ကံကောင်းခြင်းတွေ သယ်ဆောင်ပေးမယ့် Lucky Bamboo ကို ဘယ်လိုစိုက်ကြမလဲ။

blank

အပင်ပုံစံလေးက ချစ်စရာကောင်းပြီး ကံကောင်းစေတယ်လို့ လူသိများလာတဲ့အတွက်  Lucky Bamboo လေးတွေကို အခုနောက်ပိုင်းမှာ အိမ်တိုင်းလိုလိုမှာ အိမ်ရဲ့လာဘ်လာဘအတွက် စိုက်ပျိုးလာကြပါတယ်။ Lucky Bamboo လေးတွေဟာ မြေပေါ်မှာကော ရေပေါ်မှာပါ အလွယ်တကူစိုက်ပျိုးနိုင်ပြီး ဂရုစိုက်မှုအားကောင်းရင် အမြင့် ၂ ပေ၊ ၃ ပေ ထိကြီးထွားနိုင်ပါတယ်။ ဝါးပင်နဲ့တူတာကြောင့် Lucky Bamboo လို့ခေါ်တဲ့ အပင်လေးတွေဟာ လီလီပန်းမျိုးနွယ်စုထဲကဖြစ်ပါတယ်။

Lucky Bamboo လေးတွေကို ရေထဲမှာ စိုက်ပျိုးမယ်ဆိုရင်…
  • အပင်ကို စိုက်မယ့်အိုးထဲထည့်ပြီး မယိမ်းယိုင်အောင် ကျောက်စရစ်ခဲလေးတွေနဲ့ ထိန်းထားပေးပါ။
  • အပင်ရဲ့ အမြစ်လေးတွေကို ရေမြှုပ်နေအောင် အမြဲထည့်ထားပေးပါ။
  • ရေကို နှစ်ပတ် တစ်ကြိမ်လောက် လဲပေးပါ။
  • ရေကို အမြဲတမ်းကြည်လင်နေအောင် ဂရုစိုက်ပါ။
  • သန့်ရှင်းတဲ့ရေသန့်ကို အသုံးပြုပါ။
Lucky Bamboo လေးတွေကို မြေပေါ်မှာ ဘယ်လိုစိုက်မယ်ဆိုရင်….
  • လေဝင်လေထွက် ကောင်းပြီးတော့ ရေမဝပ်စေတဲ့ ပန်းအိုးကိုရွေးချယ်ပါ။
  • အပင်ရဲ့ပတ်လည်မှာ အမြစ်တွေ ကြီးထွားဖို့ တစ်လက်မလောက်နေရာရနိုင်မယ့် ပန်းအိုးကိုရွေးချယ်ပါ။
  • မြေဆီလွှာကို အမြဲတမ်းစိုစွတ်နေအောင် ဂရုစိုက်ပါ။
Lucky Bamboo လေးတွေကို အဆောင်အဖြစ်စိုက်ပျိုးချင်တယ်ဆိုရင်….။
  • အချစ်ရေးကံကောင်းချင်တယ်ဆိုရင် နှစ်ပင်စိုက်ပါ။
  • ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်းနဲ့ ချမ်းသာခြင်းတွေအတွက် ဆိုရင် သုံးပင်စိုက်ပါ။
  • လုပ်ငန်းခွင်တွေမှာ တိုးတက်အောင်မြင်ခြင်းတွေ သယ်ဆောင်ဖို့အတွက် လေးပင်စိုက်ပါ။
  • ကံကောင်းခြင်းနဲ့ ဥစ္စာစီးပွားအတွက်ဆိုရင် ခြောက်ပင်စိုက်ပါ။
  • သင်နဲ့ချစ်ခင်ရသူတွေရဲ့ ကျန်းမာရေးကောင်းမွန်မှုအတွက် ခုနှစ်ပင်စိုက်ပါ။
  • အလုပ်ကိစ္စတွေမှာ ပြီးမြောက်အောင်မြင်ချင်တယ်ဆိုရင် ဆယ်ပင်စိုက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

စာချစ်သူတို့ရေ…။

Lucky Bamboo လေးတွေကို အလှစိုက်တာပဲဖြစ်ဖြစ် ကံကောင်းစေဖို့အတွက် အဆောင်အဖြစ်စိုက်တာပဲဖြစ်ဖြစ် အပင်လေးတွေကို လှပသန်စွမ်းစေချင်တယ်ဆိုရင် အပင်ကို နေရောင်တိုက်ရိုက်မကျပေမယ့် အလင်းကောင်းကောင်းရတဲ့ နေရာမှာ ထားပါ။ အပင်တစ်ပင်လုံး နေရောင်ခြည်ကောင်းကောင်း ရစေဖို့ အပင်ကို လှည့်ပေးပါ။ ညှိုးနွမ်းနေတဲ့အရွက်တွေ၊ သေနေတဲ့အရွက်တွေကို ဖယ်ပေးပါ။ သတိထားရမှာကတော့ Lucky Bamboo လေးတွေဟာ လူတွေကို အန္တရာယ်မဖြစ်စေနိုင်ပေမယ့် ခွေးလေးတွေ ကြောင်လေးတွေ စားမိရင်တော့ အဆိပ်သင့်စေနိုင်ပါတယ်နော်။

ကံကောင်းခြင်းတွေသယ်ဆောင်ဖို့ Lucky Bamboo လေးတွေ စိုက်ကြရအောင်။ အပင်စိုက်ရတာ ဝါသနာတဲ့သူငယ်ချင်းတွေကိုလည်း mention ခေါ်လိုက်ပါဦး။