မြင်အပ်၊ မမြင်အပ်ခန္ဓာကိုယ်အစိတ်အပိုင်းတွေကြားက အမည်းကွက်တွေကို သဘာဝအတိုင်း ပျောက်ကင်းစေဖို့

blank

           လည်ပင်းကြားတွေ၊ ချိုင်းကြားတွေနဲ့ bikini line နေရာတွေမှာ ကွက်ပြီး မည်းနေတာက မိန်းကလေးတွေကို ဆွဲဆောင်မှုလျော့နည်းစေတဲ့ အလှအပဆိုင်ရာပြဿနာတစ်ခုဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ အဲဒီမလိုလားအပ်တဲ့အမည်းကွက်တွေကို သိသိသာသာပျောက်ကင်းစေနိုင်မယ့် သဘာဝနည်းလမ်းလေးတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။

နည်းလမ်းလေးတွေကို မပြောခင်မှာ ဒီလို အသားအရေမည်းရခြင်းအကြောင်းကို အနည်းငယ်ရှင်းပြပါရစေ။ American Academy of Dermatology ရဲ့ ပညာရှင်တွေပြောပြချက်အရ ဒီလိုအမည်းကွက်တွေဟာ acanthosis nigricans (AN)လို့ခေါ်တဲ့ အရေပြားပြဿနာတစ်မျိုးဖြစ်ပါတယ်။ အမည်းကွက်ဖြစ်နေတဲ့နေရာတွေရဲ့ အရေပြားဟာ ကတ္တီပါသားလို အထိအတွေ့ရှိတတ်ပါတယ်။ ဆီးချိုရောဂါ၊ အဝလွန်ရောဂါနဲ့ ဂလင်းဆိုင်ရာရောဂါတွေကြောင့်လည်း ဒီအမည်းကွက်တွေဖြစ်စေနိုင်ပါတယ်။

အောက်မှာ ဖော်ပြထားတဲ့နည်းလမ်းတွေကတော့ မြင်အပ်တဲ့နေရာ၊ မမြင်အပ်တဲ့နေရာက အမည်းကွက်တွေကို ပျောက်ကင်းစေပြီး ဖြူဝင်းသွားစေမယ့် သဘာဝနည်းလမ်းလေးတွေပဲဖြစ်ပါတယ်။

၁။ သံပရိုရည်

သံပရိုရည်ကို အမည်းကွက်ဖြစ်နေတဲ့နေရာတွေမှာ လိမ်းပြီး စိမ့်ဝင်သွားအောင် အသာအယာနှိပ်နယ်ပေးပါ။ ပြီးရင် ၁ဝမိနစ်ခန့်ထားပြီး ရေနွေးနွေးလေးနဲ့ ပြန်ဆေးလိုက်ပါ။

၂။ စန္ဒကူးနဲ့ နှင်းဆီပေါင်းခံရည် (rose water)

စန္ဒကူးမှုန့်စစ်စစ် (၁)ဇွန်းနဲ့ rose water (၁ဝ) စက်ကိုရောပြီး အနှစ်ဖြစ်အောင်မွှေပါ။ အဲဒီအနှစ်ကို မည်းနေတဲ့နေရာတွေမှာ လိမ်းပြီး အခြောက်ခံထားပါ။ မိနစ် (၂ဝ)လောက်ကြာရင် ရေဆေးလိုက်ပါ။ စန္ဒကူးမှာ အသားအရေကို ဖြူဝင်းချောမွေ့စေတဲ့ဂုဏ်သတ္တိတွေ ရှိနေပါတယ်။ Rose water မှာတော့ အသားအရေမဲညစ်နေတာတွေကို အရောင်ချွတ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိနေပါတယ်။ ဒီနည်းလေးကို တစ်ပတ်မှာ (၃) ကြိမ် ပြုလုပ်ပေးပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ ရှားစောင်းလက်ပပ်အနှစ်

အကောင်းဆုံးရလဒ်ကို လိုချင်ရင်တော့ လတ်ဆတ်တဲ့ ရှားစောင်းလက်ပပ်စစ်စစ်ရဲ့ အနှစ်ကိုသုံးတာအကောင်းဆုံးပါ။ ရှားစောင်းလက်ပပ်အနှစ်ကို မည်းနေတဲ့နေရာတွေမှာ လိမ်းပြီး စိမ့်ဝင်သွားအောင် အသာအယာနှိပ်နယ်ပေးပါ။ မိနစ် (၂ဝ)လောက်ကြာရင် ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ။ ရှားစောင်းလက်ပပ်ဟာ အရေပြားပြဿနာအမျိုးမျိုးအတွက် ကောင်းကျိုးဖြစ်စေနိုင်ပြီး အထူးသဖြင့် အသားအရောင်ကို ညီညာစေပါတယ်။ ရှားစောင်းလက်ပပ်နည်းလမ်းဟာ ဘေးထွက်ဆိုးကျိုး လုံးဝမရှိတာကြောင့် နေ့စဉ်ပြုလုပ်နိုင်ပါတယ်။

၎။ ဘာနဲ့မှမရောထားတဲ့ ဒိန်ချဉ် (plain yogurt)

ဒိန်ချဉ်မှာ အသားအရေကို ဖြူဝင်းစေနိုင်တဲ့ အစွမ်းသတ္တိတွေ အများကြီးရှိပါတယ်။ ဒါတင်မကသေးပါဘူး၊ အသားအရေကို အေးမြစေပြီး ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။ မည်းနေတဲ့နေရာတွေကို ဒိန်ချဉ်လိမ်းပြီး ၁၅မိနစ်လောက်ကြာရင် ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ။ ဒီနည်းလမ်းလေးကို ၂ရက်ခြားတစ်ခါလောက် ပုံမှန်လုပ်သွားပေးပါ။

၅။ လိမ္မော်ရည်နဲ့ နနွင်းမှုန့်

လိမ္မော်ရည် (၂)ဇွန်းနဲ့ နနွင်းမှုန့်အနည်းငယ်ကို ရောမွှေပြီး မည်းနေတဲ့နေရာတွေကို လိမ်းလိုက်ပါ။ မိနစ် (၂ဝ)လောက်ကြာရင် ရေဆေးချလိုက်ပါ။ ဒီနည်းလမ်းလေးကို နေ့တိုင်းပုံမှန်ပြုလုပ်ပေးပါ။

၆။ ကုလားပဲမှုန့်

ကုလားပဲမှုန့်အနည်းငယ်ကို ရေနဲ့ရောပြီး အနှစ်ဖြစ်အောင်မွှေပါ။ အဲဒီအနှစ်ကို မည်းနေတဲ့နေရာတွေမှာ လိမ်းပြီး အခြောက်ခံထားပါ။ ခြောက်သွားပြီဆိုမှ ရေနွေးနွေးလေးနဲ့ ရေဆေးလိုက်ပါ။ ရလဒ်ကောင်းရချင်ရင် ဒီနည်းလမ်းလေးအတိုင်း တစ်ပတ်မှာ (၃)ကြိမ်ပြုလုပ်ပေးပါ။

ဒီသဘာဝနည်းလမ်းတွေကို အသုံးမပြုခင်မှာ သင့်ရဲ့ အသားအရေအမည်းကွက်တွေကို အရင်ကြည့်ပါ။ အရမ်းကြီးမည်းနေတာ၊ မူမမှန်တာ၊ ဒါမှမဟုတ် အရေပြားရောဂါရာဇဝင်တစ်ခုခုရှိနေတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။ အရေးကြီးဆုံးက ဒီနည်းလမ်းတွေကို အသုံးပြုနေချိန်မှာ ခန္ဓာကိုယ်ကို ပက်လက်လှဲလျောင်းနေတဲ့ အနေအထားနဲ့ လိမ်းဖို့ပါပဲ။

ဘေးထွက်ဆိုးကျိုးတွေများတဲ့ ဓာတုဆေးဝါးတွေထက်စာရင် ဒီသဘာဝနည်းလေးတွေက ဆိုးကျိုးမရှိဘဲ ပိုပြီးတော့ ကောင်းကျိုးဖြစ်စေပါတယ်။ ဒီနည်းလမ်းလေးတွေအတိုင်းဆိုရင် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ အမည်းကွက်တွေပျောက်ပြီး သိသိသာသာဖြူဝင်းလာတာကို တွေ့ရပါလိမ့်မယ်။

သင့်အတွက်အသုံးဝင်တယ်ဆိုရင် SHARE ထားလိုက်ပါဦးနော်။