ဒေါက်မြင့်ဖိနပ်စွန့်လွှတ်ခြင်းနောက်ကွယ်မှ သိမှတ်စရာအချက်များ

blank

ပရိသတ်ကြီးရေ… သင်ဟာ ဒေါက်မြင့်ဖိနပ်လေးတစ်ရံနဲ့မှ သင့်ကိုယ်သင် စမတ်ကျပြီး ကြည့် ကောင်းတယ်ယုံကြည်နေသူလေးလား။ ဒါပေမဲ့ ဒေါက်မြင့်ဖိနပ်တွေက သင့်အတွက် ဘယ်လိုကောင်း ကျိုးဆိုးကျိုးတွေရရှိစေတယ်ဆိုတာ မသေချာလို့ ဒေါက်မြင့်ဖိနပ်စီးတာကို စွန့်လွှတ်ဖို့လည်း စိတ်ကူး နေသူလား။ ဒါဆိုရင်တော့ ဒေါက်မြင့်ဖိနပ်စီးတာကို စွန့်လွှတ်လိုက်တဲ့အခါ ဘယ်လိုအကျိုးအပြစ်တွေ ဖြစ်လာမလဲဆိုတာလေးကိုတော့ သင် ဖတ်ကြည့်ဖို့ လိုနေပါပြီနော်။ သင့်အနေနဲ့ ဒေါက်မြင့်ဖိနပ်တွေ မစီးတော့ဘူးဆိုရင်…

၁။ ခြေဖဝါးတွေမနာတော့ဘူး။ ခြေဖနောင့်တွေတော့ ပိုနာကျင်လာမယ်။

ဒေါက်မြင့်ဖိနပ်ကို အကြာကြီးစီးလာခဲ့တာကြောင့် ခြေဖနောင့်အရိုးတွေနဲ့ ခြေသလုံးကြွက်သား တွေကို ဆက်ထားတဲ့ ကြွက်သားမျှင်တွေကတိုနေပါတယ်။ ဒေါက်မြင့်ဖိနပ်တွေကို မစီးတော့တဲ့အခါ ကြွက်သားတွေကဖွံ့ဖြိုးလာတဲ့အတွက် ခြေဖနောင့်တွေက ချက်ခြင်းနေသားမကျဘဲ နာကျင်နေတာ ဖြစ်ပါတယ်။

၂။ နောက်ကျောနာကျင်မှုဝေဒနာ ကင်းဝေးသွားမယ်။

ဒေါက်မြင့်ဖိနပ်တွေက တင်ပဆုံကို သာမန်ထက်မြင့်တက်စေတဲ့အတွက် ခါးမှ ကျောရိုးတစ် လျှောက် ဖိအားဖြစ်စေပြီး နောက်ကျောကို နာကျင်စေပါတယ်။ ဒေါက်မြင့်ဖိနပ်မစီးတော့ဘူးဆိုရင် နောက်ကျောနာကျင်တဲ့ဝေဒနာလည်း ကင်းဝေးသွားမှာဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

၃။ ခြေထောက်တွေ သက်တောင့်သက်သာရှိလာမယ်။

ထိပ်ပိတ်ထားတဲ့ ဒေါက်မြင့်ဖိနပ်တွေဟာ လမ်းလျှောက်တဲ့အခါ ထိန်းလျှောက်ရတာဖြစ်တဲ့ အတွက် ခြေချောင်းတွေရဲ့ ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး အသားတွင်းမှာဒဏ်ဖြစ်စေပါတယ်။ ဒေါက်မြင့် ဖိနပ်မစီးတော့ဘူးဆိုရင် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ ဒဏ်ဖြစ်နေတဲ့နာကျင်မှုတွေက အလို လို သက်သာပျောက်ကင်းသွားမှာပါ။

၎။ ကြွက်သားဖွံ့ဖြိုးမှုတွေ ညီညာလာမယ်။

ဒေါက်မြင့်ဖိနပ်ဝတ်ဆင်ခြင်းက ခြေကျင်းဝတ်ဝန်းကျင်တဝိုက်က ကြွက်သားတွေကို ညီမျှစွာ ဖွံ့ဖြိုးမှုကို ဟန့်တားထားပါတယ်။ ဖိနပ်အပါးစီးလိုက်တဲ့အခါ ကြွက်သားဖွံ့ဖြိုးမှုတွေ ပိုညီညာကောင်း မွန်လာမှာပါ။

၅။ ခြေထောက်တွေဖွံ့ဖြိုးလာမယ်။

ဒေါက်မြင့်ဖိနပ် ဝတ်ဆင်ခြင်းက  ခြေဖနောင့်ကို ကျုံ့စေတဲ့အတွက် ခြေသလုံးကြွက်သား တွေပါ တိုစေပါတယ်။ ဒေါက်မြင့်ဖိနပ်မစီးတော့တဲ့အခါ ခြေထောက်ဖွံ့ဖြိုးမှုတွေ ပြန်ရပြီး ခြေထောက် အနည်းငယ်ပြန်ရှည်လာပါတယ်။

တန်ဆေးလွန်ဘေးဆိုတဲ့စကားရှိတဲ့အတွက် နေရာတိုင်းကတော့ အကောင်းနဲ့အဆိုး အမြဲ ဒွန်တွဲနေတာပါပဲ။ အကယ်၍ သင်က သင့်ကိုယ်သင် ဒေါက်မြင့်ဖိနပ်လေးတစ်ရံနဲ့မှ စမတ်ကျတယ်လို့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသူလေးဆိုရင်လည်း ဒေါက်မြင့်ဖိနပ်ကို လုံးဝစွန့်လွှတ်ဖို့ မလိုအပ်ပါဘူး။ ဒါပေမဲ့ သင့်ကို သက်တောင့်သက်သာရှိစေပြီး ချစ်စရာကောင်းသူလေးဖြစ်စေမယ့် ဖိနပ်အပါးလေး တစ်ရံကိုလည်း မကြာခဏပြောင်းစီးကြည့်ဖို့ အကြံပြုတိုက်တွန်းလိုက်ပါရစေနော်။