သင့်မျက်နှာအလှကို မယုံနိုင်လောက်အောင် ပြောင်းလဲသွားစေမယ့် စားသောက်ကုန် ၄ မျိုး

blank
၁။ နို့ထွက်ပစ္စည်းများ

နို့ထွက်ပစ္စည်းစားသုံးမှုကို လျှော့ချခြင်းဖြင့် အရေပြားပျော့တွဲခြင်း၊ မျက်ခွံမို့ခြင်း၊ မျက်အိတ်တွဲ ကျခြင်း၊ အစက်အပြောက်များနဲ့ ဝက်ခြံအနာရွတ်များကို သက်သာပျောက်ကင်းစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ အယ်လ်ကိုဟော

အရက်ဖြတ်ပါ။ လုံးဝရှောင်မရရင် တစ်ပတ်မှာ တစ်ခွက်၊ နှစ်ခွက်ပဲသောက်ပါ။ အရက်ကို စွန့် လွှတ်ခြင်းဖြင့် နှာတံရင်းမှာ အရေပြားပျော့တွဲခြင်း၊ မျက်ခွံမို့ခြင်း၊ မျက်လုံးအောက်ခြေနွားခြေရာခွက် ဖြစ်ခြင်း၊ အရေပြားနီမြန်းခြင်း၊ ရယ်တဲ့အခါ အရေပြားထူထဲစွာတွန့်ခြင်းစတဲ့ ပြဿနာတွေကို လျှော့ချ ပေးနိုင်ပါတယ်။

၃။ သကြား

သကြားစားသုံးမှုကို အနည်းငယ်လျှော့ချရုံနဲ့ နဖူးပေါ်က အရေပြားပျော့တွဲခြင်း၊ မျက်အိတ်တွဲ ကျခြင်း၊ အရေပြားပါးခြင်း၊ အသားအရေ ဖြူဖပ်ဖြူရော်ဖြစ်ခြင်း၊ မျက်နှာပြင်ပေါ်က အစက်အပြောက် များနဲ့ ဝက်ခြံအနာရွတ်များကို သက်သာပျောက်ကင်းစေပါတယ်။

၎။ ကစီဓာတ်များတဲ့အစားအစာများ

ကစီဓာတ်များတဲ့အစားအစာတွေကို လျှော့ချခြင်းဖြင့် နဖူးပေါ် ဝက်ခြံထွက်ခြင်း၊ ပါးပြင်ပေါ် အနီစက်တွေ၊ ဝက်ခြံတွေထွက်ခြင်း၊ အသားအရေနီမြန်းခြင်း၊ မေးစေ့ပေါ်အမည်းစက်နဲ့ ဝက်ခြံတွေ ထွက်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။