သင့်မျက်နှာပုံစံနဲ့လိုက်ဖက်တဲ့ မျက်ခုံးပုံစံကို ဒီစာစောင်လေးကနေ ရွေးချယ်လိုက်ရအောင်

blank
၁။ လုံးဝိုင်းတဲ့ မျက်နှာပိုင်ရှင်တွေအတွက်

မျက်နှာဝိုင်းလေးတွေကို ပိုပြီးရှည်သွယ်သွားသယောင် ထင်ဟပ်စေဖို့ အကောင်းဆုံးမျက်ခုံးဆွဲနည်းကတော့ အထက်ကိုပင့်ဆွဲ၊ ထောင့်ချိုးချပြီး အနားသတ်ရှည်တဲ့ပုံဖြစ်ပါတယ်။ ဟောလိဝုဒ်မင်းသမီးတွေ အများဆုံးဆွဲကြတဲ့ ပုံစံပေါ့။ နဂိုမျက်ခုံးမွေးအရှည်ထက် အနည်းငယ်ပိုရှည်ပြီးဆွဲရင် ပိုကောင်းပါတယ်။

၂။ ဘဲဥပုံမျက်နှာပိုင်ရှင်တွေအတွက်

ဘဲဥပုံမျက်နှာပိုင်ရှင်တွေက ဘယ်လိုမျက်ခုံးပုံစံနဲ့မဆိုလိုက်ပါတယ်။ ဒါပေမဲ့ မျက်ခုံးမွေးအထူအပါးကိုတော့ ဂရုစိုက်သင့်ပါတယ်။ နဖူးကျယ်တယ်၊ မျက်အိမ်ကျယ်တယ်၊ နှုတ်ခမ်းထူတယ်ဆိုရင် မျက်ခုံးကို ထူထူဆွဲသင့်ပြီး နဖူးကျဉ်းတယ်၊ မျက်ပေါက်ကျဉ်းတယ်၊ နှုတ်ခမ်းပါးတယ်ဆိုရင်တော့ မျက်ခုံးမွေးပါးပါးလေးဆိုးသင့်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အသည်းပုံမျက်နှာပိုင်ရှင်တွေအတွက်

ပြေပြေလေးနဲ့ အစွန်းမှာဝိုက်ကျသွားတဲ့ မျက်ခုံးဆွဲနည်းနဲ့လိုက်ဖက်ပါတယ်။ မျက်ခုံးအရောင်ကို သဘာဝကျတဲ့အရောင်ပဲခြယ်ပါ။ မျက်ခုံးမွေးအစွန်းလေးတွေကို အရမ်းကြီး ချွန်အောင်မဆွဲပါနဲ့။

၎။ လေးထောင့်ကျတဲ့ မျက်နှာပိုင်ရှင်တွေအတွက်

လေးထောင့်ကျနေတဲ့ပါးရိုးတွေကို ပြေပြစ်သွယ်လျသယောင် ဖြစ်သွားစေဖို့ အထက်ကို ပင့်တက်ပြီး ကွေးနေတဲ့ မျက်ခုံးဆွဲနည်းနဲ့ ဆွဲပါ။ မျက်ခုံးထောင့်လေးတွေကို ပိုပြီး ပီသပေါ်လွင်အောင် ဆွဲပါ။ ထောင့်ချိုးအစွန်းဘက်ကို အရမ်းအရှည်ကြီးမဆွဲပါနဲ့။

၅။ မျက်နှာသွယ်ပြီး ရှည်လွန်းသူတွေအတွက်

မျက်နှာလေးကို ပြည့်ပြည့်လေးဖြစ်စေဖို့ မျက်ခုံးကို အတန်းလိုက်လေးပဲဆွဲပါ။ မျက်ခုံးကို တိုတိုဆွဲခြင်းက မျက်နှာကို ဘဲဥပုံပေါ်စေပါတယ်။ မျက်ခုံးမွေးတိုတိုဆွဲဖို့ နဂိုရှိပြီးသားမျက်ခုံးကို တိုသွားအောင် ရိတ်မပစ်ဖို့တော့ သတိပေးပါရစေ။

၆။ မျက်နှာချွန်တဲ့သူတွေအတွက်

မျက်ခုံးသွယ်တန်းတန်းလေးတွေနဲ့ အလိုက်ဖက်ဆုံးပါ။ မျက်ခုံးမွေးကို ပင့်ပြီးဆွဲသားတာမျိုးတွေကိုရှောင်ပါ။ အရမ်း ထင်းထင်းကြီးမဆွဲဘဲ သဘာဝကျကျနဲ့ ပြေပြေလေးပဲ ဆွဲပါ။

၇။ နဖူးကျယ်တဲ့သူတွေအတွက်

နဖူးကျယ်တဲ့ မဟာနဖူးပိုင်ရှင်လေးတွေအတွက် မကွေးလွန်း၊ မဖြောင့်လွန်းတဲ့ သဘာဝပုံစံဆွဲနည်းလေးတွေနဲ့ လိုက်ပါတယ်။ နဖူးလေးပိုပြီးကျဉ်းသယောင်ဖြစ်စေဖို့ မျက်ခုံးမွေးအညိုရောင်ကို ထူထူလေးဆိုးပေးပါ။

၈။ မျက်လုံးနှစ်လုံးကြား နေရာကျယ်သူတွေအတွက်

နှာခေါင်းရင်းနေရာက မျက်ခုံးမွေးအရင်းကို ပိုပြီးချဲ့ဆွဲပါ။ မျက်လုံးအတွင်းဘက်စွန်းရဲ့ အပေါ်တည့်တည့်နေရာကနေ မျက်ခုံးစဆွဲပါ။ မျက်ခုံးနှစ်ဖက်ကြားမှာ လက်ညှိးတစ်ချောင်းစာ အကွာအဝေးပဲခြားသင့်ပါတယ်။ မျက်ခုံးမွေးအစနေရာလေးတွေကိုဆွဲပြီးရင် brush လေးနဲ့ ပြန်ဖြေပေးဖို့ မမေ့ပါနဲ့။

၉။ နှာခေါင်းကြီးတဲ့သူတွေအတွက်

နှာခေါင်းကို သိပ်ပြီးမပေါ်အောင် မျက်ခုံးမွေးကို အပေါ်ကိုပင့်ဆွဲပါ။ ထူထူလေးနဲ့ ထင်းထင်းလေးဆိုးပါ။ နှာတံပေါ်ပြီး သွယ်စေဖို့ မျက်ခုံးနှစ်ခုကို နီးနီးဆွဲပါ။ အရမ်းကြီးနီးမသွားစေဖို့လည်း သတိထားပါ။ နှာတံသွယ်သွယ်လေးဖြစ်အောင် contour လုပ်ဖို့လည်း မမေ့ပါနဲ့။

အလှအပအတွက် အသုံးဝင်တဲ့စာစောင်လေးဖြစ်တာကြောင့် သူငယ်ချင်းတွေအတွက် SHARE ပေးလိုက်ပါဦးနော်။