မျက်ကွင်းညိုညိုလေးတွေအတွက် အသုံးတည့်မယ့် မိတ်ကပ်လိမ်းနည်း

blank

အိပ်ရေးပျက်တာပဲဖြစ်ဖြစ်  မျိုးရိုးဗီဇ လက္ခဏာတွေအရပဲဖြစ်ဖြစ် မျက်ကွင်းညိုညိုလေးတွေကြောင့် လှသင့်သလောက်မလှလို့ စိတ်ညစ်နေရတတ်ပါတယ်။ အဲဒီလို စိတ်ညစ်နေတဲ့ ပျိုမေလေးတွေအတွက်  အသုံးတည့်မယ့် နည်းလမ်းလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းက တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ အောက်ခံမိတ်ကပ်လိမ်းပြီးမှ concealer လိမ်းပါ။

ကျွန်မတို့အများစုဟာ အောက်ခံမိတ်ကပ်မလိမ်းခင်မှာ  concealer လိမ်းတတ်ကြပါတယ်။ တကယ်တော့ အောက်ခံမိတ်ကပ်လိမ်းပြီးမှာ concealer လိမ်းတာက အမည်းစက်တွေနဲ့ မျက်ကွင်းညိုတာတွေကို ပိုပြီးတော့ ဖုံးကွယ်ပေးနိုင်ပါတယ်။

၂။ မိမိနဲ့လိုက်ဖက်တဲ့ concealer အရောင်ကို သေချာရွေးဝယ်ပါ။

ကိုယ်လိမ်းထားတဲ့ အောက်ခံမိတ်ကပ်ထက် အနည်းငယ်ရင့်တဲ့ concealer ကို ရွေးချယ်ခြင်းဟာလည်း လှပတဲ့မျက်နှာလေးရဲ့ လျှို့ဝှက်ချက်တစ်ခုပါ။ လိမ္မော်ရောင်ဘက်သမ်းတဲ့ concealer တွေဟာ အမျိုးသမီးတော်တော်များများနဲ့ လိုက်ဖက်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။.

၃။ မျက်နှာမှာအရေးအကြောင်းတွေရှိတယ်ဆိုရင် concealer ကို ပါးပါးပဲလိမ်းပါ။

တချို့အမျိုးသမီးတွေဟာ မျက်နှာပေါ်မှာ အရေးအကြောင်းတွေများတာကြောင့် concealer အထူကြီးလိမ်းတတ်ကြပါတယ်။ တကယ်တော့  အရေးအကြောင်းများတဲ့သူအနေနဲ့ အရောင်ဖျော့တဲ့ concealer တွေကို ပါးပါးလေးပဲလိမ်းပေးသင့်ပါတယ်။

၎။ မလိုအပ်တဲ့ နေရာတွေမှာ concealer လိမ်းခြင်းရှောင်ကြဉ်ပါ။

တချို့အမျိုးသမီးတွေဟာ မျက်ကွင်းတစ်ခုလုံးကို concealer လိမ်းတတ်ကြပါတယ်။ တကယ်တော့ အရမ်းကိုညိုမည်းနေတဲ့ နေရာတွေကို ဖုံးကွယ်ဖို့သာ concealer သုံးသင့်ပါတယ်။ အရောင်ညီအောင်ညှိဖို့တော့ သတိထားသင့်တာပေါ့။

အပြင်သွားဖို့ ဖြီးလိမ်းပြင်ဆင်တဲ့အခါ ညိုရောင်သမ်းနေတဲ့ မျက်ကွင်းလေးတွေကြောင့် စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေရှိတယ်ဆိုရင် သူတို့လေးတွေအတွက် ဒီစာစောင်လေးကို SHARE ပေးလိုက်ပါဦးနော်။