မျက်မှန်တပ်ထားရပေမဲ့ အလှဆုံးဖြစ်စေဖို့ ဒီမိတ်ကပ်ပြင်နည်းလေးတွေက သင့်ကိုကူညီပါလိမ့်မယ်

blank

           မျက်မှန်ကြီး တပ်ထားရလို့ အလှကောင်းကောင်း မပြင်ရဘူးလို့ ဘယ်သူပြောလဲ။ မျက်မှန်တပ်ရလည်း မျက်နှာအလှကို အလှဖြစ်စေဖို့ နည်းလမ်းလေးတွေရှိတယ်နော်။ ဒီနည်းလမ်းလေးတွေအတိုင်း ပြင်မယ်ဆိုရင် မျက်မှန်မတပ်ထားတဲ့သူတွေထက်တောင် လှပနေမှာပါ။

၁။ မျက်လုံးအလှပေါ်လွင်စေဖို့ မျက်လုံးကို ဖျော့ဖျော့လေးပဲ ခြယ်ပါ။

Eye liner အထူကြီးတွေ၊ အရောင်ရင့်ရင့် smoky eye ခြယ်တာကြီးတွေက မျက်မှန်သမားတွေအဖို့ အလွန်အကျူးခြယ်သထားသလိုပါပဲ။ အဲဒီအစား အညိုရောင်လေးတွေပဲ ခြယ်ပြီး eye liner ပါးပါးလေးပဲ ဆွဲပါ။ ဒါမှ ဘောင်ခတ်ထားတဲ့ မျက်ဝန်းအလှပိုင်ရှင်ဖြစ်မှာပါ။

၂။ Mascara ကိုလည်း ပါးပါးလေးပဲ ဆိုးပါ။

မျက်မှန်ကနေ တဆင့်မြင်ရတာကြောင့် မျက်တောင်တွေက ပိုပြီး ထင်ရှားနေတတ်ပါတယ်။ ဒါကြောင့် မျက်တောင် နည်းနည်းလေး ထူသွားရင်တောင် ထူပိန်းနေသလို မြင်ရစေနိုင်ပါတယ်။ မျက်တောင်နဲ့ မျက်မှန်နဲ့ သွားထိနိုင်တာကြောင့် ရှည်လျားကော့ညွတ်စေတဲ့ mascara ကိုလည်း မသုံးသင့်ပါဘူး။ သာမန် mascara လေးကိုပဲ ပါးပါးလေးဆိုးပေးပါ။

၃။ မျက်လုံးတဝိုက်ကို concealer သုံးဖြစ်အောင် သုံးပါ။

မျက်မှန်ကြောင့် အရိပ်ကျပြီး မျက်ကွင်းတွေ ပိုညိုနေသလို ထင်ရတတ်ပါတယ်။ ဒါကြောင့် မျက်လုံးအောက်ကို concealer ကောင်းကောင်းသုံးပေးရပါမယ်။ Concealer သုံးရင်လည်း ထူပိန်းနေအောင် မလိမ်းဘဲ ပါးပါးလေးနဲ့ ညီညီလေး လိမ်းပါ။

၎။ နှုတ်ခမ်းနဲ့ ပါးအလှကို ပေါ်လွင်အောင် ခြယ်သပါ။

မျက်မှန်ကြောင့် မျက်လုံးအလှကို ဦးစားမပေးရတာကြောင့် နှုတ်ခမ်းနဲ့ ပါးကို ဦးစားပေးပြီး ခြယ်ပါ။ နှုတ်ခမ်းနီအညိုရောင်၊ ပါးနီအညိုရောင်တွေက မျက်မှန်နဲ့ပေါင်းလိုက်ရင် လူကိုရင့်သွားစေပါတယ်။ ပန်းရောင်၊ ချယ်ရီရောင်၊ အနီရောင် စတဲ့အရောင်လေးတွေကို သုံးပြီး နှုတ်ခမ်းနဲ့ပါးမို့မို့လေးတွေကို လှလှပပခြယ်လိုက်ပါ။

ဒါဆိုရင် မျက်မှန်လေးနဲ့လှနေတဲ့ အလှပိုင်ရှင်လေးတွေ ဖြစ်သွားပြီပေါ့။ လောကကြီးကို ဘောင်ခတ်ပြီး ကြည့်နေရပေမဲ့ သင့်အလှတွေကို ဘောင်ခတ်လို့မရတော့ဘူးဆိုတာတော့ ယုံလိုက်ပါ။

မျက်မှန်တပ်ရတဲ့သူငယ်ချင်းလေးတွေကို mention ခေါ်လိုက်ပါဦးနော်။