မျက်နှာအလှကို ပျက်ပြားစေနိုင်တဲ့ မိတ်ကပ်လိမ်းနည်း အလွဲများ

blank
၁။ Primer မခံဘဲ မိတ်ကပ်လိမ်းခြင်း။

Primer မခံဘဲ မိတ်ကပ်လိမ်းရင် မိတ်ကပ်ကွက်တာ၊ ပျက်တာတွေ၊ အဆီပြန်တာတွေဖြစ်တတ်ပါတယ်။

၂။ Eye shadow မခြယ်ခင် မျက်လုံးအောက်ကို concealer လိမ်းခြင်း။

        အကောင်းဆုံးကတော့ eye shadow ခြယ်ပြီးမှ concealer လိမ်းတာပါပဲ။ ဒါမှ လိုင်နာပေတာတွေ၊ eye shadow အမှုန်ကျတာတွေ၊ ပေကျံတာတွေကို concealer လေးနဲ့ ဖုံးကွယ်နိုင်မှာ ဖြစ်ပါတယ်။

၃။ အောက်မျက်တောင်တွေကို mascara နဲ့ ကော့ခြင်း။

အောက်မျက်တောင်တွေကို mascara သုံးလိုက်ရင် မျက်ဝန်းအိမ် ပိုကျဉ်းသွားပြီး မျက်ဝန်းအလှကို မပေါ်လွင်ဖြစ်စေနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အောက်မျက်ခမ်းမှာ လိုင်နာ အထူကြီးဆိုးခြင်း။

အောက်မျက်ခမ်းမှာ liner အမည်း ဆိုးမယ်ဆိုရင် ပါးပါးလေးပဲ ဆိုးပေးပါ။ အထူကြီးဆိုးလိုက်ရင် မျက်လုံးပိုမှေးသွားသယောက်ထင်ရပါတယ်။

၅။ Concealer လိမ်းပြီးမှ foundation လိမ်းခြင်း။

Foundation လိမ်းပြီးမှ concealer လိမ်းရမယ်ဆိုတာ လူတိုင်းလိုလို သိကြပါတယ်။ ဒါပေမဲ့ တချို့တွေက concealer ကို အောက်မှာ ခံလိမ်းကြပါတယ်။ ဒီလိုမလိမ်းသင့်ပါဘူး။

၆။ Mascara တွေကို ထူထဲနေအောင် အထပ်ထပ်ဆိုးခြင်း။

မျက်တောင်ပေါ်မှာ mascara တွေ အတုံးလိုက်အခဲလိုက် ထူပိန်းနေတာမျိုးတွေက ကြည့်ရဆိုးသလို မျက်လုံးအလှကို ဖုံးကွယ်ထားသလို ဖြစ်စေနိုင်ပါတယ်။ မျက်တောင်ထူတာလေးမှ ကြိုက်တယ်ဆိုရင်တော့ volume mascara ကို တစ်ထပ်တည်းဆိုးရင် လုံလောက်ပါပြီ။

၇။ လည်ပင်းကိုလည်း မျက်နှာလို မိတ်ကပ်မလိမ်းခြင်း။

မျက်နှာက ဖွေးပြီး လည်ပင်းက မည်းနေရင် တော်တော် ကြည့်ရဆိုးပါတယ်။ ဒါကြောင့် လည်ပင်းကိုလည်း foundation လိမ်းပါ။

၈။ နှုတ်ခမ်းနီအရောင်ရင့်လွန်းခြင်း။

နှုတ်ခမ်းနီအရောင်ရင့်ကို စနစ်တကျမဆိုးတတ်ရင် မျက်နှာတစ်ခုလုံး အလှပျက်ပြီး ကြည့်ရဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းနီအရောင်ရင့်ကို ဆိုးတော့မယ်ဆိုရင် သေသေချာချာ စနစ်တကျ ဆိုးသင့်ပါတယ်။

၉။ ကိုယ့်အသားအရောင်နဲ့ ကွာလွန်းတဲ့ concealer အရောင်သုံးခြင်း။

Concealer သုံးတဲ့အခါ သဘာဝအတိုင်း ပြီးပြည့်စုံစွာ လှပနေဖို့ foundation ထက် တစ်ရောင်ပိုဖွေးတဲ့ concealer အရောင်ကို ရွေးချယ်ပါ။

၁ဝ။ Eyeliner ကို ဘေးတွေပါပေအောင် ဆိုးထားခြင်း။

ဒီတစ်ချက်ကတော့ ထွေထွေထူးထူးပြောစရာ မလိုပါဘူး။ Eye liner ကို ဘေးတွေပေအောင် မသပ်မရပ်ဆိုးထားမှတော့ အလှပျက်ပြီပေါ့။

၁၁။ ပါးရိုးပုံဖော်တဲ့အခါ သိသာထင်ရှားပြီး ညိုကွက်နေအောင် ဖော်ထားခြင်း။

ပါးရိုးဖော်ပြီးတဲ့အခါ blending ကောင်းကောင်းမလုပ်ရင် သိပ်ကို ကြည့်ရဆိုးပါတယ်။

၁၂။ Eye shadow ဘူးထဲမှာပါတဲ့ စုတ်တံကိုပဲ အသုံးပြုပြီး ခြယ်သခြင်း။

Eye shadow palette တွေထဲမှာပါတဲ့ စုတ်တံတွေက တကယ်တမ်းခြယ်ကြည့်မယ်ဆိုရင် အရောင်ထွက် မကောင်းစေသလို blending လည်း ကောင်းကောင်းမလုပ်နိုင်ပါဘူး။ ဒါကြောင့် brush set ထဲက စုတ်တံလေးတွေကိုပဲ သုံးပါ။

ဂန္ထဝင်ပျိုမေတို့ရေ… ဒီအပြုအမူလေးတွေက ပျိုမေတွေအများစု သတိမထားမိဘဲ ကျူးလွန်နေကြတဲ့ အလွဲလေးတွေ ဖြစ်ပါတယ်။ ဒီဟာလေးတွေကို ကိုယ်က သတိမထားမိပေမဲ့ ဒါလေးတွေကြောင့် ဖြစ်လာတဲ့ မျက်နှာပေါ်က မလှပမှုတွေကတော့ လူအများသတိထားစရာဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ပြီးပြည့်စုံတဲ့ အလှတရားကို ပိုင်ဆိုင်နိုင်စေဖို့ ဒီအလွဲလေးတွေကို ရှောင်ကြဉ်ကြပါလို့ တိုက်တွန်းလိုက်ပါရစေရှင်။ အပိုင်း (၂) ကိုလည်း စောင့်မျှော်ဖတ်ရှုကြပါဦးနော်။

အလှကြိုက်တဲ့ သူငယ်ချင်းတွေကို mention ခေါ်လိုက်ပါဦးနော်။