ဖောင်းကားပြီး တွဲကျနေတဲ့ပါးပြင်တွေကြောင့် စိတ်ညစ်နေပြီလား

blank

          အသက်အရွယ်ကြောင့်ဖြစ်စေ၊ အခြားအကြောင်းရင်းတွေကြောင့်ဖြစ်စေ ပါးစုံနှစ်ဖက်က တွဲကျနေပြီဆိုရင် သိပ်ကိုရုပ်ဆိုးပါတယ်။ ဒါပေမဲ့ မပူပါနဲ့။ ဒီလို ပါးနှစ်ဖက်တွဲကျတာကို ခွဲစိတ်စရာမလိုဘဲ လေ့ကျင့်ခန်းလေးလုပ်ရုံနဲ့ လွယ်ကူစွာပြန်လည်တင်းရင်းအောင် လုပ်နိုင်ပါပြီ။

၁။ မျက်နှာလေ့ကျင့်ခန်းလုပ်ပါ။

အဆင့် (၁) ပါးစပ်ထဲကို လေအပြည့်မှုတ်သွင်းပြီး လေတွေကို ပါးစပ်ထဲမှာ လှည့်ပါ။ ဘယ်-ညာ၊ အပေါ်-အောက် ရွှေ့ပါ။ စက်ဝိုင်းပုံစံ လှည့်ပါ။

အဆင့် (၂)  ပါးစပ်ထဲကို လေအပြည့်မှုတ်သွင်းပြီး လေတွေကို ပါးစပ်ထဲမှာ ထိန်းထားပါ။ ၁ ကနေ ၅ အထိ စိတ်ထဲကနေ ရေတွက်ပါ။ ၅ အထိရေပြီးသွားရင် ပါးစပ်ကို အပေါက်ကျဉ်းလေးဖွင့်ပြီး မှုတ်ထုတ်လိုက်ပါ။

အဆင့် (၃)  ပါးစပ်ထဲ လေအပြည့်မှုတ်သွင်းပြီး ဖောင်းနေတဲ့ ပါးကို လက်ချောင်းလေးတွေနဲ့ ဖိပါ။ လက်ချောင်းလေးတွေရဲ့ ဖိအားကို လေဖောင်းထားတဲ့ ပါးနဲ့ ခုခံပါ။

အဆင့် (၄) “အ၊ အိ၊ အု၊ အဲ၊ အော” ကို ပါးစပ်အကျယ်ကြီးဖွင့်ပြီး တစ်လုံးချင်းစီ အော်ပါ။

အဆင့် (၅)  အောက်နှုတ်ခမ်းကို အပေါ်နှုတ်ခမ်းနဲ့ ဖိပါ။ ပြီးတော့ အပေါ်နှုတ်ခမ်းကိုလည်း အောက်နှုတ်ခမ်းနဲ့ ဖိထားပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ ပျားရည်နဲ့ မျက်နှာကို နှိပ်နယ်ပါ။

အပေါ်က လေ့ကျင့်ခန်းလေးတွေ လုပ်ပြီးပြီဆိုရင် ပျားရည်လေးနဲ့ နှိပ်နယ်ရအောင်။

အဆင့် (၁) သင့်လက်ချောင်းထိပ်လေးတွေကို ပျားရည်အနည်းငယ်သုတ်လိုက်ပါ။

အဆင့် (၂) ပါးပြင်ကို ပျားရည်သုတ်ထားတဲ့ လက်ချောင်းထိပ်လေးတွေနဲ့ အသာအယာလေး ဆွဲဆိတ်ပေးပါ။

ဒီလိုလုပ်ခြင်းက ပါးပြင်တစ်ဝိုက်မှာ သွေးလည်ပတ်မှုကောင်းစေပြီး အသားအရေကို တင်းရင်းစေပါတယ်။

ပြီးရင် မျက်နှာသစ်လိုက်ပါ။

အပေါ်မှာ ပြခဲ့တဲ့ လေ့ကျင့်ခန်းလေးတွေရယ်၊ နှိပ်နယ်ပုံလေးရယ်ကို နေ့တိုင်းပုံမှန်လုပ်ပေးမယ်ဆိုရင် ခွဲစိတ်ဆရာမလိုဘဲ လှပတင်းရင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်စေမှာပါ။

လက်တွေ့အသုံးချ စာစောင်လေးမို့ SHARE ထားလိုက်နော်။