ဝက်ခြံဘေး ကင်းဝေးစေဖို့ အကြံပြုချက်လေးများ

blank

မျက်နှာလေးလှချင်ပါရက်နဲ့ ဝက်ခြံတွေကြောင့် အလှပျက်နေပါသလား။ ဈေးကြီးတဲ့ အသား အရေထိန်းသိမ်းပစ္စည်းတွေ၊ လက်လှမ်းမီရာ ဆေးဝါးတွေနဲ့ ဝက်ခြံပျောက်ဆေးတွေကို သုံးပေမဲ့လည်း ဝက်ခြံမပျောက်လို့ စိတ်ညစ်နေပါသလား။ ဒီလိုဆိုရင်တော့ သင့်ဘဝနေထိုင်စားသောက်မှုပုံစံတွေကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ လိုအပ်နေပါပြီ။

၁။ မျက်နှာကို လက်နဲ့အမြဲထိတွေ့ကိုင်တွယ်နေခြင်း။

လက်ချောင်းတွေဟာ တစ်နေ့တာသွားလာလှုပ်ရှားရင်း ရောဂါပိုးတွေကို ကိုင်တွယ်မိပါတယ်။ အဲ့ဒီရောဂါပိုးတွေရှိတဲ့လက်နဲ့ မျက်နှာပေါ် ထိတွေ့ကိုင်တွယ်မိတဲ့အခါမှာ ဝက်ခြံတွေကို ဖြစ်ပေါ်စေ တာကြောင့် မျက်နှာကို လက်နဲ့မကြာခဏ ကိုင်တွယ်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။

၂။ ကိုယ်အလေးချိန်လျှော့ချနည်း လွဲနေခြင်း။

ကိုယ်အလေးချိန်မှန်ကန်စွာလျှော့ချနည်းက ကိုယ်ကောစိတ်ပါ ကျန်းမာစေပေမဲ့ သရေစာနဲ့ ကာဗွန်ပါတဲ့အစားအသောက်တွေကို စားသောက်ခြင်း၊ အချိန်မှန်မစားခြင်းနည်းလမ်းကတော့ အသား အရေကို ထိခိုက်ခြင်း၊ ဝက်ခြံထွက်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ သရေစာ ကို ကြိုက်တယ်ဆိုရင်လည်း အသီးအရွက်နဲ့ပေါင်းစပ်ထုတ်လုပ်ထားတဲ့ သရေစာမျိုးကို စားပါ။ ရေများ များသောက်သင့်ပါတယ်။

၃။ စိတ်ဖိစီးမှုများခြင်း။

စိတ်ဖိစီးမှုဟာ အဆီဂလင်းပိုထွက်စေတဲ့ဟော်မုန်းဓာတ်ကို ထုတ်လွှတ်ပေးတဲ့အတွက် ချွေး ပေါက်တွေကို ပိတ်ဆို့စေပါတယ်။ ဒါကြောင့် တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းနဲ့ ပေါ့ပေါ့ပါးပါးလေ့ ကျင့်ခန်းလေးတွေကို ပြုလုပ်ခြင်းအားဖြင့် စိတ်ဖိစီးမှုကို ရှေုာင်ကြဉ်သင့်ပါတယ်။

၎။ ဆံကေသာပစ္စည်းတွေကို စနစ်တကျသုံးစွဲပါ။

ခေါင်းလျှော်ရည်၊ ပျော့ဆေး၊ စပရေး၊ ဂျဲလ် စတဲ့ ထုတ်ကုန်တွေထဲမှာပါဝင်တဲ့ ဆာလဖိတ်၊ ဆီ လီကွန်နဲ့ တခြားဓာတုပစ္စည်းတွေဟာ အသားအရေထိခိုက်မှုနဲ့ ဝက်ခြံတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ ကြောင့် အသုံးပြုပြီးတဲ့အခါ မျက်နှာ၊ လည်ပင်း၊ ပါးပြင်တစ်ဝိုက်နဲ့ လည်ဂုတ်နေရာတွေက ဆံကေသာ သုံးပစ္စည်းအကြွင်းအကျန်တွေကို သေချာဆေးကြောသန့်စင်ပေးသင့်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ ဆေးလိပ်သောက်ခြင်း။

ဆေးလိပ်သောက်တဲ့အခါ ဆေးလိပ်ငွေ့တွေက မျက်နှာပြင်အသားအရေကို ယားယံစေခြင်းနဲ့ အဆီပြန်ခြင်း၊ ကော်လဂျင်ဓာတ်ဆုံးရှုံးခြင်းနဲ့ ချွေးပေါက်ကျယ်ခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ အဲ့ဒီ အ ရာတွေက ဝက်ခြံကိုဖြစ်ပေါ်စေတဲ့အတွက် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

၆။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ မျက်နှာမသန့်စင်ခြင်း။

ချွေးထွက်ခြင်းက မျက်နှာပေါ်က အညစ်အကြေးတွေအားလုံးကို ထွက်လာစေတာကြောင့် ချွေးပေါက်ပိတ်ပြီး ဝက်ခြံတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ် ပြီးတဲ့အခါ မျက်နှာသစ်ရုံလေးမဟုတ်ဘဲ ဆပ်ပြာနဲ့ သေသေချာချာ ဆေးကြောပေးသင့်ပါတယ်။

၇။ အဝတ်လျှော်ဆပ်ပြာမှုန့် ဓာတ်မတည့်ခြင်း။

ဓာတ်မတည့်တဲ့အဝတ်လျှော်ဆပ်ပြာမှုန့်နဲ့ လျှော်ပြီးတဲ့အခါ အဝတ်ပေါ်တင်ကျန်ရစ်တဲ့ ဆပ်ပြာ မှုန့်တွေက ခန္ဓာကိုယ်နဲ့ အသားအရေကို ထိခိုက်စေပါတယ်။ ဒါကြောင့် ဝက်ခြံထွက်တာကို ဟန့်တား ချင်တယ်ဆိုရင် သင့်အနေနဲ့ ဆပ်ပြာမှုန့်ကို ပြောင်းသုံးသင့်ပါတယ်။

၈။ ခေါင်းအုံးစွပ် မလဲခြင်း။

ညစ်ပတ်နေတဲ့ခေါင်းအုံးစွပ်တွေနဲ့ အိပ်ရာခင်းအဖုံးတွေဟာ မျက်နှာနဲ့ အသားအရေရဲ့ ချွေး ပေါက်တွေကို ပိတ်ဆို့စေပါတယ်။ ဒါကြောင့် ညစဉ်အိပ်စက်နေရတဲ့ အိပ်ရာခင်းနဲ့ ခေါင်းအုံးတွေကို အမြဲသပ်ရပ်အောင် ထားသင့်ပါတယ်။

မိန်းမသားတို့အတွက် အလှအပနဲ့ကျန်းမာရေးကို အထောက်အကူပြုနေတဲ့ဆောင်းပါးလေးကို တခြား သူတွေပါဖတ်ရအောင် SHARE လိုက်ပါဦးနော်။