ပန်ဒါမျက်ဝန်းလေးတွေအတွက် အိမ်သုံးဆေးနည်းကောင်းလေးများ

blank
Funny young girl with a mask for skin face and cucumbers on eyes

မနက်အိပ်ရာထလို့ မှန်ကြည့်လိုက်တဲ့အချိန် ပန်ဒါမျက်ဝန်းလေးတွေလို မျက်ကွင်းညိုညိုလေးတွေနဲ့ ကိုယ့်မျက်နှာကိုယ် ကြည့်ပြီး စိတ်ညစ်ရတဲ့အခိုက်အတန့် အလှအပကြိုက်တဲ့ မိန်းကလေးတိုင်းမှာ ရှိပါတယ်။ ဒါပေမဲ့ စိတ်မညစ်ပါနဲ့။ မျက်ကွင်းညိုတတ်တဲ့ ပျိုမေတို့အတွက် အိမ်သုံးနည်းလမ်းကောင်းလေးတွေကို ဂန္ထဝင်မဂ္ဂဇင်းက တင်ဆက်ပေးမှာမို့လို့ပေါ့။

နည်းလမ်း (၁) – ခရမ်းချဉ်သီး

–  ခရမ်းချဉ်သီးအရည်ကို ရှောက်ရည်အနည်းငယ်နဲ့ ရောပြီး မျက်ကွင်းညိုနေတဲ့နေရာမှာ လိမ်းပါ။

– ဆယ်မိနစ်ခန့် လိမ်းထားပြီး ရေအေးနဲ့ ဆေးကြောလိုက်ပါ။

နည်းလမ်း (၂) – ဗာဒံစေ့ဆီ

– ဗာဒံစေ့ဆီအနည်းငယ်ကို မျက်ကွင်းညိုပေါ်မှာ လိမ်းပြီး အသားထဲစိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပါ။

– တစ်ညလုံး လိမ်းထားပြီး မနက်အိပ်ရာထချိန်မှ မျက်နှာသစ်လိုက်ပါ။

နည်းလမ်း (၃) – လိမ္မော်ရည်

– လိမ္မော်ရည်အနည်းငယ်နဲ့ အလှဆီအနည်းငယ်ကို ရောမွှေပြီး မျက်ကွင်းညိုတဲ့နေရာတွေမှာ လိမ်းပါ။

– ဆယ်မိနစ်ခန့်လိမ်းထားပြီးမှ ရေဆေးချလိုက်ပါ။

နည်းလမ်း (၄) – အာလူး

– အာလူးကိုကြိတ်ပြီး အရည်ညှစ်ပါ။

– ဂွမ်းလုံးလေး (၂)လုံးကို အာလူးရည်ဆွတ်ပြီး မျက်ကွင်းနှစ်ဖက်ပေါ်မှာ ဖုံးအုပ်ထားပါ။

– ၁ဝ မိနစ်ခန့် ဖုံးအုပ်ထားပြီးတဲ့နောက် ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

နည်းလမ်း (၅) – လက်ဖက်ထုပ်

– ရေနွေးစိမ်ထားတဲ့ လက်ဖက်ထုပ် (Tea Bag) လေးတွေကို ရေခဲသေတ္တာထဲမှာ ခဏထားပြီး အအေးခံပါ။

– ရေခဲသေတ္တာထဲက ထုတ်ပြီး မျက်ခွံနဲ့ မျက်ကွင်းတွေပေါ်မှာ ၁၅ မိနစ်လောက် ကပ်ပေးပါ။ ပြီးမှ မျက်နှာသစ်လိုက်ပါ။

နည်းလမ်း (၆) – သခွားသီး

– သခွားသီးအဝိုင်းလေးတွေကို ခပ်ထူထူလှီးပြီး ရေခဲသေတ္တာထဲမှာ မိနစ် ၃ဝ ခန့်ထားပါ။

– သခွားသီးအဝိုင်းလေး ၂ခုကို ယူပြီး မျက်ကွင်းပေါ်မှာ အုပ်ထားပါ။

– ၁ဝ မိနစ်ခန့် အုပ်ထားပြီး ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။

နည်းလမ်း (၇) ပူစီနံရွက်

– ပူစီနံရွက်ကို ရေလေးနည်းနည်း ထည့်ပြီး အနှစ်ရအောင် ကြိတ်ပါ။

– အဲဒီအနှစ်ကို မျက်ကွင်းတွေပေါ်မှာ ၁ဝ မိနစ်ခန့် လိမ်းထားပြီးမှ ရေအေးအေးလေးနဲ့ ဆေးချလိုက်ပါ။

နည်းလမ်း (၈) – နွားနို့

– ဂွမ်းလုံးလေး (၂)လုံးကို နွားနို့ခွက်ထဲမှာ စိမ်ထားပါ။

– အဲဒီဂွမ်းလုံးလေး (၂)လုံးကို မျက်ကွင်းပေါ်မှာ ၁၅ မိနစ်ခန့် အုပ်ထားပါ။

– ၁၅ မိနစ်ပြည့်ရင် မျက်နှာသစ်လိုက်ပါ။

နည်းလမ်း (၉) – ဗာဒံ့စေ့နဲ့ နွားနို့

– ဗာဒံစေ့ကို နွားနို့အစိမ်းနဲ့ ရောပြီး အနှစ်ဖြစ်အောင်ကြိတ်ပါ။

– ညိုနေတဲ့ မျက်ကွင်းတွေပေါ်ကို အဲဒီအနှစ်လေးနဲ့ ခပ်ထူထူလေး သုတ်လိမ်းပေးပါ။

– ၁ဝ မိနစ်ခန့်ကြာရင် ရေအေးအေးလေးနဲ့ ဆေးကြောလိုက်ပါ။

နည်းလမ်း (၁ဝ) – ဇာတိပ္ဖိုလ်သီး

  • ဇာတိပ္ဖိုလ်သီးအမှုန့်ကို နွားနို့အနည်းငယ်ရောပြီး အနှစ်ရအောင် ပြုလုပ်ပါ။
  • မျက်ကွင်းတစ်ဝိုက်ကို အဲဒီအနှစ်လေးနဲ့ တစ်ညလုံးလိမ်းထားပါ။
  • မနက်အိပ်ရာနိုးတဲ့အခါမှ မျက်နှာသစ်လိုက်ပါ။

တကယ်ထိရောက်တဲ့ နည်းလမ်းကောင်းလေးတွေဖြစ်တာကြောင့် ပုံမှန်လုပ်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်နော်။

အလှအပရေးရာ ဆောင်းပါးလေးကို လက်ဆင့်ကမ်းပြီး SHARE လိုက်ရအောင်။