လွှင့်ပစ်ရမယ့်သံပရာစေ့ကနေ သံပရာပင် အလွယ်တကူစိုက်ရအောင်

blank
Lemon

သံပရာ၊ သံပရို၊ ရှောက်ပင်လိုမျိုး ချဉ်တဲ့အသီးပင်တွေကို စိုက်ရင် အကျိုးကျေးဇူးတွေ အများကြီးရပါတယ်။ အရင်ဆုံး အပင်လေးကိုက အဖြူရောင်ပန်းလေးတွေ၊ အစိမ်းရင့်ရင့်အရွက်လေးတွေ၊ အဝါရောင်အသီးလေးတွေနဲ့ မြင်ရတာလှပတယ်။ အသီးတွေမှည့်သွားလို့ မခူးဖြစ်ရင်တောင် အပင်ပေါ်မှာ အချိန်အကြာကြီးလတ်ဆတ်စွာ ရှိနေနိုင်ပါတယ်။ ချဉ်တဲ့အသီးတွေမှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေပြီး လွယ်လွယ်ကူကူမဖျားအောင် ကာကွယ်ပေးပါတယ်။

သံပုရာပင်စိုက်ဖို့ ဘာတွေလိုလဲ။
  • သဘာဝအတိုင်းစိုက်ပျိုးထားတဲ့ organic အသီးတစ်လုံး။ (သံပရာ၊ သံပရို၊ ရှောက်)
  • သဘာဝမြေသြဇာ တစ်အိုးစာ။
  • အချင်း ၂ပေကျယ်ပြီး အမြင့် ၁ပေရှိတဲ့ ပန်းစိုက်အိုး။
  • အချင်း ၆ လက်မ၊ အမြင့် ၆လက်မရှိတဲ့ ပန်းအိုးအသေး။
  • နေရောင်ကောင်းကောင်းရတဲ့ စိုက်ပျိုးနေရာ။
စိုက်ပျိုးပုံအဆင့်ဆင့်

၁။ မြေကြီးနဲ့ မြေသြဇာကို ရေစိုရုံလေး ရေစွတ်ပါ။

၂။ အိုးအသေးထဲကို မြေကြီးထည့်ပါ။ အိုးနှုတ်ခမ်းနဲ့ ၁ လက်မ အကွာအထိ မြေကြီးထည့်ပါ။

၃။ အသီးကနေ အစေ့ကိုယူပြီး အိုးအသေးရဲ့မြေကြီးထဲကို လက်မဝက်လောက်အနက်မှာ မြှုပ်လိုက်ပါ။

၎။ ပြီးရင် အစေ့စိုက်ထားတဲ့နေရာ မြေကြီးအုပ်ပြီး ရေလေး နည်းနည်းဖြန်းပါ။

၅။ အိုးကို ပလက်စတစ်နဲ့အုပ်ပြီး ပလက်စတစ်အဖုံးခိုင်အောင် သားရေကွင်းနဲ့ပတ်ပါ။ လေဝင်ပေါက်ရဖို့ ပလက်စတစ်ကို ခဲတံနဲ့ အပေါက်လေးတွေ ဖောက်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ ပြီးရင် အဲဒီအိုးလေးကို နေရောင်ကောင်းကောင်းရပြီး နွေးထွေးတဲ့နေရာမှာထားပါ။ အပူရှိန်အရမ်းမပြင်းပါစေနဲ့။

၇။ အိုးထဲကမြေကြီးမခြောက်အောင် မကြာခဏ ရေဖြန်းပေးပါ။ ရေဝပ်မနေအောင်လည်း သတိပြုပါ။

၈။ ၂ပတ်လောက်ကြာရင် အပင်ပါက်လေးထွက်လာပါလိမ့်မယ်။ အပင်ပေါက်လေးထွက်လာရင် ပလက်စတစ်ကို ခွာလိုက်ပါ။ ပြီးရင် နေရောင်အောက်မှာထားပါ။

၉။ အပင်ပေါက်လေးကို နေရောင်အမြဲရအောင်၊ မြေကြီးအမြဲစိုစွတ်နေအောင် ဂရုစိုက်ပါ။ သဘာဝမြေသြဇာသုံးပေးပါ။

၁ဝ။ ပိုးကိုက်နေလား၊ ပိုးကျနေလား စစ်ဆေးပါ။ အရွက်ခြောက်တွေကို ဖယ်ပါ။

၁၁။ အပင်တဖြည်းဖြည်းကြီးလာရင် အိုးအသေးထဲကနေ အိုးအကြီးထဲကို ပြောင်းပြီးစိုက်ပါ။ အပင်ငယ်လေးတွေက အပင်ကြီးတွေထက် ရေပိုပြီးလိုအပ်ပါတယ်။ သံပရာ၊ သံပရို၊ ရှောက်ပင်တွေက ရေကောင်းကောင်းမရရင် အပင်လည်းကောင်းကောင်းမကြီးထွားသလို သေလည်းသေတတ်ပါတယ်။

ဗဟုသုတ ရစရာလေးမို့ SHARE လိုက်ပါနော်။ နောက်ထပ် ဘယ်လိုအပင်စိုက်နည်းလေးတွေကို တင်ဆက်ပေးရမလဲ… comment မှာ ပြောခဲ့ပါဦးနော်။