ထိပ်ပြောင်တဲ့အမျိုးသားတွေက ယောကျာ်းပီသပြီး ပိုဆွဲဆောင်မှုရှိတယ်ဆိုပဲ…

blank

ဒါဟာ အသစ်လေ့လာတွေ့ရှိချက်ဖြစ်ပါတယ်။

ယနေ့ခေတ်မှာ ထိပ်ပြောင်နေတဲ့ကိုကိုတွေအနေနဲ့ အားငယ်စရာမလိုတော့ပါဘူး။ တကယ် တော့ သူတို့တွေဟာ ယောက်ျားတိုင်း မရနိုင်တဲ့အခွင့်အရေးတစ်ခုကို ရထားကြတာပါ။

ဘာကြောင့်လဲဆိုတော့ အမျိုးသမီးအများစုက ထိပ်ပြောင်တဲ့ယောက်ျားတွေဟာ ကိုယ့်ကိုယ် ကို ယုံကြည်မှုပိုရှိတယ်၊ ယောက်ျားပီသပြီး ပိုဆွဲဆောင်မှုရှိတယ်လို့ ယေဘုယျအားဖြင့် လက်ခံထား ကြလို့ဖြစ်ပါတယ်။

အမေရိကန်ဆံပင်ကျွတ်ခြင်းကို လေ့လာနေတဲ့အဖွဲ့ရဲ့ အဆိုအရ အသက် ၃၅ နှစ်အရွယ် ယောက်ျားသုံးယောက်မှာ နှစ်ယောက်ဟာ ဆံပင်ကျွတ်ပါတယ်။ အသက် ၅ဝ အတွင်း အမျိုးသား ၈၅ ရာခိုင်နှုန်းကတော့ ဆံပင်အများအပြားကျွတ်တဲ့ လက္ခဏာရပ်တွေကို ကြုံတွေ့ကြရတာမို့ ဒါဟာ ပုံမှန် အခြေအနေတစ်ခုလို့တောင် ဆိုနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါကြောင့် ထိပ်ပြောင်နေတာကို ဖုံးကွယ်ဖို့ကြိုးစားတာထက် ရှိတဲ့အတိုင်းထားတာက ပိုဆွဲ ဆောင်မှုရှိပါတယ်လို့ နားလည်သူတွေက အကြံပြုထားကြပါတယ်။

ပြီးတော့ အမျိုးသမီးတွေအနေနဲ့လည်း အမျိုးသားတွေကို မြင်မြင်ချင်း ဆံပင်ကိုအရင်တွေ့ကြ တာမှန်ပေမဲ့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ ဆံပင်ထက် အဓိကကျတာက မျက်လုံးဖြစ်ပါတယ်။ မိန်းမ တစ်ယောက်နဲ့ယောက်ျားတစ်ယောက်စတွေ့တဲ့အခါ အပြန်အလှန် ဆွဲဆောင်နိုင်တာကလည်း မျက် လုံးပါ။

ဒါကြောင့် ဆံပင်မရှိတဲ့အမျိုးသားများအနေနဲ့ မိမိစိတ်ဝင်စားတဲ့အမျိုးသမီးနဲ့ဆုံတဲ့အခါ မျက် လုံးချင်း အရင်ဆုံတွေ့ခြင်းအားဖြင့် ရင်းနှီးကျွမ်းဝင်မှုကို ပုံမှန်ထက် ပိုမိုလွယ်ကူစွာ တည်ဆောက်နိုင် စေမှာပါ။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။