဧည့်ခန်းထဲက စားပွဲပေါ်မှာပဲဖြစ်ဖြစ် ရနံ့မွှေးစေချင်တဲ့နေရာတိုင်းမှာ တင်ထားလိုက်ရုံပါပဲ။ နောက်တစ်မျိုးကတော့ စက္ကူအိတ်ကလေးတွေ၊ အ၀တ်အိတ်ကလေးတွေ၊ ဇာပ၀ါလေးတွေ ထဲမှာထည့်ပြီး Potpourri bag လေးတွေအဖြစ် အလှဆင်ပြီးရင် မိမိတို့စိတ်ကြိုက် နေရာတိုင်းမှာထားနိုင်ပါတယ်။ ရနံ့လေးတွေမွှေးကြိုင်လှပတဲ့ Rose Potpourri လေးတွေကြောင့် ပျိုမေတို့ရဲ့တစ်နေ့တာလည်းလန်းဆန်းပျော်ရွှင် နိုင်ကြပါစေ။

အ​တွေးအခေါ်များကို  မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။