ကော်ဖီရဲ့ အခြားအသုံးဝင်ပုံများ

blank
Coffee beans and paper coffee cup

၁။ လက်မှာစွဲနေတဲ့ ငါးညှီနံ့၊ ကြက်သွန်နံ့ စတဲ့ အနံ့ဆိုးတွေကို ပျောက်စေနိုင်တယ်။ ကော်ဖီမှုန့်တွေကို လက်မှာ ပွတ်ပြီး ရေလေးနဲ့ဆေးပေးရုံပါပဲ။

၂။ ကော်ဖီမှုန့်နဲ့ မုန့်ဖုတ်ဆိုဒါအနည်းငယ်ကိုရောပြီး ရေနည်းနည်းနဲ့ အနှစ်ဖြစ်အောင်မွှေပါ။ ပြီးရင်မျက်နှာအနှံ့လိမ်းပြီး ၁၅ မိနစ်ကြာရင် ရေဆေးချလိုက်ပါ။ ဒီနည်းက အဆီပြန်ခြင်းကို သက်သာစေပြီး အသားအရေကိုစိုပြေစေပါတယ်။

၃။ နှပ်ပြီးလို့ပိုနေတဲ့ လွှင့်ပစ်ရမယ့် ကော်ဖီအမှုန့်အနှစ်တွေကို ခွက်လေးတစ်ခွက်ထဲထည့်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။ အနံ့ဆိုးတွေကင်းစေပါတယ်။

၎။ နှပ်ပြီးကျန်တဲ့ ကော်ဖီအမှုန့်အနှစ်ကို အုန်းဆီစစ်စစ်နဲ့ရောပြီး အဆီပြင်ရှိတဲ့နေရာတွေကို လိမ်းပါ။ အသားထဲစိမ့်ဝင်အောင် ပွတ်ပြီး နှိပ်ပေးပါ။ မိနစ်အနည်းငယ်ကြာမှ ရေဆေးလိုက်ပါ။ အဆီပြင်တွေကို ဖယ်ရှားပေးပြီး အသားအရေကို တင်းရင်းချောမွေ့စေပါတယ်။

၅။ ခေါင်းပေါ်က သန်းတွေ၊ ခွေးလေးကြောင်လေးတွေကိုယ်ပေါ်က မွှားတွေကို ကော်ဖီမှုန့်သုံးပြီး ဖယ်ရှားလို့ရပါတယ်။ နှပ်ပြီးကျန်တဲ့ ကော်ဖီအမှုန့်အနှစ်တွေကို အမွေးတွေပေါ်ကနေ ဦးရေပြားထိစိမ့်ဝင်အောင်လိမ်းပြီး ၁၅ မိနစ်လောက်ကြာရင် လျှော်လိုက်ပါ။ ခွေးလေးကြောင်လေးတွေ အနံ့ဆိုးတွေမရှိတော့ဘဲ မွှေးနေမှာပါ။

၆။ ကော်ဖီမှုန့်စစ်စစ်ကို ပျစ်ပျစ်လေးဖျော်ပြီး အအေးခံပါ။ ပြီးရင် ဆံသားအနှံ့လိမ်းပြီး ၁၅မိနစ်လောက်ပေါင်းထားပါ။ ပြီးရင်လျှော်လိုက်ပါ။ ဆံသားလေးတွေ လှပတောက်ပြောင်နေပါလိမ့်မယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ ဟိုဘက်အိမ်က ကြောင်က သင့်အိမ်ကိုလာပြီး အညစ်အကြေးလာစွန့်တာကို မကြိုက်ဘူးဆိုရင် ကော်ဖီကိုသုံးပြီး ကြောင်ပြေးအောင်လုပ်နိုင်ပါတယ်။ သံပုရာခွံတွေနဲ့ ကော်ဖီမှုန့်ရောပြီး  ကြောင်ဝင်လာနေကျနေရာမှာ ထားထားလိုက်ရင် ကြောင်တွေမလာတော့ပါဘူး။

၈။ ကော်ဖီမှုန့်ရယ်၊ သံလွင်ဆီရယ်ကို အနှစ်ဖြစ်အောင် ရောမွှေပြီး ဘူးလေးထဲမှာထည့်ထားပါ။ ရေချိုးတိုင်း အဲဒီအနှစ်လေးနဲ့ပွတ်ပြီး ချေးချွတ်နိုင်ပါတယ်။ ပြီးရင် ၁၅ မိနစ်လောက်ခဏထားပြီး ရေဆေးလိုက်ပါ။ အရေပြားပေါ်က ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေစိုဝင်းလာပါလိမ့်မယ်။

၉။  နှပ်ပြီးကျန်တဲ့ကော်ဖီမှုန့်အနှစ်တွေကို အအေးခံပါ။ ပြီးရင် အဝတ်လေးနဲ့တို့ပြီး သစ်သားပရိဘောဂတွေကို ပွတ်ပါ။ ပရိဘောဂတွေ ပြောင်လက်လာပါလိမ့်မယ်။

၁ဝ။ ကော်ဖီစေ့လေးတွေကို ပုလင်းလှလှလေးထဲထည့်၊ စားပွဲပေါ်မှာ တင်ထားရင် အလှဆင်ပြီးသားလည်းဖြစ်၊ အနံ့ဆိုးတွေစုပ်ပြီးသားလည်းဖြစ်ပါတယ်။

၁၁။ ကော်ဖီကို ကိတ်တွေ၊ မုန့်တွေ၊ ကွတ်တီးတွေပြုလုပ်ရာမှာလည်း သုံးနိုင်ပါတယ်။

သိထားရမှာတစ်ခုကတော့ ကော်ဖီမစ်မဟုတ်ဘဲ ကော်ဖီမှုန့်စစ်စစ်ကို အသုံးပြုရမှာဖြစ်ပါတယ်။

သင့်မှာရော ကော်ဖီကို တခြားဘယ်လိုနည်းလမ်းလေးတွေနဲ့ သုံးသေးလဲ။ Comment box မှာ မျှဝေပေးခဲ့ဦးနော်။