သန်စွမ်းလှပတဲ့ဆံနွှယ်ပိုင်ဆိုင်လိုသူလေးများအတွက် ဆံပင်အမြန်ရှည်နည်း

blank
၁။ နေ့တိုင်းခေါင်းလျှော်တာကို ရှောင်ပါ။ 

ရှန်ပူသုံးပြီး နေ့စဉ်ခေါင်းလျှော်ခြင်းက ဆံသားတွေကို သန့်ရှင်းစေပါတယ်။ ဒါပေမဲ့ ဆံပင်တွေ ကိုတော့ အရှည်နှေးစေပါတယ်။ ရှန်ပူထဲမှာပါတဲ့ ကလိုရင်း(chlorine)နဲ့ ရေထဲက တခြားဓာတ်တွေက ဆံပင်ရဲ့သဘာဝအဆီကို ဖျက်ဆီးပစ်သလို ဆပ်ပြာမြှုပ်နဲ့နေ့စဉ်ထိတွေ့ခြင်းကလည်း ဆံသားတွေကို ခြောက်သွေ့ပျက်စီးစေပါတယ်။ ဒါကြောင့် ရက်ခြားခေါင်းလျှော်ခြင်းက အကောင်းဆုံးပါပဲ။

၂။ ဆံပင်ကို နောက်လှန်ဖြီးပေးပါ။

ခေါင်းမလျှော်တဲ့နေ့တွေမှာ ဆံပင်တွေခြောက်သွေ့နေတာမို့ ချည်နှောင်ထားတာက သပ်ရပ် စေမှာပါ။ ဒါပေမဲ့ ဆံသားတွေကို တင်းတင်းချည်နှောင်ထားခြင်းက ဆံပင်တွေကို ပျက်စီးစေပါတယ်။ ဒါကြောင့် ဆံပင်ကို တင်းတင်းချည်မယ့်အစား နောက်လှန်ဖြီးသင်ပေးပါ။ ချည်နှေုာင်ရင်လည်း ခပ် လျော့လျော့ပိုနီတေးလ်ပုံစံ၊ ဒါမှမဟုတ် ကျစ်ဆံမြီးလေးသာ ဖွဖွကျစ်ပါ။

၃။ ရေဓာတ်ပါဝင်တဲ့ရှန်ပူကို အသုံးပြုပါ။

ရေဓာတ်ပါဝင်တဲ့ရှန်ပူက ဆံသားတွေသန်စွမ်းစေပြီး မပျက်စီးအောင် ထိန်းသိမ်းပေးပါတယ်။ ဆံသားတွေကို ရေဓာတ်ပြန်ဖြည့်တင်းပေးပြီး လိုအပ်တဲ့ ပရိုတင်း(protein)နဲ့ အစိုဓာတ်ကို ပေးပါ တယ်။ ဒါကြောင့် မိမိနဲ့အဆင်ပြေဆုံးရှန်ပူနဲ့ခေါင်းလျှော်ပြီး ရေဆေးချပါ။ ပြီးရင် နောက်တစ်ကြိမ် ထပ်လျှော်ပါ။ ဒုတိယအကြိမ်ထပ်လျှော်တဲ့အခါ ဆပ်ပြာမြှုပ်တွေ ပိုများလာတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ ဦးရေပြားသန့်ရှင်းသွားတဲ့လက္ခဏာဖြစ်ပါတယ်။ ပြီးရင် Conditioner ကို အသုံးပြုပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ပေါင်းတင်ပါ။

ဆံပင်ဆိုးဆေးကြောင့် ပျက်စီးနေတာဖြစ်ဖြစ်၊ ဖြောင့်ထားလို့ ပျက်စီးနေတာဖြစ်ဖြစ် ခေါင်းလျှော်ရာမှာ ရေဓာတ်ပါဝင်တဲ့ ပေါင်းတင်ဆေးကို အနည်းဆုံး တစ်ပတ်တစ်ကြိမ်အသုံးပြုပါ။ ဒါဆိုရင် ပျက်စီးနေတဲ့ဆံသားတွေ ပြန်ကောင်းလာမှာပါ။

၅။ နူးညံ့တဲ့ခေါင်းဘီးကို အသုံးပြုပါ။

မာကြောတဲ့ဘီးတွေဟာ ဆံသားတွေကို ကျိုးပဲ့ပျက်စီးစေပါတယ်။ ပျော့ပျောင်းနူးညံ့တဲ့ဘရပ်ရှ် တွေက ဆံသားတွေကို အထိနာသက်သာစေပါတယ်။ ဆံပင်ရှုပ်ထွေးတာသက်သာစေဖို့ ရေချိုးတဲ့အခါ ခေါင်းမလျှော်ခင် အသွားကျဲတဲ့ဘီးနဲ့ ဆံထုံးထုံးထားပါ။ ဒါဆိုရင် ဆံသားတွေမရှုပ်ထွေးတော့တဲ့အ တွက် ခေါင်းလျှော်ပြီး ခေါင်းဖြီးရင်လည်း ချောမွေ့လွယ်ကူမှာဖြစ်ပါတယ်။

၆။ ခေါင်းဖြီးတဲ့အခါ ဆံဖျားကနေ စရှင်းပါ။

ဆံပင်တွေကို တင်းတင်းထုံးဖွဲ့ခြင်းက ဆံသားတွေပျက်စီးစေတဲ့အကြောင်းရင်းတွေထဲက တစ် ခုဖြစ်ပါတယ်။ ဒါကြောင့် ဆံပင်မရှင်းခင် စပရေးအနည်းငယ်ဖြန်းပါ။ ဆံဖျားကနေ ဖြည်းဖြည်းစီ ရှင်းပြီး အပေါ်ဘက်ကို ဖြီးသွားပါ။

၇။ အပူဒဏ်ကာကွယ်ပါ။

အပူဒဏ်ကာကွယ်တဲ့စပရေး၊ ဒါမှမဟုတ် အဆီဟာ ဆံပင်ခြောက်စက်၊ ဆံပင်ဖြောင့်စက်နဲ့ တခြားသောဆံပင်ဆိုင်ရာအပူခံပစ္စည်းတွေကြောင့် ပျက်စီးမှုတွေကနေ ကာကွယ်ပေးပါတယ်။  ဒါကြောင့် ခေါင်းလျှော်ပြီးရင် ဆံပင်ကို တဘက်နဲ့သုတ်ပြီးတော့သာ အခြောက်ခံပါ။ ပြီးတော့ ဆံရင်း ကနေ အဖျားအထိ အဆီတစ်မျိုးမျိုးလိမ်းပေးပါ။

၈။ ရေများများသောက်ပါ။

ခန္ဓာကိုယ်အစိတ်အပိုင်းလိုပါပဲ။ ဆံသားကျန်းမာရေးအတွကလည်း ရေက အရေးကြီးပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်များလေလေ ဆံသားတွေသန်စွမ်းလေပါပဲ။ တစ်နေ့လုံးရေများများမသောက် နိုင်ဘူးဆိုရင် ရေဓာတ်ကြွယ်ဝတဲ့ ဖရဲသီးနဲ့ မုန်လာဥနီလို အသီးအနှံတွေကို စားပေးနိုင်ပါတယ်။

ဗဟုသုတလေးတွေမျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။