အသားအရေကို လှပစေနိုင်မယ့်အာဟာရဓာတ်များနှင့် ရရှိနိုင်မယ့် အရင်းအမြစ်များ

blank
၁။ အသားအရေ စိုပြေဖို့ ရေဓာတ်

သစ်သီးဖျော်ရည်တွေ၊ အချိုရည်တွေအပြင် လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ၊ စွပ်ပြုတ်တွေနဲ့ ရေပါဝင်တဲ့ စားစရာတွေကို စားသောက်ခြင်းက အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ကြည်လင်စိုပြေစေနိုင်ပါတယ်။

၂။ အသားအရေကို ပြန်လည်ဖြည့်တင်းပေးနိုင်မယ့် ပရိုတင်းဓာတ်

စနစ်တကျမွေးမြူထုတ်လုပ်ထားတဲ့ အသားတွေမှာ အမိုင်နိုအက်ဆစ်၊ ဗီတာမင် B12၊ ဗီတာမင် D တွေ များပြားစွာပါဝင်ပါတယ်။ အဲဒီအသားတွေအပြင် ပဲအမျိုးမျိုးကနေလည်း အရေပြားရဲ့ ဆဲလ်အသစ်တွေဖြစ်ပေါ်မှုနှုန်းကို မြှင့်တင်ပေးတဲ့ ပရိုတင်းဓာတ်ကို များစွာ ရရှိနိုင်ပါတယ်။

၃။ အပူလောင်ထားတဲ့ဒဏ်ရာတွေအတွက် အဆီများ

ဆာဒင်းငါး၊ တူနာငါး၊ ငါးသလောက် စတဲ့ငါးတွေမှာ ပါဝင်တဲ့ အဆီ၊ ထောပတ်သီးနဲ့ အခြားအစေ့အဆံတွေမှာ ပါဝင်တဲ့ အဆီတွေဟာ အရေပြားလောင်ကျွမ်းဒဏ်ရာတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

၎။ ပျက်စီးနေတဲ့ အသားအရေအတွက် ဗီတာမင် A

ငါးကြီးဆီ၊ beta-carotene ဓာတ်ပါတဲ့ အစိမ်းရောင်နဲ့ အဝါရောင်အသီးအရွက်တွေ၊ မုန်လာဥနီ၊ အာလူး၊ ကြက်သွန်ဖြူနဲ့ ဂျင်းတို့မှာ ပါဝင်တဲ့ ဗီတာမင် A ဓာတ်ဟာ ပျက်စီးခြောက်သွေ့နေတဲ့ အသားအရေကို ပြန်လည်ကောင်းမွန်စေပြီး လှပနုပျိုစေနိုင်ပါတယ်။   ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ ဓာတ်မတည့်တဲ့အသားအရေအတွက် ဗီတာမင် C

သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီး၊ ပန်းသီး၊ အစိမ်းရောင်အရွက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ပန်းငရုပ်ပွသီးတွေမှာပါဝင်တဲ့ ဗီတာမင် C ဓာတ်က ဓာတ်မတည့် (allergy) ဖြစ်တတ်တဲ့ အသားအရေတွေကို ကျန်းမာလှပစေပြီး allergy ထပ်မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၆။ ခြောက်သွေ့တဲ့ အသားအရေအတွက် ဗီတာမင် B အုပ်စု

အသား၊ ငါး၊ မြေပဲ၊ နေကြာစေ့၊ ကြက်ဥ၊ အစိမ်းရောင်အရွက်တွေမှာ အများဆုံးတွေ့ရတတ်တဲ့ ဗီတာမင် B အုပ်စုဟာ အသားအရေခြောက်သွေ့ခြင်းကို လျော့နည်းစေပြီး အသားအရေကို ကြည်လင်စိုပြေစေနိုင်ပါတယ်။

၇။ အသားအရေကို ထိန်းသိမ်းကာကွယ်ပေးမယ့် ဗီတာမင် E

ကြက်ဥ၊ အသည်း၊ အသား၊ အစိမ်းရောင်အရွက်တွေနဲ့ ပန်းဂေါ်ဖီစိမ်းက ရတဲ့ ဗီတာမင် E ဓာတ်ဟာ အသားအရေမပျက်စီးဘဲ လှပနုပျိုအောင် ထိန်းသိမ်းကာကွယ်ပေးနိုင်ပါတယ်။

၈။ ပျက်စီးနေတဲ့အသားအရေကို ပြန်လည်ကုစားဖို့ ဇင့်ဓာတ်

ဖရုံစေ့၊ ခရု၊ အသည်း၊ ကြက်ဥ၊ မက်မွန်သီး၊ သစ်တော်သီးနဲ့ ချောကလက်မှရတဲ့ ဇင့်ဓာတ်က ပျက်စီးနေတဲ့အသားအရေကို ပြန်လည် ကုစားပေးနိုင်ပါတယ်။

မှတ်သားစရာတစ်ခုခုရလိုက်တယ်ဆိုရင် SHARE လိုက်ပါ။