အိပ်ယာခင်းလျှော်ဖို့ပျင်းတတ်သူများ မဖြစ်မနေဖတ်ကြည့်ပါ။

စာချစ်သူတို့ရေ….

တချို့လူတွေဟာ အဝတ်အစားတွေကို တစ်ခါဝတ်ပြီးတစ်ခါလျှော်တတ်ပေမဲ့ အိပ်ယာခင်းတွေကိုတော့ တစ်ပတ်တစ်ခါလေးတောင် လျှော်ဖို့ပျင်းတတ်ကြပါတယ်။ “ပေလွယ်တာမဟုတ်တဲ့အတွက်၊ ညစ်ပတ်တဲ့အရာတွေနဲ့ ထိတွေ့တဲ့အဝတ်အစားမဟုတ်တဲ့အတွက်၊ လူမြင်တဲ့အရာမဟုတ်တဲ့အတွက်” စတဲ့ဆင်ခြေတွေနဲ့ အခြေအနေတော်တော်ဆိုးလာမှ အိပ်ယာခင်းကို လျှော်တတ်ကြပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တကယ်တော့ ကျွန်မတို့ခန္ဓာကိုယ်က ကြွေကျတဲ့ ဆဲလ်သေတွေ၊ ချွေးတွေဟာ မှိုအဖြစ်ပြောင်းပြီး အိပ်ယာခင်းပေါ်မှာ ကပ်နေတတ်ပါတယ်။ အဲဒါဟာ အိပ်ယာခင်းမှန်မှန်လဲစေဖို့ အကြောင်းပြချက်တစ်ခုပဲမဟုတ်လား စာချစ်သူတို့ရေ….

တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာ ဆရာဝန်တွေကလည်း အိပ်ယာခင်းကိုမှန်မှန်လဲပေးခြင်းဟာ အရေပြားရောဂါနဲ့ ဗိုင်းရပ်(စ်) ရောဂါတွေ၊ ဆီးလမ်းကြောင်းရောဂါတွေ၊ နမိုးနီးယားနဲ့ ဘက်တီးရီးယားဆိုင်ရာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်…. ပျင်းတဲ့စိတ်လေးကို နည်းနည်းဖယ်ပြီး အိပ်ယာခင်းလေးမှန်မှန်လျှော်ရင်း ရောဂါတွေကို အပြီးသတ်ကာကွယ်လိုက်ကြစို့လားစာချစ်သူတို့ရေ….

အိပ်ယာခင်းလျှော်ဖို့ပျင်းတတ်တဲ့ သူငယ်ချင်းကိုသတိပေးဖို့ SHARE ထားလိုက်ပါဦး။