ဘယ်လိုလူတွေက ဗောက်ထနိုင်ခြေ ပိုများတာလဲ

blank
၁။ ဦးရေပြားခြောက်သွေ့လွန်းတဲ့သူတွေ

        ဦးရေပြားခြောက်သွေ့ခြင်းက ဗောက်တွေကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ခန္ဓာကိုယ်နဲ့ မျက်နှာအရေပြားခြောက်သွေ့သူတွေမှာ ဗောက်တွေကို ပိုမိုတွေ့ရတတ်ပါတယ်။

၂။ ဦးရေပြားအဆီပြန်လွန်းတဲ့သူတွေ

ဦးရေပြားအဆီပြန်တယ်ဆိုတာ ဦးရေပြားမှာ အဆီဂလင်းတွေ များပြားစွာပါရှိနေလို့ပါ။ ဦးရေပြားက အဆီတွေရယ်၊ ဖုန်မှုန့်တွေ အညစ်အကြေးတွေ ပေါင်းသွားတဲ့အခါ ဗောက်တွေကို ဖြစ်ပေါ်စေပါတယ်။

၃။ ခေါင်းဖြီးပျင်းတဲ့သူ၊ ဆံပင်ရှင်းရမှာ ပျင်းတဲ့သူတွေ

ခေါင်းကို မဖြီးမရှင်းဘဲ အကြာကြီးထားတာ၊ ခဏခဏခေါင်းဖြီးမပေးဘဲ မသပ်မရပ်ထားတာတွေကလည်း ဗောက်တွေကို ဖြစ်ပေါ်စေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ခေါင်းလျှော်ပျင်းတဲ့သူတွေ

ဆံသားတွေမှာ အဆီတွေ၊ ဆဲလ်သေတွေ၊ ဖုန်မှုန့်တွေ အမြဲလိုကပ်ညိနေတတ်ပါတယ်။ ခေါင်းလျှော်ပျင်းတဲ့အခါ အဲဒီအညစ်အကြေးတွေက ဦးရေပြားမှာစုပုံသွားပြီး ဗောက်ထတတ်ပါတယ်။ ဒါကြောင့် နှစ်ရက်ခြားတစ်ခါတော့ ခေါင်းလျှော်ဖြစ်အောင် လျှော်ပါ။

၅။ ကိုယ်နဲ့မတည့်တဲ့ hair care products တွေကို သုံးနေသူတွေ

အချို့ hair care products တွေဟာ သူများတွေနဲ့ တည့်ချင်တည့်နိုင်ပေမဲ့ ကိုယ့်ရဲ့ဦးရေပြား၊ ဆံသားအမျိုးအစားနဲ့ တည့်ချင်မှ တည့်နိုင်မှာပါ။ ဒါကြောင့် hair care products အသစ်သုံးလိုက်မိလို့ ဗောက်ထလာတယ်ဆိုရင် သုံးစွဲနေတာတွေကို ရပ်လိုက်ဖို့ အကြံပြုပါရစေ။

၆။ စားသောက်မှုပုံစံမမှန်တဲ့သူတွေ

ဇင့်ဓာတ်၊ ဗီတာမင် ဘီ ဓာတ်နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်တွေကို လုံလောက်မျှတစွာ မမှီဝဲမစားသုံးတဲ့သူတွေမှာလည်း ဗောက်ထနိုင်ခြေပိုများပါတယ်။

၇။ မလက်ဆီးဇီးယား (Malassezia) ဆိုတဲ့ မှိုရောဂါရှိနေတဲ့သူတွေ

Malassezia ဆိုတာ ဦးရေပြားမှာ ရှိနေတတ်တဲ့ မှိုတစ်မျိုးပါ။ Malassezia မှိုဟာ ဦးရေပြားကထွက်တဲ့အဆီကို အာဟာရပြုရင်း နေထိုင်ပေါက်ဖွားကြပါတယ်။ Malassezia မှိုကြောင့် ဦးရေပြားမှာ ဆဲလ်သေတွေပိုမိုထွက်လာပြီး ဦးရေပြားကအဆီနဲ့ပေါင်းစပ်ရင်း ဗောက်တွေဖြစ်ပေါ်လာပါတယ်။

နှစ်သက်တယ်ဆိုရင် SHARE ဖို့ မမေ့နဲ့နော်။