သင့်ဥယျာဉ်လေးကို အလှဆင်ပေးမယ့် ခေါင်ရမ်းပန်းလေးတွေကို ဘယ်လိုစိုက်မလဲ။

blank

နွေနှောင်းပိုင်းမှာ လှိုင်လှိုင် ပွင့်တတ်တဲ့ ခေါင်ရမ်းပွင့်လေးတွေဟာ သင့်အိမ်ရဲ့နွေရာသီအလှကို တိုးမြှင့်ပေးနိုင်တဲ့ ပန်းပွင့်လေးတွေပါ။ သူ့ရဲ့ကာလာစုံအရောင်လေးတွေရယ်၊ ခပ်ကြီးကြီး ပန်းပွင့်လေးရဲ့အလှရယ်ဟာ ဓာတ်ဖမ်းဖို့အကောင်းဆုံးနေရာလေးကို ဖန်တီးပေးနိုင်ပါတယ်။  ခေါင်ရမ်းပန်းလေးတွေကို စိုက်ပျိုးချင်တယ်ဆိုရင်တော့ အပွင့်ကလေးတွေ အလှဆုံးဖြစ်ဖို့အတွက် အစိုဓာတ်အလုံအလောက်ပေးနိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် အဖူးလေးတွေ စထွက်တဲ့အချိန်၊ အပွင့်ပွင့်တဲ့အချိန်တွေမှာ ရေအလုံအလောက်ရအောင် လောင်းပေးပါ။ အဖူးလေးတွေဟာ နွေဦးကျမှ စထွက်တတ်ကြတာမို့ စိတ်ရှည်ရှည်ထားပါ။ အပင်ကို မတူးဆွပစ်ပါနဲ့။

ခေါင်ရမ်းပန်းလေးတွေဟာ….

  • နွေလယ်ကနေ နွေနှောင်းပိုင်းအချိန်ထိ ပွင့်တတ်ပါတယ်။
  • နေရောင်ကို အပြည့်အဝရရှိဖို့ လိုအပ်တဲ့ အပင်လေးတွေဖြစ်ပါတယ်။
  • အိုးထဲ ထည့်စိုက်မယ်ဆိုရင် အပင်ရဲ့ အမြစ်ကို အိုးအောက်ခြေထိ ရောက်ပါစေ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

  • ခေါင်ရမ်းပန်းတွေဟာ အပွင့်လှလှပပ၊ ငွားငွားစွင့်စွင့်ပွင့်နိုင်ဖို့အတွက် အစိုဓာတ်အလုံအလောက်ရရှိဖို့ လိုအပ်တာကြောင့် မြေဆီလွှာကို အမြဲတမ်းစိုစွတ်နေအောင် ဂရုစိုက်ပေးပါ။
  • ကာလရှည်ကြာစွာ အာဟာရဓာတ်တွေ ထောက်ပံ့ပေးနိုင်တဲ့ ဓာတ်မြေသြဇာကို အသုံးပြုပါ။
  • ရှုခင်းလေးလှနေစေဖို့အတွက် ခေါင်ရမ်းပန်းပင်လေးတွေကို နှစ်ရှည်ခံအပင်တွေရဲ့ အလယ်မှာ အပင်စိုက်တဲ့အိုးလေးတွေနဲ့ ထည့်စိုက်ထားပါ။

အပင်စိုက်ဝါသနာပါတဲ့ သူငယ်ချင်းလေးတွေကို mention ခေါ်သွားကြပါဦးနော်။