ဆောင်းရာသီမှာ နှုတ်ခမ်းသားလေးတွေရဲ့ လှပနူးညံ့မှုကို ထိန်းသိမ်းထားနိုင်ဖို့

blank

“မြောက်လေအပြန်၊ ဟေမာန် ဆောင်းရာသီ၊ ငွေခြည်ငွေနှင်းလေးတွေ ဖျန်းပက်နေတော့သည်” တဲ့။ သီချင်းလေးအတိုင်းဆိုရင်တော့ ဆောင်းရာသီက သိပ်ကို သာယာလှပပါတယ်။ ဒါပေမဲ့ ဆောင်းရာသီဆိုတာ ပျိုမေတို့အတွက် အလှအပရေးရာနဲ့ပတ်သက်ပြီး ဒုက္ခအများဆုံး ရာသီတစ်ခုဖြစ်နေပါတယ်။

ဆောင်းတွင်းမှာ ပျိုမေအများစု ကြုံရတဲ့ပြဿနာက နှုတ်ခမ်းသားတွေ ခြောက်သွေ့အက်ကွဲတာပါပဲ။ ခြောက်သွေ့တဲ့ နှုတ်ခမ်းသားတွေဟာ ဆွဲဆောင်မှုကို လျော့နည်းစေနိုင်သလို အရေခွံကွာတဲ့အခါမှာလည်း နာကျင်ရပါတယ်။ ဒီတော့ ဆောင်းရာသီမှာ နှုတ်ခမ်းသားအလှအပကို ထိန်းသိမ်းပြီး ဆွဲဆောင်မှုရှိပြီး နုထွေးနူးညံ့တဲ့ နှုတ်ခမ်းလေးတွေကို ပိုင်ဆိုင်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင်။

၁။ နှုတ်ခမ်းကိုက်တာ၊ လျှာနဲ့သပ်တာကို ရှောင်ကြဉ်ပါ။

နှုတ်ခမ်းကို လျှာနဲ့ ခဏခဏသပ်တာက နှုတ်ခမ်းကိုခြောက်သွေ့စေပြီး နှုတ်ခမ်းကိုက်ခြင်းက နှုတ်ခမ်းကို ကွဲအက်စေပါတယ်။ ဒီလိုအကျင့်တွေကို မစွန့်လွှတ်နိုင်ဘူးဆိုရင်လည်း နှုတ်ခမ်းနီအဆီဘူးလေးကို သွားလေရာ သယ်သွားပြီး နှုတ်ခမ်းကို မကြာခဏဆိုးပေးပါ။

၂။ ရေများများသောက်ပါ။

ရေဓာတ်ပြည့်ဝမှုကြောင့် နှုတ်ခမ်းသားလေးတွေ နူးညံ့ရွှန်းစိုနေတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်နေရင်တော့ နှုတ်ခမ်းသားတွေ ခြောက်သွေ့ကြမ်းတမ်းတတ်ပါတယ်။ ဒါကြောင့် ရေများများသောက်ပါ။

၃။ ညအိပ်ရာဝင်ခါနီးတိုင်း နှုတ်ခမ်းကိုပေါင်းတင်ပါ။

ညအိပ်ရာဝင်ချိန်မှာ အသားအရေထိန်းသိမ်းသလို နှုတ်ခမ်းသားလေးတွေကိုလည်း ဂရုတစိုက် ထိန်းသိမ်းသင့်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းသားကို အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ နှုတ်ခမ်းနီအဆီကို ဆိုးပြီးမှ အိပ်ရာဝင်ပါ။

၎။ သဘာဝနည်းလမ်းလေးတွေနဲ့ ထိန်းသိမ်းပါ။

နှုတ်ခမ်းခြောက်တာတွေကို ပျောက်ကင်းစေနိုင်ဖို့ သဘာဝနည်းလမ်းလေးတွေနဲ့ ကုစားခြင်းက ဓာတ်မတည့်တာတွေ ဖြစ်မှာ မပူရတော့ဘဲ သဘာဝကျကျ လှပစေနိုင်ပါတယ်။ ပျားရည်၊ သကြား၊ အုန်းဆီ၊ အလှဆီ၊ သံပုရာရည်၊ ရှားစောင်းလက်ပပ် စတဲ့ ဆေးဖက်ဝင်ပစ္စည်းလေးတွေနဲ့ ထိန်းသိမ်းနည်းလေးတွေကို အွန်လိုင်းကနေလေ့လာပြီး ပြုလုပ်ပါ။

၅။ ကော်ဖီနဲ့ ဆေးလိပ်ဖြတ်လိုက်ပါ။

ကော်ဖီသောက်တာများရင် နှုတ်ခမ်းသားကို ရေဓာတ်ခမ်းခြောက်စေနိုင်ပြီး ခြောက်သွေ့စေနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်းကလည်း နှုတ်ခမ်းကို ခြောက်သွေ့စေတဲ့အပြင် နှုတ်ခမ်းသားကို မဲညစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီလျှော့သောက်ပြီး ဆေးလိပ်ဖြတ်ပါ။

၆။ နှုတ်ခမ်းသားကို ချေးချွတ်ပါ။

ချေးချွတ်ခြင်းက အရေပြားပေါ်မှာ ကျန်နေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်သလို နှုတ်ခမ်းသားကို ချေးချွတ်တဲ့အခါမှာလည်း နှုတ်ခမ်းသားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး နူးညံ့လှပစေပါတယ်။ နူးညံ့တဲ့သွားတိုက်တံလေးမှာ Vaseline များများသုတ်ပြီး နှုတ်ခမ်းသားကို အသာအယာလေး ပွတ်သပ်ပေးပါ။ ချေးချွတ်ပြီးရင်တော့ နှုတ်ခမ်းသားကို အစိုဓာတ်ဖြည့်ပေးဖို့ မမေ့နဲ့နော်။

ပျိုမေတို့ရဲ့ အလှအပအတွက် အသုံးဝင်တဲ့ စာစောင်လေးဖြစ်တာကြောင့် SHARE ဖို့ မမေ့နဲ့နော်။