လှပနုပျိုဖို့ အသက် ၃၅ နှစ်ကျော်ရင် ဒါတွေ မလုပ်ပါနဲ့တော့

blank
၁။ ဝက်ခြံတွေထွက်လာတဲ့အခါ ဆယ်ကျော်သက်အရွယ်တုန်းကလို လက်လွတ်စပယ် မလုပ်ပါနဲ့တော့။

ဆယ်ကျော်သက်တုန်းက မျက်နှာအသားအရေ သဘာဝအစိုဓာတ်နဲ့ အဆီလေးတွေရှိနေတာကြောင့် ခြောက်သွေ့စေတဲ့ ဝက်ခြံပျောက်ဆေးတွေကို သုံးလို့ရပါတယ်။ ဒါပေမဲ့ အသက်  ၃၅ နှစ်ကျော်သွားရင်တော့ ဒီလိုဝက်ခြံပျောက်ဆေးတွေကို မသုံးသင့်တော့ပါဘူး။

အဲဒီလို အရင်ကသုံးတဲ့ ဝက်ခြံပျောက် skincare တွေသုံးမယ့်အစား ရေဓာတ်ဖြည့်ပေးနိုင်တဲ့ ဝက်ခြံပျောက်ဆေးတွေ၊ Vitamin C ပါတဲ့ serum တွေကို သုံးပေးသင့်ပါတယ်။ ဒါမှ အရေးအကြောင်းဖြစ်ခြင်းကို လျှော့ချပေးနိုင်မှာပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၂။ မိတ်ကပ်တွေကို ပြောင်အောင်မဖျက်ဘဲ အိပ်ရာဝင်တာမျိုး မလုပ်ပါနဲ့တော့။

အရင်က မိတ်ကပ်တွေကို cleansing နဲ့ သေသေချာချာမဖျက်ဘဲ မျက်နှာသစ်ရုံသစ်ပြီး အိပ်ရာဝင်တတ်တယ်မဟုတ်လား။ အခုတော့ ဒီအကျင့်ကို စွန့်လွှတ်လိုက်တော့နော်။ မျက်နှာသစ်ရုံနဲ့ နေ့ခင်းကလိမ်းထားတဲ့ မိတ်ကပ်တွေ မပြောင်နိုင်ပါဘူး။ မျက်နှာမှာ မိတ်ကပ်တွေကျန်နေရင် ဝက်ခြံတွေ၊ အရေးအကြောင်းတွေဖြစ်ပြီး အသားအရေကို ရင့်ရော်စေပါတယ်။

ဒါကြောင့် ညအိပ်ခါနီးရင် cleansing cream၊ cleansing oil စတဲ့ မိတ်ကပ်ဖျက်ဆေးတွေကို သုံးပြီး သေသေချာချာဖျက်ပေးပါ။ ပြီးရင် night cream လေး လိမ်းပြီးမှ အိပ်ပါ။ ဖြစ်နိုင်ရင် eye cream လေးလည်း သုံးပေးပါ။

၃။ ခန္ဓာကိုယ်ကို ဝိတ်တက်စေမယ့် အပြုအမူတွေကို ရှောင်ပါတော့။

အမျိုးသမီးတွေမှာ အသက် ၃၅ နှစ်ကျော်လာရင် ဝနိုင်ခြေပိုများလာပါတယ်။ ပြီးတော့ အသက် ၃၅ နှစ်ကျော် အမျိုးသမီးတွေမှာ ခန္ဓာကိုယ်ဝလာတာနဲ့ မေးနဲ့ ပါးရိုးမှာ အဆီတွေပိုစုလာနိုင်ပြီး မေးနှစ်ထပ်ဖြစ်တာ၊ ကြည့်ရဆိုးလောက်အောင်ထိ မျက်နှာကြီး ဖောင်းပြဲလာတာတွေဖြစ်တတ်ပါတယ်။

ဒါကြောင့် မျက်နှာရော၊ ခန္ဓာကိုယ်အလှပါ မပျက်ရအောင် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းပါ။ အစားအသောက်ဆင်ခြင်ပါ။ ကိုယ်လက်လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပေးပါနော်။

၎။ အသားအရေကို အကာအကွယ်မပါဘဲ နေရောင်ထဲကို လွယ်လွယ်သွားတာမျိုးတွေ ရပ်ပါတော့။

နေရောင်ကို ကာကွယ်ပေးတဲ့ SPF skincare တွေကို အမြဲတမ်းသုံးလေ့မရှိဘူးဆိုရင် ၃၅ နှစ်ပြည့်တဲ့အချိန်ကစပြီးတော့ sunscreen တွေကို အချိန်ပြည့် လိမ်းထားပါတော့။ နေရောင်ခြည်ဟာ အသားအရေကို အိုမင်းရင့်ရော်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါ။

မျက်နှာတင်မက ခြေလက်တွေရော၊ လည်ပင်းတွေပါ  sunscreen လိမ်းပါ။ အပြင်ထွက်တိုင်း ဦးထုပ်၊ မျက်မှန် ယူသွားပါ။ ဒါမှ အသားအရေလေးတွေက အမြဲတမ်းနုပျိုနေမှာ ဖြစ်ပါတယ်။

ကဲ… ဂန္ထဝင်ရဲ့ ချစ်ရတဲ့မမတို့ရေ။ ဒီလုပ်ရပ်လေးတွေကို ရှောင်ပြီး အသားအရေလေး နုပျိုနေအောင် ထိန်းသိမ်းလိုက်ရအောင်နော်။

ဒီစာစောင်လေးနဲ့ အသုံးဝင်မယ့် မမတစ်ယောက်လောက်ကို mention ခေါ်သွားခဲ့ပါဦး။