ပန်းဂေါ်ဖီစိမ်းကို အိမ်စိုက်ခင်းလေးမှာ စိုက်တော့မယ်ဆိုရင် သိထားသင့်တဲ့အချက်များ

blank

ပန်းဂေါ်ဖီစိမ်းကို ပန်းမုန်လာစိမ်းလို့လည်း ခေါ်ကြသလို သူ့ရဲ့ အင်္ဂလိပ်နာမည်ဖြစ်တဲ့ broccoli လို့လည်း ခေါ်ကြပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး အကျိုးကျေးဇူးတွေ အများကြီးရှိနေပါတယ်။ ဒါပေမဲ့ အဲဒီကျန်းမာရေးအကျိုးကျေးဇူးတွေရဖို့ဆိုတာ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ဓာတုပစ္စည်းတွေမသုံးဘဲ စိုက်ပျိုးမှသာ ဖြစ်နိုင်မှာပါ။ ဒီတော့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ ပန်းဂေါ်ဖီစိမ်းကို အိမ်မှာပဲအလွယ်တကူ စိုက်ပျိုးကြရအောင်လား။ ပန်းဂေါ်ဖီစိမ်း စိုက်ပျိုးနည်းကို အောက်မှာ ဖော်ပြပေးထားပါတယ်။

၁။ ပန်းဂေါ်ဖီစိမ်းမျိုးစေ့တွေကို စိုစွတ်တဲ့မြေရဲ့ လက်မဝက်လောက်အနက်မှာ စိုက်ပါ။ မြေသြဇာထည့်ပါ။

၂။ တစ်ပင်နဲ့တစ်ပင်ကြား ၂ ပေလောက် ခွာပြီး စိုက်ပါ။

၃။ ပန်းဂေါ်ဖီစိမ်းက နေရောင်ကို အပြည့်အဝလိုအပ်ပါတယ်။

၎။ မြေသားကို အမြဲစိုစွတ်နေအောင် ရေပုံမှန်လောင်းပါ။ ရေလောင်းတဲ့အခါမှာလည်း မြေသားကိုပဲလောင်းပါ။ အပင်ကို ရေမစိုအောင် သတိပြုပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ အမြစ်လေးတွေက တိမ်ပြီး နုတာကြောင့် ပေါင်းသင်တဲ့အချိန်မှာ ဂရုစိုက်ပါ။

၆။ ပန်းဂေါ်ဖီစိမ်းလေးတွေ ထွက်လာပြီး အပွင့်မပွင့်ခင်မှာ ခူးပါ။ အဝါရောင် ပွင့်ဖတ်လေးတွေတွေ့ရင် ချက်ချင်းခူးပါ။

၇။ အရသာပိုကောင်းချင်ရင် မြေကြီးမပူခင် မနက်ခင်းစောစောမှာ ခူးပါ။

၈။ ခူးတဲ့အချိန်မှာ ထိပ်ကအပွင့်ကိုပဲမခူးဘဲ ရိုးတံကို ၆ လက်မလောက်ပါအောင် ခူးပါ။

ပန်းဂေါ်ဖီစိမ်း တစ်အောင်စမှာပါတဲ့ ကယ်လ်စီယမ်ဓာတ်က နွားနို့တစ်အောင်စမှာပါတဲ့ ကယ်လ်ဆီယမ်ဓာတ်နဲ့ ညီမျှပါတယ်။ ပြီးတော့ သူ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေက ကင်ဆာရောဂါနဲ့ autism ရောဂါကို သက်သာစေတာကိုလည်း တွေ့ရပါတယ်။

အထက်ပါနည်းလမ်းလေးတွေအတိုင်း စိုက်ပျိုးပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ပန်းဂေါ်ဖီစိမ်းကို စားသုံးနိုင်ဖို့ ဒီစာစောင်လေးကို SHARE ထားလိုက်ဦးနော်။