ဆံသားလေးတွေ လှပဖို့ နည်းလမ်းတကျ ခေါင်းဖြီးစို့

blank

၁။ ခေါင်းဖြီးတဲ့အခါ ဆံပင်အရင်းကနေ အဖျားကို (အပေါ်ကနေအောက်ကို) ဆွဲပြီး မရှင်းပါနဲ့။ ဒီလိုဖြီးတာက ဆံပင်တွေကို ပိုမိုရှုပ်ထွေးစေပါတယ်။ ဆံပင်အဖျားလေးတွေကိုအရင်ရှင်းပြီးမှ တဖြည်းဖြည်း အပေါ်ဘက်ကို တက်ပြီး ရှင်းရှင်းသွားပါ။

၂။ ခေါင်းလျှော်ပြီးတဲ့အချိန်မှာ ဆံပင်အစိုကို ချက်ချင်း ခေါင်းမဖြီးပါနဲ့။ ဆံပင်ကို အရင်အခြောက်ခံပြီး စိုဖန့်ဖန့်လေးဖြစ်မှ ခေါင်းဖြီးပါ။

၃။ ရှုပ်နေတဲ့ဆံပင်ကို ရှင်းတဲ့အခါ brush ပုံစံခေါင်းဖြီးတွေက ဆံပင်တွေကို ပိုရှုပ်စေပြီး ဆံပင်ပိုကျွတ်စေပါတယ်။ ဒါကြောင့် ရိုးရိုးခေါင်းဖြီးအကျဲနဲ့ အရင်ရှင်းပါ။ ရှင်းသွားပြီဆိုမှ brush ပုံစံ ဝက်မှင်ဘီးနဲ့ ဖြီးပါ။

၎။ ခေါင်းဖြီးတွေကို တစ်ပတ်တစ်ခါ ဆေးကြောပါ။ ခေါင်းဖြီးစိတ်လေးတွေ ကျိုးနေပြီ၊ ကွေးနေပြီဆိုတာနဲ့ ခေါင်းဖြီးအသစ်လဲပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ဆံပင်ကို နောက်လှန်ပြီး ခေါင်းဖြီးနဲ့ရှင်းတာထက် ခေါင်းကို ငုံ့၊ ဆံပင်ကို ရှေ့ချပြီးခေါင်းဖြီးနဲ့ရှင်းတာက ဆံပင်ရှင်းရပိုလွယ်ကူစေပြီး ဦးရေပြားရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

၆။ ဆံပင်တွေ ရှုပ်ပြီး ခေါင်းဖြီးရခက်နေရင် hair coat လေးလိမ်းပြီးမှ ဖြီးပါ။

၇။ ဆံသားတွေကို အာဟာရပြည့်စေပြီး ဆံပင်အရှည်မြန်စေဖို့ တစ်ပတ်မှာ ၂ကြိမ်လောက် ဆံပင်ကို hair essential oil သုံးပါ။ (အလှကုန်ဆိုင်တွေမှာ hair essential oil) ကို ရှာဝယ်လို့ရပါတယ်။

သင့်အတွက်အသုံးဝင်တယ်ဆိုရင် သူငယ်ချင်းတွေအတွက်ပါ SHARE လိုက်ပါဦး။