ပျိုမေတိုင်းသိထားသင့်တဲ့လက်သည်းဆိုးဆေးများရဲ့ အန္တရာယ်များ

blank

လက်သည်းနီအဆိုးများခြင်းက လက်သည်းကျန်းမာရေးကို ထိခိုက်စေနိုင်တာကိုတော့  အရင် ကတည်းက ပျိုမေအများစုသိထားကြပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ လက်သည်းသာမ က ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ကြောင်း သိပ္ပံပညာရှင်တွေက အမျိုးသမီး ၂၄ ဦး ကို လေ့လာစမ်းသပ်ပြီး သက်သေပြခဲ့ကြပါပြီ။ အမျိုးသမီးတွေကို လက်သည်းနီဆိုးပေးပြီး ၆ နာရီ အကြာ မှာ အများစုဟာ metabolism လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွင်း ဓာတုဗေဒနည်း အတိုင်းဓာတ် ပြောင်းလဲ ဖွဲ့စည်းခြင်းဆိုင်ရာစနစ်ကိုထိခိုက်စေတဲ့ diphenyl phosphate အဆင့်မြင့်တက်လာတာကို တွေ့ကြ ရပါတယ်။ စတင်ပြီး ၁ဝ နာရီအကြာမှာတော့ အမျိုးသမီးအားလုံးရဲ့ခန္ဓာကိုယ်ထဲက diphenyl phosphate အဆင့်ဟာ သာမန်ထက် ၇ ဆအထိမြင့်တက်သွားပါတယ်။ ဒီရလဒ်ဟာ တကယ့်ကို သတိထားစရာပါပဲ။ ဒါကြောင့် လက်သည်းနီထဲပါဝင်တဲ့ပစ္စည်းတွေရဲ့အကျိုးဆက်တွေအကြောင်းကို ဗဟုသုတရစေဖို့ မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

၁။ Toluene 

         လက်သည်းနီမှာပါဝင်တဲ့ Toluene ဟာ လက်သည်းတွေကို နူးညံ့ချောမွေ့ပြီး ဆိုးဆေးကို တာရှည်ခံစေတဲ့အရည်တစ်မျိုးပဲဖြစ်ပါတယ်။  Toluene ဟာ ခန္ဓာကိုယ်ရဲ့ အဓိကအချက်အချာဖြစ်တဲ့ အာရုံကြောစနစ်တွေကို ထိခိုက်စေပါတယ်။ ဒါ့အပြင် ခေါင်းကိုက်ခြင်း၊ အားနည်းခြင်း၊ နှုံးချည့်ခြင်းနဲ့ အော့အန်ခြင်းတို့ဟာလည်း လက်သည်းနီအဆိုးများခြင်းရဲ့ အကျိုးဆက်တွေထဲက တချို့ဖြစ်ပါတယ်။

၂။ Formaldehyde

        လက်သည်းနီမှာပါဝင်တဲ့ Formaldehyde ဟာ အရောင်မဲ့ဂတ်စ်တစ်မျိုးဖြစ်ပြီး လက်သည်းနီရဲ့ သိုလှောင်မှုသက်တမ်းကို ကြာရှည်အောင်ကူညီပေးပါတယ်။ ဓာတ်မတည့်သူများဆိုပါက Formaldehyde နဲ့ထိတွေ့ခြင်းက အရေပြားနီမြန်းကာ ရောင်ရမ်းနာကျင်ခြင်းနဲ့ ဓာတုလောင်ကျွမ်း ခြင်းတို့အပြင် နှလုံးခုန်နှုန်းမမှန်ကန်ခြင်း၊ တုန်ယင်ခြင်းနဲ့ကင်ဆာရောဂါအထိပါ ဖြစ်ပွားစေနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ Dibutyl Рhthalate

Dibutyl Рhthalate ဆိုတာ လက်သည်းနီရဲ့မွှေးရနံ့အဖြစ် အသုံးပြုတဲ့အရာဖြစ်ပြီး မီးယပ် ရောဂါ၊ အသက်ရှူကြပ်တဲ့ရောဂါတွေကို ဖြစ်ပေါ်စေပါတယ်။

အထက်ပါ ၃-မျိုးဟာ လက်သည်းသာမက လူ့ကျန်းမာရေးကိုပါ ထိခိုက်စေတာအမှန်ပါပဲ။ ဒါပေမဲ့          အလှအပနဲ့ဒွန်တွဲနေတဲ့အမျိုးသမီးတွေရဲ့ဘဝမှာ ခေါင်းနဲ့ပန်းလို ခွဲခွာမရတဲ့အရာတွေမို့ ယ တိပြတ်စွန့်လွှတ်ဖို့က မလွယ်ကူပါဘူး။ ဒါကြောင့် ကျန်းမာရေးကို မထိခိုက်စေတဲ့လက်သည်းနီရွေး ချယ်ဝယ်ယူနည်းလေးကိုလည်း တင်ပြပေးလိုက်ပါတယ်။

လက်သည်းဆိုးဆေးဝယ်တဲ့အခါ ပုလင်းပေါ်မှာ 5-Free ၊ ဒါမှမဟုတ်  3-Free ဆိုတဲ့စာလုံး ပါတဲ့ဆိုးဆေးတွေကို ရွေးချယ်ဝယ်ယူပါ။ 5-Free ဆိုတာက ကျန်းမာရေးကို ထိခိုက်စေတဲ့ formaldehyde၊ derivative resins (formaldehyde resins)၊ toluene၊ dibutyl phthalates နဲ့camphor တို့ မပါဝင်ကြောင်း အသိပေးထားတာဖြစ်ပါတယ်။  3-Free ကတော့ formaldehyde၊ dibutyl phthalateနဲ့ toluene တို့ မပါဝင်ကြောင်း အသိပေးထားတာပါ။

ဒါကြောင့် အရေးကြီးတာက လက်သည်းနီမဝယ်ခင်မှာ ပထမဆုံးအနေနဲ့ ပါဝင်ပစ္စည်းတွေကို ဂရုတစိုက်ဖတ်ဖို့ပါပဲ။ မိမိရဲ့ကျန်းမာရေးက မိမိရဲ့လက်တွေပေါ်မှာလည်း မူတည်နေတယ်ဆိုတာကို သတိရပါ။ ပျိုမေများအားလုံး သတိနဲ့ယှဉ်တွဲနေထိုင်ခြင်းဖြင့် ကျန်းမာလှပသောဘဝကို ပိုင်ဆိုင်နိုင် ကြပါစေရှင်။

သိမှတ်စရာလေးတွေမျှဝေဖို့ စာစောင်လေးကို SHARE လိုက်ပါဦးနော်။