အပူပိုင်း၊ အမြဲစိမ်းပင်လေးတွေဖြစ်တဲ့ Peace Lilies လေးတွေဟာချစ်စရာကောင်းတဲ့အပြင် လေသန့်စင်စေပြီးတော့ စိုက်ပျိုးရလွယ်ကူတဲ့အတွက် အခုနောက်ပိုင်းမှာ အစိုက်များလာတဲ့ အိမ်တွင်းစိုက်အပင်လေးတွေပါ။ အလင်းရောင်ကောင်းကောင်းသာရမယ်ဆိုရင် နွေဦးပိုင်းမှာ အဖြူရောင် ဒါမှမဟုတ် ဆင်စွယ်ရောင်အပွင့်လေးတွေ စပွင့်လာပြီးတော့ တစ်နှစ်ပတ်လုံး အပွင့်ပွင့်နိုင်ပါတယ်။
Peace Lilies လေးတွေကို စိုက်မယ်ဆိုရင်…..
- ရေမဝပ်စေဖို့ အပေါက်ပါတဲ့ အိုးမျိုးကို ရွေးချယ်ပါ။
- မြေတွေအမြဲ လတ်ဆတ်နေစေဖို့ နွေဦးကာလတွေမှာ ပန်းအိုးထဲက မြေကို လဲလှယ်ပေးပါ။
- ပန်းအိုးမနိုင်တော့လောက်အောင် ကြီးထွားလာပြီဆိုရင်တော့ အပင်ကို ကိုင်းခွဲပေးပါ။
ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။
အပင်သန်မာစေဖို့အတွက်…
- မြေကို အရမ်းရေမဝပ်စေဘဲ စိုစွတ်နေရုံသာထားပါ။ Peace Lilies တွေဟာ ခြောက်သွေ့မှုကို အချိန်တစ်ခုအထိ ခံနိုင်ရည်ရှိပေမယ့် အကြာကြီးပစ်ထားခဲ့မယ်ဆိုရင်တော့ အရွက်လေးတွေ ညိုမည်းလာတတ်ပါတယ်။
- Peace Lilies ဟာ အပူပိုင်းအပင် ဖြစ်တဲ့အတွက် အပူချိန်ကို ၆ဝ ဒီဂရီဖာရင်ဟိုက် အထက်မှာပဲ ထားပါ။
- နေရောင်တိုက်ရိုက်မကျရောက်စေဘဲ အလင်းကောင်းကောင်းရတဲ့နေရာမှာ ထားပါ။ အရှေ့ဖက်ကို မျက်နှာမူထားတဲ့ ပြတင်းပေါက်နားထားရင် ပိုကောင်းပါတယ်။
အပွင့်ပွင့်များများ ပွင့်စေဖို့အတွက်
- အပင်ကို နေရောင်တိုက်ရိုက်မထိတွေ့စေဘဲ လုံလောက်တဲ့အလင်းရောင်ရစေမယ့် နေရာမှာထားပါ။
- ပုံမှန်မဟုတ်တဲ့ ပန်းပွင့်အစိမ်းတွေ ပွင့်လာခဲ့ပြီဆိုရင်တော့ ဒါဟာ သုံးနေတဲ့ ဓာတ်မြေသြဇာ မမှန်ကန်လို့ဖြစ်ပါလိမ့်မယ်။
- ရေပုံမှန်မရခဲ့ရင်၊ ဓာတ်မြေသြဇာအသုံးများသွားရင်၊ အလင်းရောင်တအားများသွားရင်တော့ အရွက်ဖျားလေးတွေ ညိုလာနိုင်ပါတယ်။
- ရေအလုံအလောက်မရရင်၊ ရေများသွားရင်တော့ အရွက်တွေ ဝါလာနိုင်ပါတယ်။
အပင်စိုက်ဝါသနာပါတဲ့ သူငယ်ချင်းလေးတွေကို mention ခေါ်ခဲ့ပါဦးနော်။