ဆယ်ကျော်သက်ပျိုပျိုမေတို့အတွက် ရိုးရှင်းတဲ့ အသားအရေထိန်းသိမ်းနည်းလေးများ

blank
  • အာနိသင်ကောင်းတဲ့ မျက်နှာသစ်ဆေးနဲ့ တစ်နေ့နှစ်ကြိမ် မျက်နှာ ပုံမှန်သစ်ပေးပါ။
  • မျက်နှာပေါ်မှာ အဆီနဲ့ အညစ်အကြေးတွေ ပြောင်အောင် ရေအေးနဲ့ ကြာကြာသစ်ပါ။
  • အာနိသင်ကောင်းတဲ့ cleaner၊ toner၊ moisturizer တွေကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ပုံမှန်သုံးပါ။
  • တစ်ပတ်မှာ အနည်းဆုံးတစ်ကြိမ် scrub လုပ်ပါ။
  • ဝက်ခြံ၊ ဆားဝက်ခြံတွေကို ဖြစ်စေတဲ့ အသင့်စားအစာအစာတွေကို ရှောင်ပါ။
  • အသားအရေ စိုပြည်စေဖို့ ရေများများသောက်ပါ။ ရေဓာတ်ဖြည့်တင်းပေးခြင်းက ဝက်ခြံနဲ့ ဆားဝက်ခြံတွေ သက်သာစေပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

  • တစ်ညမှာ အနည်းဆုံး ၈ နာရီ အိပ်ပါ။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ။
  • မိတ်ကပ်ကို တကယ်လိုအပ်မှသာ လိမ်းပါ၊ မလိုအပ်ဘဲ ခဏခဏမလိမ်းပါနဲ့။ မိတ်ကပ်ကို အလွန်အကျွံလိမ်းခြင်းက ဝက်ခြံ၊ ဆားဝက်ခြံနဲ့ အရေပြားပြဿနာတွေကို ဖြစ်စေပါတယ်။
  • စိုးရိမ်စိတ်လွန်ကဲတာက အသားအရေအပေါ် ထိခိုက်မှုတွေ ရှိတာကြောင့် စိုးရိမ်စိတ်ကို လျှော့ချပါ။
  • အားကစား ပုံမှန်လုပ်ပါ။ တရားထိုင်ပါ။
  • ပျော်ပျော်နေပါ။

ပျိုမေတို့ရေ သူငယ်ချင်းတွေလည်း သိအောင် SHARE ပေးဖို့ မမေ့နဲ့နော်။