ဆံပင်အတို ညှပ်ပြီးသူတိုင်း ကြုံရမယ့် ဖြစ်ရပ်များ

blank
၁။ အရပ်ပိုရှည်လာသယောင် ထင်ရမယ်။

အရပ်ချင်းတူနေရင်တောင် ဆံပင်တိုတဲ့သူက ဆံပင်ရှည်တဲ့သူထက် အရပ်ပိုမြင့်သယောင်ထင်ရစေပါတယ်။ ပြီးတော့ လှပကျော့ရှင်းပြီး ဆွဲဆောင်မှုပိုရှိလာစေပါတယ်။

၂။ အတွင်းစိတ်ရဲ့ ခွန်အားကို ရှာတွေ့လာမယ်။

စိတ်အရမ်းညစ်ပြီး ဝမ်းနည်းနေရက် ဆံပင်သာညှပ်လိုက်ပါ။ ဆံပင်ပုံစံပြောင်းသွားတာနဲ့ စိတ်ကလည်း အလိုလိုတက်ကြွလာပြီး ရှေ့ဆက်လျှောက်ဖို့ ခွန်အားတွေ ရှိလာတာကို တွေ့ရလိမ့်မယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အရေးအကြောင်းတွေ သိပ်မဖြစ်တော့ဘူး၊ ပိုမိုနုပျိုလာမယ်။

ဆံပင်ရှည်ရဲ့ အလေးချိန်က မျက်နှာအသားအရေကို သက်ရောက်ပြီး အရေပြားကို ဆွဲဆန့်ထားသလိုဖြစ်စေပါတယ်။ အရေပြားကို ဆွဲဆန့်ထားတော့ နဖူးပေါ်မှာ အရေးအကြောင်းတွေ ပိုမိုဖြစ်ပေါ်စေပါတယ်။ ပြီးတော့ ဆံပင်ရှည်ပုံစံတွေက လူကိုပိုရင့်စေပါတယ်။ ဆံပင်ညှပ်လိုက်ရင် ပိုမိုနုပျို လှပသွားပြီလေ။

၎။ သူငယ်ချင်းတွေကြားမှာ စတိုလ်ကျပြီး ဖက်ရှင်လန်းတဲ့သူဖြစ်လာမယ်။

အခုခေတ်မိန်းကလေးတွေမှာ ဆံပင်အဖြောင့်အရှည်ထားသူများပေမဲ့ ဆံပင်တိုတိုကို ပုံဆန်းဆန်းလေးညှပ်ထားတတ်တဲ့သူ ရှားတယ်လေ။ ဆံပင်စတိုင်လ် အလန်းစားညှပ်ပြီး ခပ်လန်းလန်းဝတ်တတ်သူက သူငယ်ချင်းတွေကြားမှာ အားကျစရာပုံစံဖြစ်နေပြီး တမူထူးခြားနေမှာပါ။

၅။ ဆံပင်အလှပြင်ဆိုင်ကိုတော့ မကြာခဏသွားရမယ်။

ဆံပင်တိုတာကို ဆံပင်ညှပ်ဆိုင်သွားဖို့ လိုလို့လားလို့ မေးတတ်ကြပါတယ်။ တကယ်က ဆံပင်တိုတိုညှပ်ထားတဲ့သူတွေက ဆံပင်ညှပ်ဆိုင်ကို မကြာခဏသွားရပါတယ်။ ဆံပင်တိုပုံစံတွေက ရှည်လာတဲ့အခါ ပုံပျက်လာတတ်တာကြောင့် အမြဲတမ်းသွားပြီး ဆံပင်ညှပ်၊ ပုံသွင်းရပါတယ်။

၆။ မနက်တွေမှာ အချိန်ကုန်သက်သာလာမယ်။

မနက် ရုံးသွား၊ ကျောင်းသွားဖို့ ပြင်ရင် ခေါင်းလျှော်ရတာ၊ ခေါင်းဖြီးရတာ၊ ဆံပင် ပုံသွင်းရတာ၊ ဆံပင်အလှဆင်ရတာနဲ့တင် အချိန်တွေ တော်တော်ကုန်ပါတယ်။ ဆံပင်အတိုညှပ်ထားလိုက်ရင်တော့ ဆံပင်အတွက် အချိန်သိပ်မပေးရလို့ အချိန်ကုန်တာတွေ သက်သာလာပါလိမ့်မယ်။

၇။ ခေါင်းလျှော်ရည်ဖိုး အကုန်အကျသက်သာလာမယ်။

ထွေထွေထူးထူး ပြောနေစရာ မလိုပါဘူး။ ဆံပင်တိုသွားတော့ ခေါင်းလျှော်ရည်နည်းနည်းသုံးပြီး လျှော်လည်း အဆင်ပြေတာကြောင့် ခေါင်းလျှော်ရည်ကုန်တာ သက်သာတယ်လေ။ ပြီးတော့ ဆံပင်တိုတဲ့အတွက် ခေါင်းချွေးထွက်တာ၊ ဆံသားအဆီပြန်တာတွေ သိပ်မရှိတော့တာကြောင့် ခေါင်းလျှော်ရည်ကုန် သက်သာမှာပါ။

ကဲ… ဆံပင် အတိုညှပ်ဖို့ ဆုံးဖြတ်လိုက်ပြီလား။ သင်ဆံပင်အတိုညှပ်လိုက်ရင်ရော ဘာဖြစ်မယ်ထင်လဲ။ Comment box မှာ ပျော်ပျော်ပါးပါးဖြေခဲ့ပါ။