သင့်လက်နဲ့လုံးဝမထိသင့်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ၈ နေရာကို သိပါသလား။

blank

တကယ်တော့ လက်တွေဆိုတာ ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယားပိုးတွေ ဝင်ရောက်လာနိုင်တဲ့ အဓိကပင်မလမ်းကြောင်းနဲ့ တူပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်တွေက ခန္ဓာကိုယ်အစိတ်အပိုင်း တွေကို ထိတွေ့ခြင်းဖြင့် ဘက်တီးရီးယားပိုးတွေဝင်ရောက်ပြီး ကျန်းမာရေးကို ထိခိုက်စေလို့ပါ။ အထူး သဖြင့် အောက်မှာဖော်ပြထားတဲ့ အစိတ်အပိုင်း ၈ နေရာဟာ လက်နဲ့မထိတွေ့သင့်တဲ့နေရာတွေဖြစ်ပါ တယ်။

၁။ မျက်နှာ

လက်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး အသားအရေဓာတ်မတည့်မှုကိုဖြစ်ပေါ်စေတဲ့ ဗိုင်း ရပ်စ်တွေ၊ ဘက်တီးရီးယားပိုးတွေ တွယ်ကပ်နေပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ ခဏခဏမထိ တွေ့မပွတ်သပ်မိအောင် ဆင်ခြင်ပါ။

၂။ ပါးစပ်

သင့်တစ်ရက်တာလုံး လက်နဲ့ပါးစပ်ကို ဘယ်နှကြိမ်လောက် ထိကိုင်မိနေလဲဆိုတာ သတိထား မိဖူးပါသလား။ လေ့လာတွေ့ရှိမှုအရ ဘက်တီးရီးယားပိုးတွေရဲ့ လေးပုံတစ်ပုံဟာ လက်ချောင်းထိပ်က နေ ပါးစပ်တွေဆီရောက်ပြီး ပျံ့နှံ့ကုန်တာပါ။ ဒါကြောင့် သင့်လက်နဲ့ ပါးစပ်ကို မထိမိအောင် သတိ ထားဆင်ခြင်ပါ။

၃။ နှာခေါင်း

နှာခေါင်းတွင်းမှာ ဘက်တီးရီးယားတွေရှိနေပါတယ်။ အဲ့ဒီဘက်တီးရီးယားပိုးတွေနဲ့ သင့်လက် က ဘက်တီးရီးယားပိုးတွေထိတွေ့တဲ့အခါ သင့်ကျန်းမာရေးအတွက် ဆိုးကျိုးတွေကို သယ်ဆောင်လာ ပေးမှာပါ။

၎။ တင်ပါး

တင်ပါးမှာရှိတဲ့ E.Colo လို့ခေါ်တဲ့ ဘက်တီးရီးယားတွေဟာ သင့်ကျန်းမာရေးကို ကောင်း ကောင်း ဒုက္ခပေးနိုင်တာကြောင့် မတော်တဆထိတွေ့ပြီးရင်လည်း သင့်လက်ကို ကောင်းကောင်း ဆေးကြောသင့်ပါတယ်။

၅။ မျက်လုံး

မျက်လုံးတွေဟာ တကယ်ကိုအနုနယ်ဆုံးနေရာဖြစ်ပါတယ်။ လက်နဲ့ပွတ်သပ်မိရုံနဲ့တင် နီရဲ လာပါတယ်။ ဒါကြောင့် ဘက်တီးရီးယားပိုးတွေရှိနေတဲ့ သင့်လက်နဲ့ မျက်လုံးတွေကို မထိတွေ့မိ အောင် ဆင်ခြင်သင့်ပါတယ်။

၆။ နား

        နားတွေမှာ သူ့ဘာသာသူသန့်စင်တဲ့စနစ်ရှိပြီးသားပါ။ နားဟာနုနယ်တဲ့အတွက် လက်ကနေ တစ်ဆင့် ဘက်တီးရီးယားပိုးအသစ်တွေ ကူးစက်ပေါက်ဖွားဖို့ လွယ်ကူလှပါတယ်။ ဒါကြောင့် နားထဲ နားဖာချေးပိတ်နေရင်ဖြစ်ဖြစ်၊ ကူးစက်မှုတစ်ခုခုဖြစ်နေရင်ဖြစ်ဖြစ် သင့်လက်နဲ့ သန့်ရှင်းတာထက် ဆရာဝန်ကို ပြသတာအကောင်းဆုံးပါပဲ။

၇။ လက်သည်း

သင့်လက်ကို ဆပ်ပြာနဲ့ဘယ်လောက်ဆေးကြောပေမဲ့ ဆပ်ပြာမရောက်နိုင်တဲ့လက်သည်းကြား တွေမှာတော့ ဘက်တီးရီးယားပိုး အမြဲရှိနေပါတယ်။ ဒါကြောင့် လက်သည်းတွေကို ပါးစပ်ထဲထည့်တာ မျိုးတွေမလုပ်ပါနဲ့။

၈။ ထိခိုက်ဒဏ်ရာ

ခန္ဓာကိုယ်မှာ အနာတရတစ်ခုခုဖြစ်ရင် လက်ကိုမဆေးဘဲနဲ့ မကိုင်ပါနဲ့။ လက်မှာ မမြင်ရတဲ့ ဘက်တီးရီးယားပိုးတွေအများကြီးမို့ အနာတရကို ပိုကြီးထွားစေနိုင်ပါတယ်။

လူတိုင်းသိထားသင့်တဲ့ ဗဟုသုတလေးတွေမို့ ဖတ်ပြီးရင် SHARE ဖို့ မမေ့ပါနဲ့နော်။