ရွှေလာငွေလာဂမုန်းပင်လေးတွေကို ဘယ်လိုစိုက်မလဲ။

blank

ခြင်းလှလှလေးတွေထဲမှာ စိုက်ပြီး နံရံမဗာ ချိတ်ထားချိတ်ထား စားပွဲတင် အလှပန်းအိုးလေးတွေမှာ စိုက်ပြီး အလှတင်ထားတင်ထား မျက်စိပသာဒဖြစ်စေတဲ့ ရွှေလာငွေလာ ဂမုန်းပင်လေးတွေကို ကြိုက်လားစာချစ်သူတို့ရေ..။

ရွှေလာငွေလာ ဂမုန်းပင်လေးတွေဟာ အပူပိုင်းပင်လေးတွေဖြစ်ပြီး စွတ်စိုမှုကိုလည်း နှစ်သက်တဲ့အတွက် မြန်မာနိုင်ငံ ရာသီဥတုနဲ့ အရမ်းကိုက်ညီပါတယ်။ စိုက်ရတာလည်း ကရိကထမများတဲ့အတွက် ရုံးခန်းတွေမှာ အစိုက်များပါတယ်။

ရွှေလာငွေလာ ဂမုန်းပင်လေးတွေဟာ မျက်လုံးတွေကို အေးချမ်းစေတဲ့အပြင် မျက်လုံးတိမ်စွဲခြင်းတွေကိုပါ ကာကွယ်ကုသပေးနိုင်ပါတယ်။ လေသန့်စင်ပေးနိုင်တဲ့  ရွှေလာငွေလာဂမုန်းပင်လေးတွေ ကြီးထွားနိုင်ဖို့ နေရောင်၊ ရေ၊ နဲ့ လေသန့်စင်မှု တွေကိုလိုအပ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

  • ရွှေလာငွေလာဂမုန်းပင်လေးတွေဟာ နေရောင်ကို ခံနိုင်ရည်ရှိပေမယ့် နေအရမ်းပူတာက အရွက်တွေကို နေစားစေနိုင်တာကြောင့် နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မယ့် နေရာကို ရှောင်ပါ။
  • မြေဆီလွှာကို စိုစွတ်နေပါစေ။ ဒါပေမဲ့ အရမ်းတော့ ရေမဝပ်ပါစေနဲ့။ ရေအလွန်အကျွံလောင်းမိခြင်းက အမြစ်တွေကို ပုပ်သိုးသွားစေနိုင်ပါတယ်။
  • ရွှေလာငွေလာဂမုန်းပင်လေးတွေဟာ အပူပိုင်းပင်လေးတွေဖြစ်ပြီး စွတ်စိုမှုကို သဘောကျတာကြောင့် အပူချိန်ကို ၇၀ ကနေ ၉၀ ဒီဂရီဖာရင်ဟိုက်ကြားရရင် ပိုကောင်းပါတယ်။ ဒါပေမဲ့ အပူချိန်ကို ၅၅ ကနေ ၈၅ ဒီဂရီ ဖာရင်ဟိုက်အတွင်းမှာ ထားကာစိုက်ပျိုးနိုင်ပါတယ်။

ရွှေလာငွေလာဂမုန်းပင်လေးတွေဟာ ငွေကုန်ကြေးကျမများဘဲ သင့်အိမ်၊ ရုံးအတွက် အလှဆင်ပေးနိုင်တဲ့ အပင်လေးတွေပါ။  အရမ်းဂရုစိုက်ဖို့လည်းမလိုသလို လေကောင်းလေသန့် လေးတွေလည်း တဝကြီးရှူလို့ရတယ်ဆိုတော့ အခုပဲ စိုက်လိုက်ကြစို့နော်။

အပင်စိုက်ဝါသနာပါတဲ့ သူငယ်ချင်းလေးတွေကို mention ခေါ်သွားကြပါဦးနော်။