ဖယောင်းပင်လေးနဲ့ တူတဲ့ ကျောက်စိမ်းဧကရာဇ်ပင်ကို ဘယ်လိုစိုက်ပျိုးကြမလဲ။

blank

ကျောက်စိမ်းဧကရာဇ်ပင်ဆိုတာဟာ ရိုးတံတုတ်ပြီးတော့ အဖျားသွယ်လျသွားတဲ့အပင်လေးတွေဖြစ်ပါတယ်။ ရိုးတံတစ်လျှောက်မှာတော့ ငှက်မွှေးလေးတွေနဲ့တူတဲ့ ဘဲဥပုံအရွက်ပြောင်ပြောင်လေးတွေရှိပါတယ်။ ကျောက်စိမ်းဧကရာဇ်ပင်ပင်ရဲ့ ရိုးတံနဲ့ အရွက်လေးတွေဟာ တောက်ပြောင်ပြီး ဖယောင်းအုပ်ထားသလို ဖြစ်နေတဲ့အတွက်ကြောင့် လူတွေက သူ့ကို အပင်တုလေးလို့တောင် ထင်မှတ်တတ်ကြပါတယ်။

ကျောက်စိမ်းဧကရာဇ်ပင်လေးတွေကို အလင်းသိပ်မရလည်း ကောင်းစွာရှင်သန်နိုင်တာကြောင့် ပြတင်းပေါက်နည်းတဲ့ ရုံးခန်းတို့၊ အလင်းရောင်ရရှိမှုနည်းတဲ့ ရေချိုးခန်းလိုနေရာတို့မှာ အပင်စိုက်ချင်တယ်ဆိုရင် အသင့်တော်ဆုံး အပင်လေးပါပဲနော်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
အလင်းရောင်ကောင်းကောင်းရပြီးတော့ နေရောင်တိုက်ရိုက်မကျရောက်တဲ့နေရာမှာ စိုက်ပျိုးပါ။ အကယ်၍ စိုက်ထားတဲ့နေရာမှာ နေပူလွန်းရင် အပင်ရဲ့ ကိုင်းလေးတွေက အရိပ်ရတဲ့ဘက်ကို တိုးသွားပြီး အပင်လေးဟာ နေရောင်ကို ရှောင်ရှားတတ်ပါတယ်။ အဲ့ဒီလိုဖြစ်လာရင် နေရောင်ကျရောက်နေတဲ့နေရာတွေကို လိုက်ကာလေးနဲ့ ကာထားပေးလိုက်ပါ။

ကျောက်စိမ်းဧကရာဇ်ပင်လေးတွေဟာ အကြမ်းခံတဲ့အတွက် ဂရုမစိုက်ဘဲ လုံးဝပစ်ထားရင်တောင် ရှင်သန်နိုင်ပါတယ်။ ရေအလွန်အကျွံလောင်းတဲ့အခါ အရွက်တွေ ဝါသွားပြီး အမြစ်တွေကို ပုပ်စေနိုင်တဲ့အတွက် မြေဆီလွှာလုံးဝခြောက်သွားမှ ရေလောင်းပါ။ ရေမလောင်းဘဲနဲ့လည်း လပေါင်းများစွာရှင်သန်နိုင်ပေမယ့် အပင်ကြီးထွားမှုနှုန်းပိုမိုမြန်ဆန်စေဖို့ မြေဆီလွှာခြောက်သွားတိုင်း ဂရုတစိုက်ရေလောင်းပေးပါ။

ကျောက်စိမ်းဧကရာဇ်ပင်လေးတွေဟာ မြေသြဇာတောင်ထည့်ပေးစရာမလိုအပ်တဲ့ အပင်လေးတွေဖြစ်တဲ့အတွက် ကရိကထမများစေဘဲ မျက်စိပသာဒဖြစ်စေမယ့် အိမ်တွင်းစိုက်အပင်လေးတွေပါ။

အပင်စိုက်ဝါသနာပါတဲ့ သင့်သူငယ်ချင်းလေးတွေကို mention ခေါ်သွားပေးကြပါဦးနော်။