စာချစ်သူတို့ရေ….
စာချစ်သူတို့ရဲ့ ပတ်ဝန်းကျင်မှာ အိမ်ထောင်ကျပြီးသွားတဲ့နောက်ပိုင်း အရင်ကထက်ပိုလှလာတဲ့ မိန်းကလေးတွေကို တွေ့ဖူးလား။ လက်ထပ်ပြီးတဲ့နောက်မှာ အသားအရေတွေစိုပြည်လာပြီး တောက်ပလာတာကိုလည်း သတိထားမိလား။ တချို့မိန်းကလေးတွေဟာ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ပိုပိုလှလာတာကို အချစ်ရဲ့တန်ခိုးကြောင့်လို့ အားလုံးက ယေဘုယျသတ်မှတ်ထားကြပါတယ်။ တကယ်တော့ တချို့မိန်းကလေးတွေ အိမ်ထောင်ကျပြီး ပိုလှလာတယ်ဆိုတာ စိတ်ချမ်းသာအောင် ထားတဲ့ ခင်ပွန်းသည်ကြောင့်ပါ။
မိန်းကလေးတစ်ယောက် စိတ်ချမ်းသာနေတဲ့အခါ အသားအရေတွေ တောက်ပပြီး ကြည်လင်နေပါတယ်။ ခင်ပွန်းသည်ရဲ့ ချစ်ခင်မှု၊ ဂရုစိုက်မှုနဲ့ အလေးပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ ဇနီးသည်တွေဟာ စိတ်ချမ်းသာနေတဲ့အတွက် အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း လှပလာရခြင်းဖြစ်ပါတယ်။ ခင်ပွန်းသည်အများစုဟာ လက်ထပ်ပြီးကာစမှာ ဇနီးသည်ကို အပြည့်အဝဂရုစိုက်တယ်။ အချိန်ပေးတယ်။ စိတ်ရှည်လက်ရှည်နဲ့ ပြောဆိုဆက်ဆံတယ်။ ဒါကြောင့် ဇနီးသည်ဟာ လက်ထပ်ပြီးစမှာ အရင်ကထက်ပိုလှလာတာပေါ့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
ဒါ့ကြောင့် လှပတဲ့ဇနီးသည်ကို တစ်သက်တာလုံး ပိုင်ဆိုင်ချင်တယ်ဆိုရင် ….
သူမကို အမြဲတမ်း ဂရုစိုက်ပါ။
လုံခြုံနွေးထွေးတဲ့ ချစ်ခြင်းတွေ ပေးပါ။
သူမအတွက်အချိန်ပေးပါ။ တီတီတာတာစကားလေးတွေ ပြောပေးပါ။
ဇနီးသည်ကို စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးအောင် ဂရုစိုက်ပေးတတ်တဲ့ခင်ပွန်းကို ပိုင်ဆိုင်ထားတဲ့အခါ၊ ဇနီးသည်ရဲ့ အလှတရားတွေဟာ တိုးသည်ထက်တိုးပြီပေါ့။ သင့်ဇနီးသည်ရဲ့ လက်ထပ်ပြီးနောက်ပိုင်းအလှတရားတွေဟာ သင့်အပေါ်မှာ အများကြီးမူတည်တာကြောင့် သင့်ဇနီးသည်ကို ဂရုစိုက်ခြင်းတွေပေးဖို့ မမေ့ပါနဲ့နော်။
သက်ဆိုင်သူသိစေဖို့ mention ခေါ်လိုက်ပါဦးနော်။