ဆံပင်ကျွတ်ရခြင်းအကြောင်းရင်းကို သိပ္ပံနည်းကျ ဆန်းစစ်ကြည့်တဲ့အခါ…

blank

ဆံပင်တိုသည်ဖြစ်စေ၊ ဆံပင်ရှည်သည်ဖြစ်စေ ဆံပင်ကျွတ်တတ်ပါတယ်။ တစ်နေ့ကို နည်းနည်းပဲ ဆံပင်ကျွတ်တယ်ဆိုရင်တော့ ဒါဟာ ပုံမှန် ဆဲလ်လုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်ကျွတ်တာကို မစိုးရိမ်ပါနဲ့။

သိပ္ပံနည်းကျ လေ့လာချက်တွေအရ ကမ္ဘာပေါ်က ဘယ်နေရာမှာပဲနေနေ နွေဦးနဲ့ ဆောင်းဦးရာသီထက် ပူလွန်းတဲ့ နွေရာသီနဲ့ အေးလွန်းတဲ့ ဆောင်းရာသီတွေမှာ ဆံပင်တွေ ပိုပြီး ကျွတ်တတ်တာကို လေ့လာတွေ့ရှိရပါတယ်။ ဒီတွေ့ရှိချက်ကြောင့် ဆောင်းရာသီနဲ့ နွေရာသီတွေမှာ ဆံပင်ကျွတ်ရင်လည်း စိတ်ပူစရာမလိုဘူးလို့ သိရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တစ်ခါတလေမှာ ကိုယ်နဲ့မတည့်တဲ့ ဆံပင်ဆိုင်ရာ အလှကုန်ပစ္စည်းတွေသုံးမိရင်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ဆံသားအလှကုန် တစ်ခုခုသုံးမိလို့ ဆံပင်တွေ ပိုကျွတ်လာတယ်ဆိုရင် သုံးနေတဲ့ ဆံသားအလှကုန်ကို မသုံးတော့ဘဲ ရပ်ထားလိုက်ပါ။

နောက်တစ်ချက် သိထားရမှာက ဆံပင်ကျွတ်ခြင်းက ခန္ဓာကိုယ်တွင်းက ကျန်းမာရေးအခြေအနေတွေကိုလည်း ဖော်ပြပေးနေပါတယ်။ စိတ်ဖိစီးမှုများနေရင်၊ ရောဂါတစ်ခုခုကြောင့် ကိုယ်အလေးချိန် ရုတ်တရက်ကျသွားရင်၊ စားသောက်နေထိုင်မှုပုံစံလွဲနေရင်၊ ဒါမှမဟုတ် ခန္ဓာကိုယ်တွင်းမှာ ရောဂါတစ်ခုခုဖြစ်နေပြီဆိုရင်လည်း ဆံပင်အများကြီး ကျွတ်နိုင်ပါတယ်။ ဒါကြောင့် ဆံပင်တွေလည်း အများကြီးကျွတ်တယ်၊ နေလို့ထိုင်လို့မကောင်းဘူးဆိုရင် ဆရာဝန်နဲ့ ပြသပြီး ကျန်းမာရေးစစ်ဆေးပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဆံပင်ကျွတ်တတ်တဲ့ သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦး။